ဒိန်းမတ်နဲ့ ပွဲစဉ်မှာ အနိုင်ဂိုး သွင်းပြီးနောက် အဲရစ်ဆင်ကို လေးစားတဲ့ အနေနဲ့ အောင်ပွဲမခံခဲ့ဘူးလို့ ပြောတဲ့ ဒီဘရှိုင်း

ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရှိုင်းကတော့ ဒိန်းမတ်အသင်းကို (၁-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူပြီးတဲ့နောက် အဲရစ်ဆင်ကို လေးစားတဲ့ အနေနဲ့ စိတ်လွတ်ကိုယ်လွတ် အောင်ပွဲမခံခဲ့ဘူးလို့ ပြောပါတယ်။

ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ အပတ်၊ စနေနေ့က ကွင်းထဲမှာ နှလုံးဖောက်ခဲ့လို့ လက်ရှိ အချိန်မှာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး မနေ့ညက ဒိန်းမတ် နဲ့ ဘယ်လ်ဂျီယံ ပွဲစဉ်ကို ဆေးရုံကနေ ကြည့်ခဲ့ရပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ပေါလ်ဆင်ရဲ့ သွင်းဂိုးကို အရင်ဆုံး ခွင့်ပြုခဲ့ရပေမယ့် သော်ဂန်ဟာဇက် နဲ့ ဒီဘရှိုင်းတို့ရဲ့ ချေပဂိုး (၂) ဂိုးကြောင့် နှိင်ပွဲ ပြန်ရရှိခဲ့ပြီး ပွဲကစားချိန် (၁၀) မိနစ်မှာ အဲရစ်ဆင်ကို ဂုဏ်ပြုမှု ပြုလုပ်ခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ဒိန်းမတ်အသင်းကို (၁-၂) ရလဒ်နဲ့ Comeback နိုင်ပွဲကြောင့် နောက်တစ်ဆင့် (၁၆) သင်းအဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပြီး ဒီဘရှိုင်းကလည်း အထူး ခြေစွမ်းကို ပြသသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဒီဘရှိုင်းဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးတဲ့နောက် ဒိန်းမတ်အသင်းနဲ့ ပွဲစဉ်မှာတော့ ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် (၇၀) မိနစ် အရောက်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ကွင်းလယ်လူ ဒီဘရှိုင်းဟာ ဘယ်လ်ဂျီယံအသင်းကို နောက်အဆင့် တက်လှမ်းစေနိုင်တဲ့ အနိုင်ဂိုး သွင်းယူခဲ့ပေမယ့် အဲရစ်ဆင်ကို လေးစားတဲ့ အနေနဲ့ ကွင်းထဲမှာတော့ စိတ်လွတ်ကိုယ်လွတ် အောင်ပွဲမခံဘူးလို့ ပြောသွားပါတယ်။

ကွင်းလယ်လူ ဒီဘရှိုင်းက “ကျွန်တော် ဂိုးသွင်းလို့ ပျော်ပါတယ်။ သေချာပါပဲ။ ဒါပေမယ့် ကျွန်တော် ဒီနေရာမှာ ရှိတဲ့ လူတွေကို လေးစားတာကြောင့် ကျွန်တော် ဂိုးသွင်းပြီးတဲ့နောက် စိတ်လွတ်ကိုယ်လွတ် အောင်ပွဲမခံခဲ့ပါဘူး”

“ကျွန်တော် ပြီးခဲ့တဲ့ စနေနေ့က အဲရစ်ဆင် လဲကျခဲ့တဲ့ ကွင်းဘေးက နေရာကို သွားတယ်။ နောက်ပြီး ကျွန်တော် တည်တည်ငြိမ်ငြိမ်နေပါတယ်”လို့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

Zawgyi

ဒိန္းမတ္နဲ႔ ပြဲစဥ္မွာ အဲရစ္ဆင္ကို ေလးစားတဲ့ အေနနဲ႔ အႏုိင္ဂုိး သြင္းၿပီးေနာက္ ေအာင္ပြဲမခံခဲ့ဘူးလို႔ ေျပာတဲ့ ဒီဘရႈိင္း

ဘယ္လ္ဂ်ီယံ ကြင္းလယ္လူ ဒီဘရႈိင္းကေတာ့ ဒိန္းမတ္အသင္းကို (၁-၂) ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အႏိုင္ဂိုး သြင္းယူၿပီးတဲ့ေနာက္ အဲရစ္ဆင္ကို ေလးစားတဲ့ အေနနဲ႔ စိတ္လြတ္ကိုယ္လြတ္ ေအာင္ပြဲမခံခဲ့ဘူးလို႔ ေျပာပါတယ္။

ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ အပတ္၊ စေနေန႔က ကြင္းထဲမွာ ႏွလုံးေဖာက္ခဲ့လို႔ လက္ရွိ အခ်ိန္မွာ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနၿပီး မေန႔ညက ဒိန္းမတ္ နဲ႔ ဘယ္လ္ဂ်ီယံ ပြဲစဥ္ကို ေဆး႐ုံကေန ၾကည့္ခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ ေပါလ္ဆင္ရဲ႕ သြင္းဂိုးကို အရင္ဆုံး ခြင့္ျပဳခဲ့ရေပမယ့္ ေသာ္ဂန္ဟာဇက္ နဲ႔ ဒီဘရႈိင္းတို႔ရဲ႕ ေခ်ပဂိုး (၂) ဂိုးေၾကာင့္ ႏွိင္ပြဲ ျပန္ရရွိခဲ့ၿပီး ပြဲကစားခ်ိန္ (၁၀) မိနစ္မွာ အဲရစ္ဆင္ကို ဂုဏ္ျပဳမႈ ျပဳလုပ္ခဲ့ၾကပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ ဒိန္းမတ္အသင္းကို (၁-၂) ရလဒ္နဲ႔ Comeback ႏိုင္ပြဲေၾကာင့္ ေနာက္တစ္ဆင့္ (၁၆) သင္းအဆင့္ကို တက္လွမ္းသြားခဲ့ၿပီ ျဖစ္ၿပီး ဒီဘရႈိင္းကလည္း အထူး ေျခစြမ္းကို ျပသသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ကြင္းလယ္လူ ဒီဘရႈိင္းဟာ ဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီးတဲ့ေနာက္ ဒိန္းမတ္အသင္းနဲ႔ ပြဲစဥ္မွာေတာ့ ဒုတိယပိုင္းမွာ လူစားလဲ ဝင္ေရာက္ကစားခဲ့ၿပီး ပြဲခ်ိန္ (၇၀) မိနစ္ အေရာက္မွာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ကြင္းလယ္လူ ဒီဘရႈိင္းဟာ ဘယ္လ္ဂ်ီယံအသင္းကို ေနာက္အဆင့္ တက္လွမ္းေစႏိုင္တဲ့ အႏိုင္ဂိုး သြင္းယူခဲ့ေပမယ့္ အဲရစ္ဆင္ကို ေလးစားတဲ့ အေနနဲ႔ ကြင္းထဲမွာေတာ့ စိတ္လြတ္ကိုယ္လြတ္ ေအာင္ပြဲမခံဘူးလို႔ ေျပာသြားပါတယ္။

ကြင္းလယ္လူ ဒီဘရႈိင္းက “ကြၽန္ေတာ္ ဂိုးသြင္းလို႔ ေပ်ာ္ပါတယ္။ ေသခ်ာပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ ဒီေနရာမွာ ရွိတဲ့ လူေတြကို ေလးစားတာေၾကာင့္ ကြၽန္ေတာ္ ဂိုးသြင္းၿပီးတဲ့ေနာက္ စိတ္လြတ္ကိုယ္လြတ္ ေအာင္ပြဲမခံခဲ့ပါဘူး”

“ကြၽန္ေတာ္ ၿပီးခဲ့တဲ့ စေနေန႔က အဲရစ္ဆင္ လဲက်ခဲ့တဲ့ ကြင္းေဘးက ေနရာကို သြားတယ္။ ေနာက္ၿပီး ကြၽန္ေတာ္ တည္တည္ၿငိမ္ၿငိမ္ေနပါတယ္”လို႔ ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာၾကားသြားပါတယ္။