
အင်္ဂလိပ်ဒိုင်လူကြီးမိုက်ကယ်အိုလီဗာဟာမနေ့ညတုန်းကဒေါ့မွန်နှင့်
အေဂျက်စ်တို့ပွဲစဉ်တွင်မတ်ဟမ်မဲလ်ကိုအနီကတ်ပြထုတ်ပယ်မှုအတွက်
အကြီးအကျယ်ဝေဖန်မှုနှင့်ရင်ဆိုင်နေရပါတယ်။
အသက်၃၂နှစ်ရှိဂျာမနီနောက်ခံလူမတ်ဟမ်မဲလ်ဟာအန်တိုနီကို
လျောထိုးဖျက်ထုတ်ခဲ့ပေမယ့်တိုက်ရိုက်လျောထိုးဖျက်ထုတ်တာမဟုတ်ဘဲ
ရှေ့သို့လျောထိုးကာတားဆီးခဲ့တာဖြစ်ပါတယ်။
အန်တိုနီက မတ်ဟမ်မဲလ်ရဲ့ ခြေထောက်ကိုတက်နင်းခဲ့ပါတယ်။မတ်ဟမ်မဲလ်ဟာအပြစ်မဲ့တဲ့
ဘောလုံးဖျက်ထုတ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး အန်တိုနီရဲ့အနည်းငယ်မျှသာ
ထိတွေ့မှုရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်အန်တိုနီဟာကွင်းထဲမှာအကယ်ဒမီရှော့
သရုပ်ဆောင်မှုမျိုးဖြင့်လူးလိမ့်နေမှုနဲ့အတူပရီးမီးယားလိဂ်ဒိုင်လူကြီးဟာ
ဟမ်မဲလ်ကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
အိုလီဗာဟာVAR ဒိုင်လူကြီးဖြစ်တဲ့အင်္ဂလိပ်ဒိုင်အတ်ဝဲလ်ရဲ့အကြံပြုမှု
ရယူခဲ့ပါတယ်။ဒါပေမယ့်အတ်ဝဲလ်ကကွင်းဘေးရှိမော်နီတာတွင်ပြန်လည်ကြည့်ပြီး
သုံးသပ်ရန်အကြံပေးခဲ့ခြင်းမရှိခဲ့ပါဘူး။
တကယ်လို့များအိုလီဗာသာ ကွင်းဘေးမော်နီတာမှာပြန်လည်ကြည့်ခဲ့မယ်ဆိုရင်သူ့အနီကတ်ကို
ပယ်ဖျက်လိုက်မှာသေချာနေပါတယ်။ဒေါ့မွန်ဟာပွဲချိန်၂၉မိနစ်မှာ
ဟမ်မဲလ်အထုတ်ခံရလို့တစ်ယောက်အလျှော့နဲ့ ကစားရပေမယ့်
ပွဲချိန်၃၉မိနစ်မှာပင်နယ်တီရရှိပြီးမာကိုရူးစ်ရဲ့ ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်အေဂျက်စ်ဟာပွဲချိန် ၇၃မိနစ်မှာတာဒစ်ရဲ့ဂိုးနဲ့ချေပဂိုးခဲ့ရပါတယ်။
ယင်းနောက်ပွဲချိန်၈၃မိနစ်နှင့်နာကျင်အချိန်ပိုတို့မှာဟယ်လာနှင့်
ကလပ်စ်ဆင်တို့ကအေဂျက်စ်အတွက်အနိုင်ဂိုးသွင်းယူသွားလို့
အေဂျက်စ်က၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
zawgyi
ဒိုင္လူႀကီးမိုက္ကယ္အိုလီဗာဟာ မတ္ဟမ္မဲလ္ကို အနီကတ္ျပထုတ္ပယ္မႈအတြက္ အႀကီးအက်ယ္ေဝဖန္မႈႏွင့္ရင္ဆိုင္ေနရ
အဂၤလိပ္ဒိုင္လူႀကီးမိုက္ကယ္အိုလီဗာဟာမေန႔ညတုန္းကေဒါ့မြန္ႏွင့္
ေအဂ်က္စ္တို႔ပြဲစဥ္တြင္မတ္ဟမ္မဲလ္ကိုအနီကတ္ျပထုတ္ပယ္မႈအတြက္
အႀကီးအက်ယ္ေဝဖန္မႈႏွင့္ရင္ဆိုင္ေနရပါတယ္။
အသက္၃၂ႏွစ္ရွိဂ်ာမနီေနာက္ခံလူမတ္ဟမ္မဲလ္ဟာအန္တိုနီကို
ေလ်ာထိုးဖ်က္ထုတ္ခဲ့ေပမယ့္တိုက္႐ိုက္ေလ်ာထိုးဖ်က္ထုတ္တာမဟုတ္ဘဲ
ေရွ႕သို႔ေလ်ာထိုးကာတားဆီးခဲ့တာျဖစ္ပါတယ္။ အန္တိုနီက မတ္ဟမ္မဲလ္ရဲ႕
ေျခေထာက္ကိုတက္နင္းခဲ့ပါတယ္။မတ္ဟမ္မဲလ္ဟာအျပစ္မဲ့တဲ့
ေဘာလုံးဖ်က္ထုတ္မႈျပဳလုပ္ခဲ့တာျဖစ္ၿပီး အန္တိုနီရဲ႕အနည္းငယ္မွ်သာ
ထိေတြ႕မႈရွိခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္အန္တိုနီဟာကြင္းထဲမွာအကယ္ဒမီေရွာ့
သ႐ုပ္ေဆာင္မႈမ်ိဳးျဖင့္လူးလိမ့္ေနမႈနဲ႔အတူပရီးမီးယားလိဂ္ဒိုင္လူႀကီးဟာ
ဟမ္မဲလ္ကိုအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။
အိုလီဗာဟာVAR ဒိုင္လူႀကီးျဖစ္တဲ့အဂၤလိပ္ဒိုင္အတ္ဝဲလ္ရဲ႕အႀကံျပဳမႈ
ရယူခဲ့ပါတယ္။ဒါေပမယ့္အတ္ဝဲလ္ကကြင္းေဘးရွိေမာ္နီတာတြင္ျပန္လည္ၾကည့္ၿပီး
သုံးသပ္ရန္အႀကံေပးခဲ့ျခင္းမရွိခဲ့ပါဘူး။ တကယ္လို႔မ်ားအိုလီဗာသာ
ကြင္းေဘးေမာ္နီတာမွာျပန္လည္ၾကည့္ခဲ့မယ္ဆိုရင္သူ႔အနီကတ္ကို
ပယ္ဖ်က္လိုက္မွာေသခ်ာေနပါတယ္။ေဒါ့မြန္ဟာပြဲခ်ိန္၂၉မိနစ္မွာ
ဟမ္မဲလ္အထုတ္ခံရလို႔တစ္ေယာက္အေလွ်ာ့နဲ႔ ကစားရေပမယ့္
ပြဲခ်ိန္၃၉မိနစ္မွာပင္နယ္တီရရွိၿပီးမာကို႐ူးစ္ရဲ႕ ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ေအဂ်က္စ္ဟာပြဲခ်ိန္ ၇၃မိနစ္မွာတာဒစ္ရဲ႕ဂိုးနဲ႔ေခ်ပဂိုးခဲ့ရပါတယ္။
ယင္းေနာက္ပြဲခ်ိန္၈၃မိနစ္ႏွင့္နာက်င္အခ်ိန္ပိုတို႔မွာဟယ္လာႏွင့္
ကလပ္စ္ဆင္တို႔ကေအဂ်က္စ္အတြက္အႏိုင္ဂိုးသြင္းယူသြားလို႔
ေအဂ်က္စ္က၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။