
အက်သလက်တီကိုနောက်ခံလူဖီးလစ်ပီဟာဒိုင်လူကြီးရဲ့ဝီစီမှုတ်မှုကို
သုံးကြိမ်တိုင်တိုင်ဂရုမစိုက်ခဲ့မှုအတွက်အငြင်းပွားဖွယ်ရာ
အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ မနေ့ညတုန်းကအန်ဖီးလ်တွင်
လီဗာပူးအက်သလက်တီကိုအား၂-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပွဲချိန်၁၃မိနစ်မှာဘဲ
ထရန်းအလက်ဇန္ဒားအာနိုးရဲ့တိကျတဲ့ဖြတ်တင်ဘောကနေဂျိုတာကဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက်ထရန်းဟာပွဲချိန်၂၁မိနစ်မှာလီဗာပူးအတွက်ဒုတိယဂိုးအား
ဆာဒေယိုမာနေးသွင်းနိုင်အောင်ထပ်မံဖန်တီးခဲ့ပါတယ်။
ပွဲချိန်၃၆မိနစ်မှာတော့မာနေးဟာဖီးလစ်ပီရဲ့ဖနောင့်ကိုကန်ခဲ့ခြင်းခံခဲ့ရပါတယ်။
ဒိုင်လူကြီးမက်ကီလီဟာချက်ချင်းပဲဝီစီမှုတ်ခဲ့ပါတယ်။ဒိုင်လူကြီးဟာ
အက်သလက်တီကိုနောက်ခံလူကိုသူ့ဆီလာခိုင်းခဲ့ပါတယ်။
ါပေမယ့်ဖီးလစ်ပီဟာဒိုင်လူကြီးထံသို့သွားရန်ငြင်းခဲ့ပြီးဒိုင်လူကြီးဟာ
ဝီစီသုံးကြိမ်မှုတ်ပြီးနောက်မှာတော့အနီကတ်ပြထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
ယင်းနောက်မှာတော့မက်ခီလီဟာအသက်၃၂နှစ်ရှိဘရာဇီးနောက်တန်းအစွန်လူကို
တိုက်ရိုက်အနီကတ်ပြထုတ်ပယ်မှုပြုလုပ်ခဲ့ပါတယ်။အက်သလက်တီကို
ကစားသမားများဟာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုစောဒကတက်ခဲ့ကြပေမယ့်မထူးခြားခဲ့ပါဘူး။
ဒုတိယပိုင်းမှာဂျိုတာနှင့်လူးဝစ်ဆွာရက်ဇ်တို့ဂိုးသွင်းခဲ့ကြပေမယ့်
လူကျွံနေလို့ဂိုးမရခဲ့ကြဘဲလီဗာပူးက၂-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးဟာအက်သလက်တီကိုနိုင်ပွဲကြောင့်အုပ်စု(ခ)ရဲ့ထိပ်ဆုံးနေရာမှာ
သက်တောင့်သက်သာနဲ့ထိုင်ပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။
လီဗာပူးဟာလာမယ့်တနင်္ဂနွေနေ့မှာလန်ဒန်ကွင်းသို့သွားရောက်ပြီး
ခြေစွာနေတဲ့ဝက်စ်ဟမ်းကိုရင်ဆိုင်ကစားရပါမယ်။
zawgyi
ဒိုင္လူႀကီးရဲ႕ဝီစီမႈတ္မႈကို သုံးႀကိမ္တိုင္တိုင္ဂ႐ုမစိုက္ခဲ့မႈအတြက္ အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့တဲ့ ဖီးလစ္ပီ
အက္သလက္တီကိုေနာက္ခံလူဖီးလစ္ပီဟာဒိုင္လူႀကီးရဲ႕ဝီစီမႈတ္မႈကို
သုံးႀကိမ္တိုင္တိုင္ဂ႐ုမစိုက္ခဲ့မႈအတြက္အျငင္းပြားဖြယ္ရာ
အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ မေန႔ညတုန္းကအန္ဖီးလ္တြင္
လီဗာပူးအက္သလက္တီကိုအား၂-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပြဲခ်ိန္၁၃မိနစ္မွာဘဲ
ထရန္းအလက္ဇႏၵားအာႏိုးရဲ႕တိက်တဲ့ျဖတ္တင္ေဘာကေနဂ်ိဳတာကဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။
ယင္းေနာက္ထရန္းဟာပြဲခ်ိန္၂၁မိနစ္မွာလီဗာပူးအတြက္ဒုတိယဂိုးအား
ဆာေဒယိုမာေနးသြင္းႏိုင္ေအာင္ထပ္မံဖန္တီးခဲ့ပါတယ္။
ပြဲခ်ိန္၃၆မိနစ္မွာေတာ့မာေနးဟာဖီးလစ္ပီရဲ႕ဖေနာင့္ကိုကန္ခဲ့ျခင္းခံခဲ့ရပါတယ္။
ဒိုင္လူႀကီးမက္ကီလီဟာခ်က္ခ်င္းပဲဝီစီမႈတ္ခဲ့ပါတယ္။ဒိုင္လူႀကီးဟာ
အက္သလက္တီကိုေနာက္ခံလူကိုသူ႔ဆီလာခိုင္းခဲ့ပါတယ္။
ါေပမယ့္ဖီးလစ္ပီဟာဒိုင္လူႀကီးထံသို႔သြားရန္ျငင္းခဲ့ၿပီးဒိုင္လူႀကီးဟာ
ဝီစီသုံးႀကိမ္မႈတ္ၿပီးေနာက္မွာေတာ့အနီကတ္ျပထုတ္ပယ္ဖို႔ဆုံးျဖတ္လိုက္ပါေတာ့တယ္။
ယင္းေနာက္မွာေတာ့မက္ခီလီဟာအသက္၃၂ႏွစ္ရွိဘရာဇီးေနာက္တန္းအစြန္လူကို
တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္မႈျပဳလုပ္ခဲ့ပါတယ္။အက္သလက္တီကို
ကစားသမားမ်ားဟာဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုေစာဒကတက္ခဲ့ၾကေပမယ့္မထူးျခားခဲ့ပါဘူး။
ဒုတိယပိုင္းမွာဂ်ိဳတာႏွင့္လူးဝစ္ဆြာရက္ဇ္တို႔ဂိုးသြင္းခဲ့ၾကေပမယ့္
လူကြၽံေနလို႔ဂိုးမရခဲ့ၾကဘဲလီဗာပူးက၂-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
လီဗာပူးဟာအက္သလက္တီကိုႏိုင္ပြဲေၾကာင့္အုပ္စု(ခ)ရဲ႕ထိပ္ဆုံးေနရာမွာ
သက္ေတာင့္သက္သာနဲ႔ထိုင္ၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
လီဗာပူးဟာလာမယ့္တနဂၤေႏြေန႔မွာလန္ဒန္ကြင္းသို႔သြားေရာက္ၿပီး
ေျခစြာေနတဲ့ဝက္စ္ဟမ္းကိုရင္ဆိုင္ကစားရပါမယ္။