အပြာသရုပ်ဆောင်ဟောင်းတစ်ယောက်ကို ဒါရိုက်တာအဖြစ်ခန့်အပ်လိုက်တဲ့ ဝက်စ်ဟမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

1990ဝန်းကျင်က နာမည်ကျော် pretty woman ရုပ်ရှင်ကားတစ်ကားထဲက မင်းသမီးတစ်ယောက်ရဲ့ဘဝလို အပြောင်းအလဲဖြစ်လာစေတဲ့ ဇာတ်လမ်းမျိုး အပြင်တစ်ကယ့်ဘဝမှာ ရှိလာနိုင်တယ်ဆိုရင်ယုံနိုင်ပါ့မလား။ အပြာရုပ်ရှင်သရုပ်ဆောင်ဟောင်းဖြစ်တဲ့ အိဗ်ဗော်လေကတော့ လက်တွေ့ဘဝမှာ ရုပ်ရှင်ထဲက ဂျူလီယာရောဘတ်လို အပြောင်းအလဲဖြစ်လာအောင် ဆွဲခေါ်ပေးမယ့် သူနဲ့တွေဆုံခဲ့ပြီး ဘဝဟာ ပြောင်းလဲလာခဲ့ပါပြီ။

သူကတော့ ဝက်စ်ဟမ်းအသင်းရဲ့ ပူးတွဲ ဥက္ကဌ ဒေးဗစ်ဆူလေဗန်ဖြစ်ပါတယ်။ အခုဆိုရင် အိဗ်ဗော်လေကို ဝက်စ်ဟမ်းအသင်းရဲ့ဘုတ်အဖွဲ့ထဲမှာထည့်သွင်းပြီး ဒါရိုက်တာအဖြစ်ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။

ဗော်လေဟာ အပြာရုပ်ရှင်ဒါရိုက်တာဟောင်း တစ်ဦး လည်းဖြစ်ပြီး Lesbian Student Nurses၊ Nude Wives ၊ Naked Neighbours အစရှိတဲ့ အပြာရုပ်ရှင်တွေ မှာပါဝင်ခဲ့ကာ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းအထိသရုပ်ဆောင်လုပ်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ‘Horny Housewives on the Job နဲ့ S e x Mad Secretaries တို့လိုရုပ်ရှင်တွေကို ဒါရိုက်တာအဖြစ်ရိုက် ကူးခဲ့သူပါ။ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဗော်လေရဲ့နာမည်အရင်းက အမ်မာဘန်တန်ဟုချ် ဖြစ်ပြီး ဝက်စ်ဟမ်းပူး တွဲ ဥက္ကဌ ဒေးဗစ်ဆူလေဗန်ရဲ့အတူနေချစ်သူလည်းဖြစ်ပါတယ်။

ဗော်လေဟာ လန်ဒန်ကွင်းမှာရှိတဲ့ ဝက်စ်ဟမ်း ရဲ့ပွဲတွေကို ဂိုးလ်နဲ့အတူ မကြာခဏလာရောက် ကြည့်ရှု့ခဲ့သူလည်းဖြစ်ပြီး အခုတော့ ဒါရိုက်တာတစ်ယောက်အ ဖြစ်ခန့်အပ်ခံလိုက်ရတာပါ။

ဝက်စ်ဟမ်းအသင်းရဲ့စီမံခန့်ခွဲမှုတွေမှာ အရင်ကတည်းက ပါဝင်ပတ်သက်ခဲ့တဲ့ ဗော်လေဟာ ဆူလေဗန်ရဲ့ ကိုယ်ပွားတစ်ဦးအဖြစ်လည်း လူသိများပါတယ်။

အခုလို ဝက်စ်ဟမ်းဘုတ်အဖွဲ့မှာ ပါဝင်လာတာကလည်း ဆူ လေဗန်ကိုယ်တိုင်က ဗော်လေနဲ့ တွဲပြီး အပြာရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားမှုနဲ့လည်း သက်ဆိုင်မယ်လို့ ဆိုကြပါတယ်။ ဆူလေဗန်ကိုယ်တိုင်ကလည်း အရင်တုန်းက အပြာသရုပ်ဆောင် တစ်ဦးဖြစ် တယ်လို့ သိရပါတယ်။

အခုလိုမျိုး ပွန်းစတားဟောင်း တစ်ယောက်က ကလပ်ရဲ့ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ မှုအပေါ် ပရိသတ်တွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာစိတ်ဝင်စားဖို့ ကောင်းနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဗော်လေနဲ့အတူ ဆူလေဗန်ရဲ့သားဖြစ်တဲ့ ဂျက် ဟာလည်းကလပ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံ ခဲ့ရပါတယ်။ ဂျက်ဟာ လက်ရှိမှာ ကလပ်အမျိုးသမီးအသင်းရဲ့ မန်နေဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး သူ့အနေနဲ့ ဖခင်အရှိန်အဝါကြောင့် အခုလိုနေရာ ရတာမဟုတ်ဘဲ ခက်ခဲစွာကြိုးစားခဲ့ရတာလို့ ဆိုခဲ့ပါ တယ်။

သူက” အားလုံးကတော့ ကျွန်တော့် ငွေဇွန်းကိုက်ပြီးမွေးလာသူလို့ဘဲ မြင်ကြတာပါ။ ဒါပေမယ့် ကျွန် တော်ဟာ အားလုံးထက်ကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရတာပါ။ ကျွန်တော့်အဖေကိုယ်တိုင်ကလည်း အငှား အိမ်ယာမှာ နေထိုင်ခဲ့ရပြီး သူကြိုးစားမှုကြောင့်သာ အခုလို ဘီလီယံတန်တဲ့ အင်ပါယာတည်ဆောက်နိုင်ခဲ့တာ ပါ” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဝက္စ္ဟမ္းအသင္းဟာ အျပာ႐ုပ္ရွင္သ႐ုပ္ေဆာင္ေဟာင္းျဖစ္တဲ့ အိဗ္ေဗာ္ေလကို ကလပ္ရဲ႕ဘုတ္အဖြဲ႕ထဲမွာထည့္ သြင္းၿပီး ဒါ႐ိုက္တာအျဖစ္ခန႔္အပ္ခဲ့ေၾကာင္း သိရပါတယ္။ ေဗာ္ေလဟာ အျပာ႐ုပ္ရွင္ဒါ႐ိုက္တာေဟာင္း တစ္ဦး လည္းျဖစ္ၿပီး Lesbian Student Nurses၊ Nude Wives ၊ Naked Neighbours အစရွိတဲ့ အျပာ႐ုပ္ရွင္ေတြ မွာပါဝင္ခဲ့ကာ ၁၉၉၀ ျပည့္လြန္ႏွစ္ေတြနဲ႔ ၂၀၀၀ ျပည့္ႏွစ္အေစာပိုင္းအထိသ႐ုပ္ေဆာင္လုပ္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ ‘Horny Housewives on the Job နဲ႔ S e x Mad Secretaries တို႔လို႐ုပ္ရွင္ေတြကို ဒါ႐ိုက္တာအျဖစ္႐ိုက္ ကူးခဲ့သူပါ။

အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေဗာ္ေလရဲ႕နာမည္အရင္းက အမ္မာဘန္တန္ဟုခ်္ ျဖစ္ၿပီး ဝက္စ္ဟမ္းပူး တြဲ ဥကၠဌ ေဒးဗစ္ဆူေလဗန္ရဲ႕အတူေနခ်စ္သူလည္းျဖစ္ပါတယ္။ ေဗာ္ေလဟာ လန္ဒန္ကြင္းမွာရွိတဲ့ ဝက္စ္ဟမ္း ရဲ႕ပြဲေတြကို ဂိုးလ္နဲ႔အတူ မၾကာခဏလာေရာက္ ၾကည့္ရႈ႕ခဲ့သူလည္းျဖစ္ၿပီး အခုေတာ့ ဒါ႐ိုက္တာတစ္ေယာက္အ ျဖစ္ခန႔္အပ္ခံလိုက္ရတာပါ။ ဝက္စ္ဟမ္းအသင္းရဲ႕စီမံခန႔္ခြဲမႈေတြမွာ အရင္ကတည္းက ပါဝင္ပတ္သက္ခဲ့တဲ့ ေဗာ္ေလဟာ ဆူေလဗန္ရဲ႕ ကိုယ္ပြားတစ္ဦးအျဖစ္လည္း လူသိမ်ားပါတယ္။

အခုလို ဝက္စ္ဟမ္းဘုတ္အဖြဲ႕မွာ ပါဝင္လာတာကလည္း ဆူ ေလဗန္ကိုယ္တိုင္က ေဗာ္ေလနဲ႔ တြဲၿပီး အျပာ႐ုပ္ရွင္ထုတ္လုပ္ေရးလုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံထားမႈနဲ႔လည္း သက္ဆိုင္မယ္လို႔ ဆိုၾကပါတယ္။ ဆူေလဗန္ကိုယ္တိုင္ကလည္း အရင္တုန္းက အျပာသ႐ုပ္ေဆာင္ တစ္ဦးျဖစ္ တယ္လို႔ သိရပါတယ္။ အခုလိုမ်ိဳး ပြန္းစတားေဟာင္း တစ္ေယာက္က ကလပ္ရဲ႕ဒါ႐ိုက္တာအျဖစ္ တာဝန္ယူခဲ့ မႈအေပၚ ပရိသတ္ေတြက ဘယ္လိုတုံ႔ျပန္မလဲ ဆိုတာစိတ္ဝင္စားဖို႔ ေကာင္းေနတယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပပါတယ္။

ေဗာ္ေလနဲ႔အတူ ဆူေလဗန္ရဲ႕သားျဖစ္တဲ့ ဂ်က္ ဟာလည္းကလပ္ဒါ႐ိုက္တာအျဖစ္ ခန႔္အပ္ခံ ခဲ့ရပါတယ္။ ဂ်က္ဟာ လက္ရွိမွာ ကလပ္အမ်ိဳးသမီးအသင္းရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာအျဖစ္ ေဆာင္႐ြက္ေနသူ ျဖစ္ၿပီး သူ႔အေနနဲ႔ ဖခင္အရွိန္အဝါေၾကာင့္ အခုလိုေနရာ ရတာမဟုတ္ဘဲ ခက္ခဲစြာႀကိဳးစားခဲ့ရတာလို႔ ဆိုခဲ့ပါ တယ္။ သူက” အားလုံးကေတာ့ ကြၽန္ေတာ့္ ေငြဇြန္းကိုက္ၿပီးေမြးလာသူလို႔ဘဲ ျမင္ၾကတာပါ။ ဒါေပမယ့္ ကြၽန္ ေတာ္ဟာ အားလုံးထက္ကို ျပင္းျပင္းထန္ထန္ႀကိဳးစားခဲ့ရတာပါ။ ကြၽန္ေတာ့္အေဖကိုယ္တိုင္ကလည္း အငွား အိမ္ယာမွာ ေနထိုင္ခဲ့ရၿပီး သူႀကိဳးစားမႈေၾကာင့္သာ အခုလို ဘီလီယံတန္တဲ့ အင္ပါယာတည္ေဆာက္ႏိုင္ခဲ့တာ ပါ” လို႔ေျပာသြားပါတယ္။