
ဒီကနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုချမ်အသင်းနဲ့
ဘိုရေးရှားမိုချန်ဂလာဘတ်အသင်းတို့ရဲ့ပွဲမှာ အကူဒိုင်ဟာဘီယာခွက်နဲ့
ပစ်ပေါက်ခံရပြီးနောက် အဲဒီပွဲကိုရပ်နားပစ်ခဲ့ရပါတယ်။
အခင်းဖြစ်ပွားချိန်တွင်ဧည့်သည်ဂလက်ဘတ်က၂-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး
အစောပိုင်းတုန်းကခေတ္တရပ်နားခဲ့ပေမဲ့နောက်ဆုံးတွင်လုံးဝရပ်ဆိုင်းမှုပြုလုပ်ခဲ့ပါတယ်။
ဒိုင်လူကြီးများရဲ့လုံခြုံရေးနှင့်ပတ်သက်ပြီးအာမခံချက်မရရှိတာကြောင့်
ပွဲကိုလုံးဝရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
စည်းကြပ်ဒိုင်ဟာပရိသတ်တစ်ဦးပစ်ပေါက်လိုက်တဲ့ဘီယာခွက်
ခေါင်းကိုထိပြီးနောက်မူးဝေသွားခဲ့ပြီးနာကျင်မှုပျောက်သွားစေရန်
ဒူးထောက်ကာခေါင်းကိုပွတ်နေခဲ့ပါတယ်။
အခုလိုမတော်တဆဖြစ်ရပ်မျိုးဖြစ်ပွါးခဲ့တဲ့နောက်
ဘိုချမ်အသင်းရဲ့တွစ်တာမှာ”ကျွန်တော်တို့အသင်းအနေနဲ့
အကူဒိုင်ခရစ္စတီယန်ဂလစ်တယ်လ်မန်းကို တောင်းပန်လိုက်ရပါတယ်။
ကျွန်တော်တို့အတွက် အရှက်ရဖွယ်ညနေပဲ။ ရူးကြောင်ကြောင်ပရိသတ်ဆီက
အသုံးမကျတဲ့လုပ်ရပ်ပဲ”လို့ရေးသားထားတာပါ။
zawgyi
ဒိုင်လူကြီးများရဲ့လုံခြုံရေးနှင့်ပတ်သက်ပြီးအာမခံချက်မရရှိတာကြောင့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တစ်ပွဲ ရပ်နားခဲ့ရ