ဒါလော့ကို ရိုးမားအသင်းထံခေါ်ချင်နေတဲ့ မော်ရင်ဟို

လက်ရှိ ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ ယူနိုက်တက် နည်းပြဟောင်း

မော်ရင်ဟိုကတော့ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဒါလော့ကို ၎င်းရဲ့

အသင်းထံ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

ဒါလော့ဟာ ဇန်နဝါရီမှာ အသင်းကနေ အငှားထွက်ခွာဖွယ်ရှိနေသလို

ရိုးမားအသင်းကလည်း အဆိုပါ ကစားကို အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပါတယ်။

အသက် (၂၂) နှစ်အရွယ် နောက်ခံလူ ဒါလော့ဟာ ပြီးခဲ့တဲ့ ရာသီမှာ

အေစီမီလန်အသင်းထံ အငှားထွက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့လို့

ယူနိုက်တက်အသင်းရဲ့ ပြန်လည်ခေါ်ယူချင်းကို ခံထားရပေမယ့်

ဒီရာသီမှာ ပြိုင်ပွဲစုံ (၆) ပွဲသာ ကစားထားရပါတယ်။

ရိုးမား နည်းပြ မော်ရင်ဟိုက လက်ရှိသူ့အသင်းရဲ့ ညာနောက်ခံလူနေရာမှာ

ဥရောပ ပြိုင်ပွဲအတွေ့အကြုံကောင်းတွေရှိတဲ့ ခံစစ်ကစားသမားတစ်ယောက်ကို

အလိုရှိနေပြီး တပည့်ဟောင်း ဒါလော့ကို အသင်းထံ ခေါ်ဖို့ မျက်စိကျနေတာပါ။

ဒါလော့အနေနဲ့ကလည်း ကလပ်အသင်းမှာ အရန်ခုံထိုင်နေရပြီး နိုင်ငံအသင်းမှာတော့

ပုံမှန်ပွဲထွက်ခွင့်ရကာ ခြေစွမ်းကောင်း ပြသထားနိုင်ပြီး လာမယ့် ဇန်နဝါရီမှာ

စီးရီးအေကို တကျော့ပြန် ခြေချဖြစ်မလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

zawgyi

ဒါေလာ့ကို ႐ိုးမားအသင္းထံေခၚခ်င္ေနတဲ့ ေမာ္ရင္ဟို

လက္ရွိ ႐ိုးမားအသင္းကို ကိုင္တြယ္ေနတဲ့ ယူႏိုက္တက္ နည္းျပေဟာင္း

ေမာ္ရင္ဟိုကေတာ့ ယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူ ဒါေလာ့ကို ၎ရဲ႕

အသင္းထံ ေခၚယူဖို႔ ဆႏၵရွိေနပါတယ္။

ဒါေလာ့ဟာ ဇန္နဝါရီမွာ အသင္းကေန အငွားထြက္ခြာဖြယ္ရွိေနသလို

႐ိုးမားအသင္းကလည္း အဆိုပါ ကစားကို အငွားနဲ႔ ေခၚယူဖို႔ ပစ္မွတ္ထားလို႔ေနပါတယ္။

အသက္ (၂၂) ႏွစ္အ႐ြယ္ ေနာက္ခံလူ ဒါေလာ့ဟာ ၿပီးခဲ့တဲ့ ရာသီမွာ

ေအစီမီလန္အသင္းထံ အငွားထြက္ကစားၿပီး ေျခစြမ္းျပသႏိုင္ခဲ့လို႔

ယူႏိုက္တက္အသင္းရဲ႕ ျပန္လည္ေခၚယူခ်င္းကို ခံထားရေပမယ့္

ဒီရာသီမွာ ၿပိဳင္ပြဲစုံ (၆) ပြဲသာ ကစားထားရပါတယ္။

႐ိုးမား နည္းျပ ေမာ္ရင္ဟိုက လက္ရွိသူ႔အသင္းရဲ႕ ညာေနာက္ခံလူေနရာမွာ

ဥေရာပ ၿပိဳင္ပြဲအေတြ႕အႀကဳံေကာင္းေတြရွိတဲ့ ခံစစ္ကစားသမားတစ္ေယာက္ကို

အလိုရွိေနၿပီး တပည့္ေဟာင္း ဒါေလာ့ကို အသင္းထံ ေခၚဖို႔ မ်က္စိက်ေနတာပါ။

ဒါေလာ့အေနနဲ႔ကလည္း ကလပ္အသင္းမွာ အရန္ခုံထိုင္ေနရၿပီး ႏိုင္ငံအသင္းမွာေတာ့

ပုံမွန္ပြဲထြက္ခြင့္ရကာ ေျခစြမ္းေကာင္း ျပသထားႏိုင္ၿပီး လာမယ့္ ဇန္နဝါရီမွာ

စီးရီးေအကို တေက်ာ့ျပန္ ေျခခ်ျဖစ္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။