ဒိုင်လူကြီး မီးခွက်ထွန်းရှာတဲ့ ပြဿနာနောက်ဆက်တွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ပီအက်စ်ဂျီ အသင်း နဲ့ အစ္စတန်ဘူးလ် အသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ပီအက်စ်ဂျီ အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဲဒီပွဲစဉ်ရဲ့ ရလဒ်က နှစ်သင်းစလုံးအတွက် ထူးမခြားနားပတ်ပျိုးပါ။ ရင်ခုန်စရာ သိပ်မရှိတဲ့ ပွဲစဉ်မှာ ရင်တုန်စရာကိစ္စရပ်တွေတော့ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ပွဲပြီးဆုံးတဲ့အထိ မကစားခဲ့ရဘဲလူမျိုးရေးခွဲခြားတဲ့ ပြဿနာလေးတွေရှိခဲ့တာကြောင့် ပွဲပျက်ခဲ့ရပါတယ်။

ပြဿနာဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ စတုတ္ထဒိုင်ဟာ အစ္စတန်ဘူးလ် အသင်းရဲ့ လက်ထောက် နည်းပြဖြစ်သူ ဝီဘိုကို အမဲကောင်လို့ ခေါ်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်လောက်မှာ အဲဒီ ပြဿနာ စဖြစ်ခဲ့တာ ဖြစ်ပြီးတော့ နှစ်ဖက်အသင်း ကစားသမားတွေ အနေနဲ့ ကွင်းဘေးဘက်ခြမ်းမှာ ၁၀ မိနစ်လောက်ကြာ အောင် စုဝေးနေခဲ့ကြပါတယ်။

အစ္စတန်ဘူးလ်တိုက်စစ်မှူး ဒမ်ဘာဘားကလည်း စတုတ္ထဒိုင် ဆီဘက်စတီယန် ကိုစတီကူအား “လူဖြူကိုတော့ ခင်ဗျားဘယ်တော့မှ အဲဒီလို ပြောမှာ မဟုတ်ပါဘူး ဘာကြောင့် လူမည်းလို့ပြောတာလဲ။ လူမည်းတစ်ယောက်လို့သင်ပြောဖို့လိုလို့လား။”ဆိုပြီး ပြစ်တင်ပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာ ပြဿနာဖြေရှင်းလို့မရတာကြောင့် ပွဲချိန် ၁၄ မိနစ်မှာ ပွဲရပ်နားခဲ့ရပါတယ်။

ပွဲရပ်နားခဲ့ရတဲ့ အဲဒီချန်ပီယံလိဂ်အုပ်စုပွဲစဉ် ကိုတော့ဒိုင်လူကြီးများလဲကာ မြန်မာစံတော်ချိန် ဒီဇင်ဘာ (၁၀)ရက်၊ နံနက် (၀၀း၂၅)နာရီတွင် ပြန်ကစားမှာဖြစ်တယ်ဆိုပြီး သိရပါတယ်။ ဒါ့အပြင် UEFA က အဲဒီပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးနေကြောင်းထုတ်ပြန်ထားပါတယ်။

အစ္စတန်ဘူးလ် အသင်းရဲ့ တွစ်တာ အကောင့်မှာတော့ သူတို့ရဲ့ လက်ထောက်နည်းပြ ဖြစ်သူ ပီရဲးလ် ဝီဘို ကို စတုတ္ထမြောက်ဒိုင်ဖြစ်သူ ကိုးတက်စကူး က လူမျိုးရေး ခွဲခြား တဲ့ စကားနဲ့ ပြောခဲ့တယ် ဆိုပြီး ရေးသား ဖော်ပြထားပါတယ်။ဒါ့အပြင် “ လူမျိုးရေးခွဲခြားဖို့ မလိုအပ်ပါဘူး ” ဆိုပြီး ဓာတ်ပုံတစ်ပုံလည်း တင်ခဲ့ပါသေးတယ်။ အစ္စတန်ဘူးလ် ရဲ့ လက်အောက်ခံ အသင်းတစ်သင်းဖြစ်တဲ့ ဂလာတာဆာရီ အသင်းကလည်း ပူးပေါင်းပြစ်တင်ရှုံ့ချကြောင်းကို ပြသတဲ့ အနေနဲ့ အဆိုပါ ဓာတ်ပုံ ကို ပဲ တင်ခဲ့ပါတယ်။

အစ္စတန်ဘူးလ် အသင်းရဲ့ပို့စ်ကို ပီအက်စ်ဂျီအသင်း တွစ်တာအကောင့်ကလည်း No to Racism ဆိုပြီး စာပြန်ရေးခဲ့ကာ၊ တရားဝင် ထုတ်ပြန်ချက်ပါ လုပ်ခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ အမူဆောင်အပါအဝင် နည်းပြများနှင့် ကစားသမားများအားလုံးကတော့ လူမျိုးရေးခွဲခြားရေး ဖြစ်စဉ်အားလုံးကို ဆန့်ကျင်ပါတယ်ဆိုပြီး မှတ်ချက်ပေးထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒိုင္လူႀကီး မီးခြက္ထြန္းရွာတဲ့ ျပႆနာေနာက္ဆက္တြဲ

မေန႔ညက ပီအက္စ္ဂ်ီ အသင္း နဲ႔ အစၥတန္ဘူးလ္ အသင္းတို႔ဟာ ခ်န္ပီယံလိဂ္ အုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ ပီအက္စ္ဂ်ီ အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ အဲဒီပြဲစဥ္ရဲ႕ ရလဒ္က ႏွစ္သင္းစလုံးအတြက္ ထူးမျခားနားပတ္ပ်ိဳးပါ။ ရင္ခုန္စရာ သိပ္မရွိတဲ့ ပြဲစဥ္မွာ ရင္တုန္စရာကိစၥရပ္ေတြေတာ့ျဖစ္ေပၚခဲ့ပါတယ္။ အဲဒါကေတာ့ ပြဲၿပီးဆုံးတဲ့အထိ မကစားခဲ့ရဘဲလူမ်ိဳးေရးခြဲျခားတဲ့ ျပႆနာေလးေတြရွိခဲ့တာေၾကာင့္ ပြဲပ်က္ခဲ့ရပါတယ္။

ျပႆနာျဖစ္ပြားရတဲ့ အေၾကာင္းအရင္းကေတာ့ စတုတၳဒိုင္ဟာ အစၥတန္ဘူးလ္ အသင္းရဲ႕ လက္ေထာက္ နည္းျပျဖစ္သူ ဝီဘိုကို အမဲေကာင္လို႔ ေခၚရာကေန စတင္ခဲ့တာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ ၁၃ မိနစ္ေလာက္မွာ အဲဒီ ျပႆနာ စျဖစ္ခဲ့တာ ျဖစ္ၿပီးေတာ့ ႏွစ္ဖက္အသင္း ကစားသမားေတြ အေနနဲ႔ ကြင္းေဘးဘက္ျခမ္းမွာ ၁၀ မိနစ္ေလာက္ၾကာ ေအာင္ စုေဝးေနခဲ့ၾကပါတယ္။

အစၥတန္ဘူးလ္တိုက္စစ္မႉး ဒမ္ဘာဘားကလည္း စတုတၳဒိုင္ ဆီဘက္စတီယန္ ကိုစတီကူအား “လူျဖဴကိုေတာ့ ခင္ဗ်ားဘယ္ေတာ့မွ အဲဒီလို ေျပာမွာ မဟုတ္ပါဘူး ဘာေၾကာင့္ လူမည္းလို႔ေျပာတာလဲ။ လူမည္းတစ္ေယာက္လို႔သင္ေျပာဖို႔လိုလို႔လား။”ဆိုၿပီး ျပစ္တင္ေျပာၾကားခဲ့ပါတယ္။ ေနာက္ဆုံးမွာ ျပႆနာေျဖရွင္းလို႔မရတာေၾကာင့္ ပြဲခ်ိန္ ၁၄ မိနစ္မွာ ပြဲရပ္နားခဲ့ရပါတယ္။

ပြဲရပ္နားခဲ့ရတဲ့ အဲဒီခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ ကိုေတာ့ဒိုင္လူႀကီးမ်ားလဲကာ ျမန္မာစံေတာ္ခ်ိန္ ဒီဇင္ဘာ (၁၀)ရက္၊ နံနက္ (၀၀း၂၅)နာရီတြင္ ျပန္ကစားမွာျဖစ္တယ္ဆိုၿပီး သိရပါတယ္။ ဒါ့အျပင္ UEFA က အဲဒီပြဲစဥ္မွာ ျဖစ္ပ်က္ခဲ့တာေတြကို စုံစမ္းစစ္ေဆးေနေၾကာင္းထုတ္ျပန္ထားပါတယ္။

အစၥတန္ဘူးလ္ အသင္းရဲ႕ တြစ္တာ အေကာင့္မွာေတာ့ သူတို႔ရဲ႕ လက္ေထာက္နည္းျပ ျဖစ္သူ ပီရဲးလ္ ဝီဘို ကို စတုတၳေျမာက္ဒိုင္ျဖစ္သူ ကိုးတက္စကူး က လူမ်ိဳးေရး ခြဲျခား တဲ့ စကားနဲ႔ ေျပာခဲ့တယ္ ဆိုၿပီး ေရးသား ေဖာ္ျပထားပါတယ္။ဒါ့အျပင္ “ လူမ်ိဳးေရးခြဲျခားဖို႔ မလိုအပ္ပါဘူး ” ဆိုၿပီး ဓာတ္ပုံတစ္ပုံလည္း တင္ခဲ့ပါေသးတယ္။ အစၥတန္ဘူးလ္ ရဲ႕ လက္ေအာက္ခံ အသင္းတစ္သင္းျဖစ္တဲ့ ဂလာတာဆာရီ အသင္းကလည္း ပူးေပါင္းျပစ္တင္ရႈံ႕ခ်ေၾကာင္းကို ျပသတဲ့ အေနနဲ႔ အဆိုပါ ဓာတ္ပုံ ကို ပဲ တင္ခဲ့ပါတယ္။

အစၥတန္ဘူးလ္ အသင္းရဲ႕ပို႔စ္ကို ပီအက္စ္ဂ်ီအသင္း တြစ္တာအေကာင့္ကလည္း No to Racism ဆိုၿပီး စာျပန္ေရးခဲ့ကာ၊ တရားဝင္ ထုတ္ျပန္ခ်က္ပါ လုပ္ခဲ့ပါတယ္။ပီအက္စ္ဂ်ီရဲ႕ အမူေဆာင္အပါအဝင္ နည္းျပမ်ားႏွင့္ ကစားသမားမ်ားအားလုံးက​ေတာ့ လူမ်ိဳးေရးခြဲျခားေရး ျဖစ္စဥ္အားလုံးကို ဆန္႔က်င္ပါတယ္ဆိုၿပီး မွတ္ခ်က္​ေပးထားပါတယ္။