ဒိန်းမတ်နဲ့ပွဲက အနီကတ်အတွက် မက်ဂွိုင်းယားကို ဝေဖန်ပြစ်တင်လိုက်တဲ့ ဂယ်ရီနဗီးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒိန်းမတ်ကိုရှုံးခဲ့တဲ့နေးရှင်းလိဂ်ပွဲတုန်းက အနီကတ်ပြခံခဲ့ရတဲ့ မန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကို မန်ယူနောက်ခံလူဟောင်းဂယ်ရီနဗီးလ်က ဝေဖန်ပြစ်တင်မှုပြုလုပ်လိုက်ပါတယ်။ မက်ဂွိုင်းယားဟာ အဲဒီပွဲမှာ ပထမပိုင်းမိနစ် ၃၀ ကတည်းက ၂ ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူဟာ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့မှာ မက်ဂွိုင်းယားကို ပေါင်သန်း ၈၀ နဲ့ခေါ်ယူခဲ့ပေမယ့် အဲဒီအင်္ဂလန်ဗဟိုနောက်ခံလူဟာ အခုရာသီအစမှာတော့ ခြေစွမ်းပိုင်းအရ ရုန်းကန်နေရပြီး အိုးလ်ထရက်ဖို့ဒ်မှာ စပါးကို ၁-၆ ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာကတည်းက ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ကြုံခဲ့ရတာပါ။ အခုလည်း သူဟာ လက်ရွေးစင်အသင်းမှာလည်း စောစောစီးစီးအထုတ်ခံရလို့ နောက်ထပ်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

”သူ့အတွက် ဆိုးရွားတဲ့အချိန်ကာလပါပဲ။ ပထမတစ်ကြိမ်ဖျက်တကည်းက သူကံကောင်းတယ်လို့ ကျွန်တော်ထင်ခဲ့တာပါ။ သူ့ဆီကနေ တကယ်ကိုစိတ်ပျက်စရာကစားပုံပါ။ ဒုတိယအဝါကတ်မှာတော့ သူအမှားနှစ်ခုလုပ်ခဲ့ပါတယ်။ ကမူးရူးထိုးဖြစ်တာရယ်၊ အဲဒီနောက် ဆိုးရွာတဲ့ဖျက်ထုတ်မှုရယ်ပါ။ စပါးကိုရှုံးခဲ့တဲ့ပွဲမှာတင် မက်ဂွိုင်းယားဟာ နိုင်ငံတကာကြားဖြတ်လိုအပ်တယ်လို့ ခံစားခဲ့ရတာပါ။ ဒါပေမဲ့ အဲဒါကလည်း အဆင်မပြေခဲ့ပြန်ဘူး။ သူချန်ထားခဲ့တဲ့ ဆိုးဆိုးရွားရွားပုံစံနဲ့ပဲ မန်ယူကိုပြန်သွားရတော့မှာပါ”ရုပ်သံဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ပြောခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကတော့ ဒိန်းမတ်နဲ့ပွဲအပြီးမှာ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားထားပါတယ်။ ဒါပေမဲ့ ကစားသမားရဲ့ယုံကြည်မှုဟာ အောက်ဆုံးအဆင့်ရောက်နေတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒိန္းမတ္နဲ႔ပြဲက အနီကတ္အတြက္ မက္ဂြိဳင္းယားကို ေ၀ဖန္ျပစ္တင္လိုက္တဲ့ ဂယ္ရီနဗီးလ္

ဒိန္းမတ္ကိုရႈံးခဲ့တဲ့ေနးရွင္းလိဂ္ပြဲတုန္းက အနီကတ္ျပခံခဲ့ရတဲ့ မန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားကို မန္ယူေနာက္ခံလူေဟာင္းဂယ္ရီနဗီးလ္က ေ၀ဖန္ျပစ္တင္မႈျပဳလုပ္လိုက္ပါတယ္။ မက္ဂြိဳင္းယားဟာ အဲဒီပြဲမွာ ပထမပိုင္းမိနစ္ ၃၀ ကတည္းက ၂ ၀ါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

မန္ယူဟာ ၂၀၁၉ ေႏြရာသီအေျပာင္းအေရႊ႕မွာ မက္ဂြိဳင္းယားကုိ ေပါင္သန္း ၈၀ နဲ႔ေခၚယူခဲ့ေပမယ့္ အဲဒီအဂၤလန္ဗဟိုေနာက္ခံလူဟာ အခုရာသီအစမွာေတာ့ ေျခစြမ္းပုိင္းအရ ရုန္းကန္ေနရၿပီး အိုးလ္ထရက္ဖုိ႔ဒ္မွာ စပါးကို ၁-၆ ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာကတည္းက ျပင္းထန္တဲ့ေ၀ဖန္မႈေတြနဲ႔ႀကဳံခဲ့ရတာပါ။ အခုလည္း သူဟာ လက္ေရြးစင္အသင္းမွာလည္း ေစာေစာစီးစီးအထုတ္ခံရလုိ႔ ေနာက္ထပ္ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

”သူ႔အတြက္ ဆုိးရြားတဲ့အခ်ိန္ကာလပါပဲ။ ပထမတစ္ႀကိမ္ဖ်က္တကည္းက သူကံေကာင္းတယ္လို႔ ကၽြန္ေတာ္ထင္ခဲ့တာပါ။ သူ႔ဆီကေန တကယ္ကုိစိတ္ပ်က္စရာကစားပုံပါ။ ဒုတိယအ၀ါကတ္မွာေတာ့ သူအမွားႏွစ္ခုလုပ္ခဲ့ပါတယ္။ ကမူးရူးထိုးျဖစ္တာရယ္၊ အဲဒီေနာက္ ဆုိးရြာတဲ့ဖ်က္ထုတ္မႈရယ္ပါ။ စပါးကိုရႈံးခဲ့တ့ဲပြဲမွာတင္ မက္ဂြိဳင္းယားဟာ ႏိုင္ငံတကာၾကားျဖတ္လိုအပ္တယ္လို႔ ခံစားခဲ့ရတာပါ။ ဒါေပမဲ့ အဲဒါကလည္း အဆင္မေျပခဲ့ျပန္ဘူး။ သူခ်န္ထားခဲ့တဲ့ ဆိုးဆိုးရြားရြားပုံစံနဲ႔ပဲ မန္ယူကုိျပန္သြားရေတာ့မွာပါ”ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ ဂယ္ရီနဗီးလ္က ေျပာခဲ့တာပါ။

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ကေတာ့ ဒိန္းမတ္နဲ႔ပြဲအၿပီးမွာ မက္ဂြိဳင္းယားနဲ႔ပတ္သက္ၿပီး ကာကြယ္ေျပာၾကားထားပါတယ္။ ဒါေပမဲ့ ကစားသမားရဲ႕ယုံၾကည္မႈဟာ ေအာက္ဆုံးအဆင့္ေရာက္ေနတယ္လုိ႔ သုံးသပ္သူေတြလည္း ရွိပါတယ္။