ဒိန်းမတ်က ဝေးလ်ကို (၄) ဂိုးပြတ် အနိုင်ရပြီးနောက် ဆေးရုံပေါ်ကနေ အောင်ပွဲခံခဲ့တဲ့ အဲရစ်ဆင်

ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ကတော့ မနေ့ညက ကစားခဲ့တဲ့ ယူရို (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာ သူ့ရဲ့ ဒိန်းမတ်အသင်းက ဝေးလ်အသင်းကို (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိပြီးနောက် ဆေးရုံပေါ်မှာ အောင်ပွဲခံသွားခဲ့ပါတယ်။

ဒိန်းမတ်အသင်းဟာ ဒိုးလ်ဘတ်ရဲ့ (၂၇) မိနစ် နဲ့ (၄၈) မိနစ်က သွင်းဂိုး (၂) ဂိုး၊ မေလာရဲ့ (၈၈) မိနစ်က သွင်းဂိုး နဲ့ ဘရေ့ဝိတ်ရဲ့ (၉၀+၆) မိနစ်က သွင်းဂိုး စတဲ့ သွင်းဂိုး (၄) ဂိုးကြောင့် ဝေးလ်ကို (၄) ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

အသက် (၂၉) နှစ်အရွယ် ဒိန်းမတ် ကွင်းလယ် ဖန်တီးရှင် အဲရစ်ဆင်ဟာ ဖင်လန်အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ လက်ရှိ ယူရို အုပ်စု အဖွင့် ပွဲစဉ်မှာ နှလုံးဖောက်ခဲ့တာကြောင့် လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေရတုန်းပါပဲ။

ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဒိန်းမတ်က ဝေးလ်အသင်းကို (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲပြီး ရလဒ်ပုံနဲ့ အတူ ဆေးရုံပေါ်က လှဲရင်းနဲ့ လက်မထောင်ထားတဲ့ သူ့ရဲ့ ပုံကို အင်စတာဂရမ်မှာ တင်ပြီး နိုင်ပွဲကို အောင်ပွဲခံခဲ့တာပါ။

အဲရစ်ဆင်ဟာ အင်စတာဂရမ်မှာ တင်ထားတဲ့ ပုံနဲ့ အတူ စာကိုလည်း ရေးသားခဲ့ပြီး သူ ရေးသားခဲ့တဲ့ စာကတော့ “ငါတို့ ဒိန်းမတ်အသင်းကတော့ ကွာတား ဖိုင်နယ်ကို ရောက်သွားပါပြီ”လို့ ဂုဏ်ပြု ရေးသားသွားတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာ နှလုံးဖောက်ပြီး ဆေးရုံတက်တာ အခုဆိုရင် (၂) ပတ်ထိ ရှိနေပြီ ဖြစ်ပြီး သူ့ရဲ့ ရောဂါကတော့ တဖြည်းဖြည်း ပြန်လည် သက်သာလာပြီ ဖြစ်တယ်လို့ သတင်း သိရပါတယ်။

ဒိန်းမတ်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၀၄) ခုနှစ်က ယူရို ပြိုင်ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ယူရို ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ်အဆင့်ကို တက်လှမ်းခဲ့ပြီး အဲရစ်ဆင်ကတော့ ဆေးရုံပေါ်ကနေ နိုင်ပွဲကို အောင်ပွဲခံသွားပါတယ်။

ဒိန်းမတ်အသင်းဟာ ဝေးလ်အသင်းကို (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ကွာတား ဖိုင်နယ်ကို တက်လှမ်းခဲ့ပြီ ဖြစ်တာကြောင့် ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ နယ်သာလန်အသင်း ဒါမှမဟုတ် ချက်အသင်းနဲ့ ကစားရပါမယ်။

Zawgyi

ဒိန္းမတ္က ေဝးလ္ကို (၄) ဂိုးျပတ္ အႏိုင္ရၿပီးေနာက္ ေဆး႐ုံေပၚကေန ေအာင္ပြဲခံခဲ့တဲ့ အဲရစ္ဆင္

ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆင္ကေတာ့ မေန႔ညက ကစားခဲ့တဲ့ ယူ႐ို (၁၆) သင္းအဆင့္ ရႈံးထြက္ ပြဲစဥ္မွာ သူ႔ရဲ႕ ဒိန္းမတ္အသင္းက ေဝးလ္အသင္းကို (၄) ဂိုးျပတ္နဲ႔ အႏိုင္ရရွိၿပီးေနာက္ ေဆး႐ုံေပၚမွာ ေအာင္ပြဲခံသြားခဲ့ပါတယ္။

ဒိန္းမတ္အသင္းဟာ ဒိုးလ္ဘတ္ရဲ႕ (၂၇) မိနစ္ နဲ႔ (၄၈) မိနစ္က သြင္းဂိုး (၂) ဂိုး၊ ေမလာရဲ႕ (၈၈) မိနစ္က သြင္းဂိုး နဲ႔ ဘေရ႕ဝိတ္ရဲ႕ (၉၀+၆) မိနစ္က သြင္းဂိုး စတဲ့ သြင္းဂိုး (၄) ဂိုးေၾကာင့္ ေဝးလ္ကို (၄) ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

အသက္ (၂၉) ႏွစ္အ႐ြယ္ ဒိန္းမတ္ ကြင္းလယ္ ဖန္တီးရွင္ အဲရစ္ဆင္ဟာ ဖင္လန္အသင္းကို (၁-ဝ) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ လက္ရွိ ယူ႐ို အုပ္စု အဖြင့္ ပြဲစဥ္မွာ ႏွလုံးေဖာက္ခဲ့တာေၾကာင့္ လက္ရွိမွာေတာ့ ေဆးကုသမႈ ခံယူေနရတုန္းပါပဲ။

ကြင္းလယ္လူ အဲရစ္ဆင္ဟာ ဒိန္းမတ္က ေဝးလ္အသင္းကို (၄) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲၿပီး ရလဒ္ပုံနဲ႔ အတူ ေဆး႐ုံေပၚက လွဲရင္းနဲ႔ လက္မေထာင္ထားတဲ့ သူ႔ရဲ႕ ပုံကို အင္စတာဂရမ္မွာ တင္ၿပီး ႏိုင္ပြဲကို ေအာင္ပြဲခံခဲ့တာပါ။

အဲရစ္ဆင္ဟာ အင္စတာဂရမ္မွာ တင္ထားတဲ့ ပုံနဲ႔ အတူ စာကိုလည္း ေရးသားခဲ့ၿပီး သူ ေရးသားခဲ့တဲ့ စာကေတာ့ “ငါတို႔ ဒိန္းမတ္အသင္းကေတာ့ ကြာတား ဖိုင္နယ္ကို ေရာက္သြားပါၿပီ”လို႔ ဂုဏ္ျပဳ ေရးသားသြားတာ ျဖစ္ပါတယ္။

ကြင္းလယ္လူ အဲရစ္ဆင္ဟာ ဖင္လန္အသင္းနဲ႔ ပြဲစဥ္မွာ ႏွလုံးေဖာက္ၿပီး ေဆး႐ုံတက္တာ အခုဆိုရင္ (၂) ပတ္ထိ ရွိေနၿပီ ျဖစ္ၿပီး သူ႔ရဲ႕ ေရာဂါကေတာ့ တျဖည္းျဖည္း ျပန္လည္ သက္သာလာၿပီ ျဖစ္တယ္လို႔ သတင္း သိရပါတယ္။

ဒိန္းမတ္အသင္းဟာ လြန္ခဲ့တဲ့ (၂၀၀၄) ခုႏွစ္က ယူ႐ို ၿပိဳင္ပြဲ ေနာက္ပိုင္း ပထမဆုံး အႀကိမ္ အျဖစ္ ယူ႐ို ၿပိဳင္ပြဲမွာ ကြာတား ဖိုင္နယ္အဆင့္ကို တက္လွမ္းခဲ့ၿပီး အဲရစ္ဆင္ကေတာ့ ေဆး႐ုံေပၚကေန ႏိုင္ပြဲကို ေအာင္ပြဲခံသြားပါတယ္။

ဒိန္းမတ္အသင္းဟာ ေဝးလ္အသင္းကို (၄) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးတဲ့ေနာက္ ကြာတား ဖိုင္နယ္ကို တက္လွမ္းခဲ့ၿပီ ျဖစ္တာေၾကာင့္ ကြာတား ဖိုင္နယ္ ပြဲစဥ္မွာေတာ့ နယ္သာလန္အသင္း ဒါမွမဟုတ္ ခ်က္အသင္းနဲ႔ ကစားရပါမယ္။