ဒါဘီ ပွဲအပြီးမှာ ၂ဖက်အသင်းသားတွေက သိပ်ချစ်နေပြီး ဖက်လဲတကင်းတွေ စကားပြောရင်းလုပ်နေတာကို တွေ့ရတာ ယုံတောင်မယုံနိုင်ဘူး-ရွိုင်ကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပွဲတွေမှာ ဒါဘီပွဲဆိုတာဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပြီးသားပါ။ အဝါကတ်၊ အနီကတ်တွေ ပလူပျံလေ့ရှိသလို နှစ်ဖက်အသင်းသားတွေကြားမှာလည်း မကြာခဏရန်ဖြစ်တာတွေ၊ တွန်းထိုးတာ တွေနဲ့ အမြဲတမ်းအကြိတ်အနယ်ဖြစ်လေ့ရှိတာကို မြို့ခံပြိုင်ဘက် ဒါမှမဟုတ် ဆုဖလားဒါဘီပြိုင်ဘက်ပွဲစဉ်တွေမှာ တွေ့မြင်ရတာ သဘာဝပါပဲ။

ဒါပေမဲ့ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီကတော့ ချစ်ကြည်ရေးဒါဘီလို့ ခေါင်းစဉ်တပ်နိုင်ပြီး နှစ်သင်း စလုံးဟာ ဂိုးသံတွေတိတ်ဆိတ်ခဲ့သလို တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်တဲ့အကြိမ် အရေအတွက် ၂ ကြိမ်စီပဲရှိခဲ့ကြပါတယ်။ ဒါ့အပြင် ပွဲအပြီးမှာ နှစ်ဖက်အသင်းသား တွေနဲ့ နည်းပြအဖွဲ့ဝင်တွေအကြား ရယ်မောပျော်ရွှင်ပြီး စကားပြောရင်း အဝတ်လဲ ခန်းထဲကိုဝင်သွားကြတာက ဒါဟာ ဒါဘီပွဲမှဟုတ်ရဲ့လားလို့ ထင်မှတ်လောက်စရာ ဖြစ်ခဲ့ပါတယ်။

တစ်ချိန်က မန်ယူအသင်းခေါင်းဆောင်ဖြစ်ပြီး အမြဲတမ်းတိုက်ခိုက် ရေးစိတ်ဓာတ်အပြည့်ရှိတဲ့ ရွိုင်ကိန်းတစ်ယောက် ဒီဖြစ်ရပ်တွေအပေါ် မျက်စိဆံပင်မွှေးစူးတာကတော့ မေးနေစရာတောင်မလိုပါဘူး။

Sky Sports ရုပ်သံ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက ပွဲအပြီးမှာ “ဒီပွဲမှာ အဝါကတ် ၂ ကတ်ပဲ ပြသခံခဲ့ရသလို ပွဲအပြီး ဒီလောက်သိပ်ချစ်နေတဲ့ပုံစံမျိုးနဲ့ ဖက်လဲတကင်းတွေပြုလုပ်ရင်း စကားတွေပြောနေတာ ကျွန်တော် တစ်ခါမှမမြင်ဖူး ပါဘူး။ ဘောလုံးပွဲဆိုတာ အနိုင်ရဖို့ကစားကြရမှာပါ။

လီဗာပူးနဲ့ စပါးဟာဆိုရင် ပွဲ တိုင်းကိုအနိုင်ရဖို့ အားထည့်နေချိန်မှာ ဒီပွဲမှာ ကစားကြတဲ့ကစားသမားတွေက သရေအတွက်ကစားနေတာမျိုးတော့ မဖြစ် သင့်ပါဘူး။ ပွဲအပြီးမှာ ပလေယာတွေလုပ်နေတဲ့ပုံစံက ပေါ်ပြူလာဖြစ်ဖို့လောက်ပဲ စဉ်းစားနေတဲ့ပုံစံပါ။

ခင်ဗျားအနေနဲ့ မြို့ခံပြိုင်ဘက်အသင်းတွေကို ကိုယ်စားပြု ယှဉ်ပြိုင်နေတယ်ဆိုတာ သိသင့်ပါတယ်။ အထူးသဖြင့် မန်ယူလိုအသင်းမျိုးဟာ ပွဲတိုင်းကိုအနိုင်ရဖို့ ကြိုးစားရမှာပါ။ လူတိုင်းနဲ့ သူငယ်ချင်းဖြစ်ဖို့၊ ပွေ့ဖက်နှုတ်ဆက်နေဖို့ လုပ်ရမှာမဟုတ်ပါဘူး” လို့ ဝေဖန်ပြောကြားသွားခဲ့ပါ တယ်။

ရွိုင်ကိန်း ပြောကြားသလို ဒီတစ်ခေါက် မန်ချက်စတာဒါဘီဟာ ပွဲရသပိုင်း ဘာမှမပေးနိုင်တဲ့အပြင် ပွဲကစားပုံအေးစက်နေပြီး ၂သင်းစလုံးက မရှုံးအောင်ဘဲ အဓိကဦးတည်ကစားသွားတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။

နဗီးလ်ကလည်း ရွိုင်ကိန်း ပြောခဲ့တာကိုအပြည့်အဝထောက်ခံခဲ့ပြီး နိုင်လိုစိတ်မရှိတဲ့ ယူနိုက်တက်အသင်းသားတွေရဲ့ ကွင်းအတွင်းခြေစွမ်းကို ဝေဖန်ခဲ့ပါတယ်။ “ဒီပွဲမှာ ကစားသွားကြတဲ့နှစ်သင်းစလုံးရဲ့ ခြေစွမ်းဟာ အတော်ကိုစိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ပရိသတ်တွေကွင်းထဲမှာမရှိတာဟာလည်း ပြိုင်ဆိုင်လိုစိတ်ကျဆင်းခဲ့တဲ့ အကြောင်းအရာတွေထဲကတစ်ခုဖြစ်ပါလိမ့်မယ့်၊ ဒါပေမဲ့ ဒီပွဲဟာ စိတ်လှုပ်ရှားစားကောင်းပြီး ခွန်အားအပြည့်နဲ့ ယှဉ်ပြိုင်ကြတဲ့ ပရီမီးယားလိဂ်ပြိုင်ပွဲပုံစံမဟုတ်ခဲ့တဲ့အတွက် အတော်ကိုကြည့်ရတာအဆင်မပြေပါဘူး။

ဒီပွဲမှာ ကျွန်တော်အံသြမိတာက စီးတီးရဲ့ ကစားဟန်ပါပဲ အရင်ပွဲတွေနဲ့ မတူဘဲ အတော်ကို ပျင်းစရာကောင်းတယ်ဗျ။ ဒီပွဲမှာ ကျွန်တော်တွေ့ခဲ့ရတာ ဂွာဒီယိုလာနဲ့ မန်စီးတီးအစစ်မဟုတ်ဘူး”လို့ပြောသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒါဘီ ပြဲအၿပီးမွာ ၂ဖက္အသင္းသားေတြက သိပ္ခ်စ္ေနၿပီး ဖက္လဲတကင္းေတြ စကားေျပာရင္းလုပ္ေနတာကို ေတြ႕ရတာ ယံုေတာင္မယံုႏိုင္ဘူး-ရြိဳင္ကိန္း

ေဘာလံုးပဲြေတြမွာ ဒါဘီပြဲဆိုတာဟာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ အဓိပၸာယ္ကိုေဖာ္ေဆာင္ၿပီးသားပါ။ အ၀ါကတ္၊ အနီကတ္ေတြ ပလူပ်ံေလ့ရွိသလို ႏွစ္ဖက္အသင္းသားေတြၾကားမွာလည္း မၾကာခဏရန္ျဖစ္တာေတြ၊ တြန္းထိုးတာ ေတြနဲ႔ အၿမဲတမ္းအႀကိတ္အနယ္ျဖစ္ေလ့ရွိတာကို ၿမိဳ႕ခံၿပိဳင္ဘက္ ဒါမွမဟုတ္ ဆုဖလားဒါဘီၿပိဳင္ဘက္ပြဲစဥ္ေတြမွာ ေတြ႕ျမင္ရတာ သဘာ၀ပါပဲ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီကေတာ့ ခ်စ္ၾကည္ေရးဒါဘီလို႔ ေခါင္းစဥ္တပ္ႏိုင္ၿပီး ႏွစ္သင္း စလံုးဟာ ဂိုးသံေတြတိတ္ဆိတ္ခဲ့သလို တစ္ပြဲလံုးမွာ ဂိုးေပါက္တည့္တဲ့အႀကိမ္ အေရအတြက္ ၂ ႀကိမ္စီပဲရွိခဲ့ၾကပါတယ္။ ဒါ့အျပင္ ပြဲအၿပီးမွာ ႏွစ္ဖက္အသင္းသား ေတြနဲ႔ နည္းျပအဖြဲ႕၀င္ေတြအၾကား ရယ္ေမာေပ်ာ္ရႊင္ၿပီး စကားေျပာရင္း အ၀တ္လဲ ခန္းထဲကို၀င္သြားၾကတာက ဒါဟာ ဒါဘီပြဲမွဟုတ္ရဲ႕လားလို႔ ထင္မွတ္ေလာက္စရာ ျဖစ္ခဲ့ပါတယ္။

တစ္ခ်ိန္က မန္ယူအသင္းေခါင္းေဆာင္ျဖစ္ၿပီး အၿမဲတမ္းတိုက္ခိုက္ ေရးစိတ္ဓာတ္အျပည့္ရွိတဲ့ ရြိဳင္ကိန္းတစ္ေယာက္ ဒီျဖစ္ရပ္ေတြအေပၚ မ်က္စိဆံပင္ေမႊးစူးတာကေတာ့ ေမးေနစရာေတာင္မလိုပါဘူး။

Sky Sports ရုပ္သံ အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ရြိဳင္ကိန္းက ပြဲအၿပီးမွာ “ဒီပြဲမွာ အ၀ါကတ္ ၂ ကတ္ပဲ ျပသခံခဲ့ရသလို ပြဲအၿပီး ဒီေလာက္သိပ္ခ်စ္ေနတဲ့ပံုစံမ်ဳိးနဲ႔ ဖက္လဲတကင္းေတြျပဳလုပ္ရင္း စကားေတြေျပာေနတာ ကၽြန္ေတာ္ တစ္ခါမွမျမင္ဖူး ပါဘူး။ ေဘာလံုးပြဲဆိုတာ အႏိုင္ရဖို႔ကစားၾကရမွာပါ။ လီဗာပူးနဲ႔ စပါးဟာဆိုရင္ ပြဲ တိုင္းကိုအႏိုင္ရဖို႔ အားထည့္ေနခ်ိန္မွာ ဒီပြဲမွာ ကစားၾကတဲ့ကစားသမားေတြက သေရအတြက္ကစားေနတာမ်ဳိးေတာ့ မျဖစ္ သင့္ပါဘူး။ ပြဲအၿပီးမွာ ပေလယာေတြလုပ္ေနတဲ့ပံုစံက ေပၚျပဴလာျဖစ္ဖို႔ေလာက္ပဲ စဥ္းစားေနတဲ့ပံုစံပါ။ ခင္ဗ်ားအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းေတြကို ကိုယ္စားျပဳ ယွဥ္ၿပိဳင္ေနတယ္ဆုိတာ သိသင့္ပါတယ္။ အထူးသျဖင့္ မန္ယူလိုအသင္းမ်ဳိးဟာ ပြဲတိုင္းကိုအႏိုင္ရဖို႔ ႀကိဳးစားရမွာပါ။ လူတိုင္းနဲ႔ သူငယ္ခ်င္းျဖစ္ဖုိ႔၊ ေပြ႕ဖက္ႏႈတ္ဆက္ေနဖို႔ လုပ္ရမွာမဟုတ္ပါဘူး” လို႔ ေ၀ဖန္ေျပာၾကားသြားခဲ့ပါ တယ္။

ရြိဳင္ကိန္း ေျပာၾကားသလို ဒီတစ္ေခါက္ မန္ခ်က္စတာဒါဘီဟာ ပဲြရသပိုင္း ဘာမွမေပးႏိုင္တဲ့အျပင္ ပြဲကစားပံုေအးစက္ေနၿပီး ၂သင္းစလံုးက မရႈံးေအာင္ဘဲ အဓိကဦးတည္ကစားသြားတဲ့ပံုစံမ်ဳိးျဖစ္ေနခဲ့ပါတယ္။ နဗီးလ္ကလည္း ရြိဳင္ကိန္း ေျပာခဲ့တာကိုအျပည့္အဝေထာက္ခံခဲ့ၿပီး ႏိုင္လိုစိတ္မရွိတဲ့ ယူႏိုက္တက္အသင္းသားေတြရဲ႕ ကြင္းအတြင္းေျခစြမ္းကို ေဝဖန္ခဲ့ပါတယ္။ “ဒီပြဲမွာ ကစားသြားၾကတဲ့ႏွစ္သင္းစလံုးရဲ႕ ေျခစြမ္းဟာ အေတာ္ကိုစိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ ပရိသတ္ေတြကြင္းထဲမွာမရွိတာဟာလည္း ျပိဳင္ဆိုင္လိုစိတ္က်ဆင္းခဲ့တဲ့ အေၾကာင္းအရာေတြထဲကတစ္ခုျဖစ္ပါလိမ့္မယ့္၊ ဒါေပမဲ့ ဒီပြဲဟာ စိတ္လႈပ္ရွားစားေကာင္းၿပီး ခြန္အားအျပည့္နဲ႕ ယွဥ္ျပိဳင္ၾကတဲ့ ပရီမီးယားလိဂ္ျပိဳင္ပြဲပံုစံမဟုတ္ခဲ့တဲ့အတြက္ အေတာ္ကိုၾကည့္ရတာအဆင္မေျပပါဘူး။ ဒီပြဲမွာ ကၽြန္ေတာ္အံၾသမိတာက စီးတီးရဲ႕ ကစားဟန္ပါပဲ အရင္ပြဲေတြနဲ႕ မတူဘဲ အေတာ္ကို ပ်င္းစရာေကာင္းတယ္ဗ်။ ဒီပြဲမွာ ကၽြန္ေတာ္ေတြ႕ခဲ့ရတာ ဂြာဒီယိုလာနဲ႕ မန္စီးတီးအစစ္မဟုတ္ဘူး”လို႕ေျပာသြားခဲ့ပါတယ္။