ဒါလော့နဲ့ ဆန့်ကျင်ဘက် အမှားတွေလုပ်နေဆဲဖြစ်တဲ့ လင်ဒီလော့ဖ်

မနေ့ညက ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ပွဲစဥ်ကိုတွေ ကျင်းပခဲ့ပြီး အိုင်ယာလန်

အသင်း နဲ့ ပေါ်တူဂီ အသင်းတို့ပွဲစဥ်မှာ ဂိုးမရှိသရေကျခဲ့ကာ ဂျော်ဂျီယာအသင်း နဲ့
ဆွီဒင် အသင်းတို့ပွဲစဥ်မှာတော့ ဆွီဒင်အသင်းက နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။
အဆိုပါပွဲစဥ် နှစ်ပွဲမှာ ယူနိုက်တက် ခံစစ်ကစားတွေဖြစ်တဲ့ ဒါလော့က ပေါ်တူဂီ
အသင်းအတွက် ပွဲချိန်ပြည့်ကစားပေးခဲ့သလို လင်ဒီလော့ဖ်ကလည်း

ဆွီဒင်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး မတူညီတဲ့ ဆန့်ကျင်ဘက်

ခြေစွမ်းတွေကို ပြသခဲ့ကြပါတယ်။

ဒါလော့ဟာ ပေါ်တူဂီအသင်းအတွက်အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး

ကစားဖော် ပီပီ အနီကဒ်ပြသခံရပြီးနောက်တစ်ယောက်လျော့သွားတဲ့ အနေအထားမှာ

ခံစစ်ကို ယိမ်းယိုင်မသွားအောင်အကောင်းဆုံး ထိန်းကျောင်းကစားနိုင်ခဲ့ပြီးအရေးပါတဲ့

ဖျက်ထုတ်မှုတွေကိုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲက ဒါလော့ရဲ့ ခြေစွမ်းအပေါ်

ယူနိုက်တက် နဲ့ပေါ်တူဂီ အသင်း ပရိသတ်တွေကလည်း ချီးကျူးခဲ့ကြပြီး အပြုသဘောဆောင်တဲ့

ဝေဖန်မှုတွေကိုသာ ရရှိခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ်ဟာ ဆွီဒင်အသင်းမှာ

ဆိုးရွားတဲ့ ခြေစွမ်းကို ပြသသွားခဲ့ပြီး အသင်းရဲ့ ပေးလိုက်ရတဲ့ ဂိုးတွေမှာ
သူ့ရဲ့ အမှားတွေကလည်း ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။


လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းအပေါ် ဆွီဒင် ပရိသတ်တွေကလည်း စိတ်ပျက်လက်ပျက်

ဖြစ်ခဲ့ကြပြီး ကစားသမားအပေါ် အပြစ်တင်ဝေဖန်သံတွေ ဆူညံခဲ့ရပါတယ်။

လင်ဒီလော့်ဖ်ဟာ ယူနိုက်တက်အသင်းမှာလည်း ဗာရန်း ဒဏ်ရာရနေစဥ်
ပုံမှန်ပွဲထွက်ခွင့်ရရှိထားပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်းပြသနိုင်ဖို့တော့
ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဒါလော့ကတော့ နိုင်ငံအသင်းမှာ ခြေစွမ်းကောင်းတွေ
ဆက်တိုက်ပြသထားပေမယ့် ယူနိုက်တက်မှာတော့ အရန်ခုံမှာသာ

အချိန်ကုန်နေရတာဖြစ်ပါတယ်။

Zawgyi

ဒါေလာ့နဲ႔ ဆန႔္က်င္ဘက္ အမွားေတြလုပ္ေနဆဲျဖစ္တဲ့ လင္ဒီေလာ့ဖ္

မေန႔ညက ကမာၻ႔ဖလားေျခစစ္ပြဲ (ဥေရာပဇုန္) ပြဲစဥ္ကိုေတြ က်င္းပခဲ့ၿပီး အိုင္ယာလန္
အသင္း နဲ႔ ေပၚတူဂီ အသင္းတို႔ပြဲစဥ္မွာ ဂိုးမရွိသေရက်ခဲ့ကာ ေဂ်ာ္ဂ်ီယာအသင္း နဲ႔
ဆြီဒင္ အသင္းတို႔ပြဲစဥ္မွာေတာ့ ဆြီဒင္အသင္းက ႏွစ္ဂိုးျပတ္အေရးနိမ့္ခဲ့ရပါတယ္။
အဆိုပါပြဲစဥ္ ႏွစ္ပြဲမွာ ယူႏိုက္တက္ ခံစစ္ကစားေတြျဖစ္တဲ့ ဒါေလာ့က ေပၚတူဂီ
အသင္းအတြက္ ပြဲခ်ိန္ျပည့္ကစားေပးခဲ့သလို လင္ဒီေလာ့ဖ္ကလည္း

ဆြီဒင္အသင္းအတြက္ ပါဝင္ကစားေပးခဲ့ၿပီး မတူညီတဲ့ ဆန္႔က်င္ဘက္
ေျခစြမ္းေတြကို ျပသခဲ့ၾကပါတယ္။ ဒါေလာ့ဟာ ေပၚတူဂီအသင္းအတြက္
အေကာင္းဆုံး ေျခစြမ္းျပႏိုင္ခဲ့ၿပီး ကစားေဖာ္ ပီပီ အနီကဒ္ျပသခံရၿပီးေနာက္
တစ္ေယာက္ေလ်ာ့သြားတဲ့ အေနအထားမွာ ခံစစ္ကို ယိမ္းယိုင္မသြားေအာင္
အေကာင္းဆုံး ထိန္းေက်ာင္းကစားႏိုင္ခဲ့ၿပီးအေရးပါတဲ့ ဖ်က္ထုတ္မႈေတြကိုလည္း

ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အဆိုပါ ပြဲက ဒါေလာ့ရဲ႕ ေျခစြမ္းအေပၚ ယူႏိုက္တက္ နဲ႔
ေပၚတူဂီ အသင္း ပရိသတ္ေတြကလည္း ခ်ီးက်ဴးခဲ့ၾကၿပီး အျပဳသေဘာေဆာင္တဲ့
ေဝဖန္မႈေတြကိုသာ ရရွိခဲ့တာျဖစ္ပါတယ္။
တစ္ဖက္မွာေတာ့ ယူႏိုက္တက္ ေနာက္ခံလူ လင္ဒီေလာ့ဖ္ဟာ ဆြီဒင္အသင္းမွာ
ဆိုး႐ြားတဲ့ ေျခစြမ္းကို ျပသသြားခဲ့ၿပီး အသင္းရဲ႕ ေပးလိုက္ရတဲ့ ဂိုးေတြမွာ

သူ႔ရဲ႕ အမွားေတြကလည္း ပါဝင္ပတ္သက္ခဲ့တာျဖစ္ပါတယ္။
လင္ဒီေလာ့ဖ္ရဲ႕ ေျခစြမ္းအေပၚ ဆြီဒင္ ပရိသတ္ေတြကလည္း စိတ္ပ်က္လက္ပ်က္
ျဖစ္ခဲ့ၾကၿပီး ကစားသမားအေပၚ အျပစ္တင္ေဝဖန္သံေတြ ဆူညံခဲ့ရပါတယ္။
လင္ဒီေလာ့္ဖ္ဟာ ယူႏိုက္တက္အသင္းမွာလည္း ဗာရန္း ဒဏ္ရာရေနစဥ္
ပုံမွန္ပြဲထြက္ခြင့္ရရွိထားေပမယ့္ တည္ၿငိမ္တဲ့ ေျခစြမ္းျပသႏိုင္ဖို႔ေတာ့

႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။ ဒါေလာ့ကေတာ့ ႏိုင္ငံအသင္းမွာ ေျခစြမ္းေကာင္းေတြ
ဆက္တိုက္ျပသထားေပမယ့္ ယူႏိုက္တက္မွာေတာ့ အရန္ခုံမွာသာ
အခ်ိန္ကုန္ေနရတာျဖစ္ပါတယ္။