
အာစင်ဝင်းဂါးကအာဆင်နယ်ကိုကိုင်တွယ်နေစဉ်ကာလအတွင်းခေါ်ယူရန်
အနီးစပ်ဆုံးအနေအထားသို့ရောက်ပြီးမှမခေါ်ယူနိုင်ခဲ့မှုကြောင့်နောင်တ
အကြီးအကျယ်ရရတဲ့ကစားသမားအမည်ကိုဖွင့်ဟလာပါတယ်။
အာဆင်နယ်ဂန္ထဝင်နည်းပြကမန်ယူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကို
အာဆင်နယ်သို့မခေါ်ယူနိုင်ခဲ့မှုအတွက်အလွန်နောင်တရရကြောင်း
ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ၂၀၀၃-၀၄ရာသီတုန်းက
အာဆင်နယ်ကိုရှုံးပွဲမရှိမှတ်တမ်းဖြင့်ပရီးမီးယားလိဂ်ဖလားရရှိအောင်
စွမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ဒါပေမယ့်တကယ်လို့များဝင်းဂါးသာခရစ္စတီယာနို
ရော်နယ်ဒိုကိုခေါ်ယူနိုင်ပြီးအာဆင်နယ်တောင်ပံတွင်အသုံးပြုနိုင်ခဲ့မယ်ဆိုပါက
ဝင်းဂါးနှင့်အာဆင်နယ်သမိုင်းမှာအကြီးအကျယ်အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။
ရော်နယ်ဒိုဟာ၂၀၀၃ခုနှစ်မှာစပို့တင်းလစ္စဘွန်းကနေမန်ယူသို့ပေါင်၁၂.၂၄သန်းဖြင့်
ပြောင်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာထိုစဉ်ကကမ္ဘာ့အကောင်းဆုံးလူငယ်များထဲမှ
တစ်ဦးအဖြစ်ချီးကျူးခံရသူဖြစ်ပြီးသူ့ကိုခေါ်ယူလိုသူကလည်းအများကြီးပါ။
သူ့ကိုခေါ်ယူလိုတဲ့သူတွေထဲမှာအာစင်ဝင်းဂါးလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။
ဝင်းဂါးကို Invincible 2003-04 Squad အတွက်ဘယ်ကစားသမားကိုခေါ်ယူ
လိုသလဲလို့မေးမြန်းခဲ့ရာပြင်သစ်လူမျိုးနည်းပြကရှင်းရှင်းလင်းလင်းပင်
ဖြေကြားသွားပါတယ်။ ဝင်းဂါးက “ရော်နယ်ဒိုပါ။သူက၂၀၀၄မှာမန်ယူအတွက်
ကစားနေတယ်။သူကကျွန်တော်မခေါ်ယူနိုင်လို့နောင်တရမိတဲ့ကစားသမားတွေထဲက
တစ်ဦးပါ။သူ့ကိုခေါ်ယူဖို့အရမ်းအရမ်းကိုနီးစပ်ခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာမန်ယူတွင်အထနှေးခဲ့သော်လည်းပရီးမီးယားလိဂ်တွင်
ကစားစဉ်ကာလအတွင်းတွင်ပင်ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ
တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ခုနှစ်တုန်းကမန်ယူတွင်ကစားစဉ် Ballon d’Or ဆုကို
ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့တဲ့ရော်နယ်ဒိုဟာယခုရာသီတွင်မန်ယူသို့
တကျော့ပြန်ရောက်နေပြီဖြစ်ပါတယ်။ တကယ်လို့များရော်နယ်ဒိုသာထိုစဉ်က
မန်ယူသို့မပြောင်းဘဲအာဆင်နယ်သို့ပြောင်းပါကလည်းနေရာရရှိရန်မလွယ်ကူပါဘူး။
ထိုစဉ်ကရော်နယ်ဒိုကငယ်ရွယ်ကာအတွေ့အကြုံနုနယ်သေးတဲ့အပြင်
အာဆင်နယ်တွင်ရောဘတ်ပီးရက်စ်နှင့်ဖရက်ဒီယွန်းဘတ်တို့
အကောင်းဆုံးခြေစွမ်းပြနေချိန်ဖြစ်ပါတယ်။
တကယ်လို့များရော်နယ်ဒိုသာအာစင်ဝင်းဂါးလက်အောက်သို့ရောက်သွားခဲ့မယ်လို့
သူ့ကံကြမ္မာဘယ်လိုဖြစ်လာမယ်လို့ထင်လဲ?
zawgyi
ဒိုေလးက ကြၽန္ေတာ္မေခၚယူႏိုင္လို႔ေနာင္တရမိတဲ့ကစားသမားေတြထဲက တစ္ဦးပါ – အာစင္ဝင္းဂါး
အာစင္ဝင္းဂါးကအာဆင္နယ္ကိုကိုင္တြယ္ေနစဥ္ကာလအတြင္းေခၚယူရန္
အနီးစပ္ဆုံးအေနအထားသို႔ေရာက္ၿပီးမွမေခၚယူႏိုင္ခဲ့မႈေၾကာင့္ေနာင္တ
အႀကီးအက်ယ္ရရတဲ့ကစားသမားအမည္ကိုဖြင့္ဟလာပါတယ္။
အာဆင္နယ္ဂႏၴဝင္နည္းျပကမန္ယူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကို
အာဆင္နယ္သို႔မေခၚယူႏိုင္ခဲ့မႈအတြက္အလြန္ေနာင္တရရေၾကာင္း
ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။ အာစင္ဝင္းဂါးဟာ၂၀၀၃-၀၄ရာသီတုန္းက
အာဆင္နယ္ကိုရႈံးပြဲမရွိမွတ္တမ္းျဖင့္ပရီးမီးယားလိဂ္ဖလားရရွိေအာင္
စြမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ဒါေပမယ့္တကယ္လို႔မ်ားဝင္းဂါးသာခရစၥတီယာႏို
ေရာ္နယ္ဒိုကိုေခၚယူႏိုင္ၿပီးအာဆင္နယ္ေတာင္ပံတြင္အသုံးျပဳႏိုင္ခဲ့မယ္ဆိုပါက
ဝင္းဂါးႏွင့္အာဆင္နယ္သမိုင္းမွာအႀကီးအက်ယ္အေျပာင္းအလဲျဖစ္လာႏိုင္ပါတယ္။
ေရာ္နယ္ဒိုဟာ၂၀၀၃ခုႏွစ္မွာစပို႔တင္းလစၥဘြန္းကေနမန္ယူသို႔ေပါင္၁၂.၂၄သန္းျဖင့္
ေျပာင္းခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာထိုစဥ္ကကမာၻ႔အေကာင္းဆုံးလူငယ္မ်ားထဲမွ
တစ္ဦးအျဖစ္ခ်ီးက်ဴးခံရသူျဖစ္ၿပီးသူ႔ကိုေခၚယူလိုသူကလည္းအမ်ားႀကီးပါ။
သူ႔ကိုေခၚယူလိုတဲ့သူေတြထဲမွာအာစင္ဝင္းဂါးလည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။
ဝင္းဂါးကို Invincible 2003-04 Squad အတြက္ဘယ္ကစားသမားကိုေခၚယူ
လိုသလဲလို႔ေမးျမန္းခဲ့ရာျပင္သစ္လူမ်ိဳးနည္းျပကရွင္းရွင္းလင္းလင္းပင္
ေျဖၾကားသြားပါတယ္။ ဝင္းဂါးက “ေရာ္နယ္ဒိုပါ။သူက၂၀၀၄မွာမန္ယူအတြက္
ကစားေနတယ္။သူကကြၽန္ေတာ္မေခၚယူႏိုင္လို႔ေနာင္တရမိတဲ့ကစားသမားေတြထဲက
တစ္ဦးပါ။သူ႔ကိုေခၚယူဖို႔အရမ္းအရမ္းကိုနီးစပ္ခဲ့တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာမန္ယူတြင္အထေႏွးခဲ့ေသာ္လည္းပရီးမီးယားလိဂ္တြင္
ကစားစဥ္ကာလအတြင္းတြင္ပင္ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွ
တစ္ဦးျဖစ္လာခဲ့ပါတယ္။ ၂၀၀၈ခုႏွစ္တုန္းကမန္ယူတြင္ကစားစဥ္ Ballon d’Or ဆုကို
ပထမဆုံးအႀကိမ္ဆြတ္ခူးခဲ့တဲ့ေရာ္နယ္ဒိုဟာယခုရာသီတြင္မန္ယူသို႔
တေက်ာ့ျပန္ေရာက္ေနၿပီျဖစ္ပါတယ္။ တကယ္လို႔မ်ားေရာ္နယ္ဒိုသာထိုစဥ္က
မန္ယူသို႔မေျပာင္းဘဲအာဆင္နယ္သို႔ေျပာင္းပါကလည္းေနရာရရွိရန္မလြယ္ကူပါဘူး။
ထိုစဥ္ကေရာ္နယ္ဒိုကငယ္႐ြယ္ကာအေတြ႕အႀကဳံႏုနယ္ေသးတဲ့အျပင္
အာဆင္နယ္တြင္ေရာဘတ္ပီးရက္စ္ႏွင့္ဖရက္ဒီယြန္းဘတ္တို႔
အေကာင္းဆုံးေျခစြမ္းျပေနခ်ိန္ျဖစ္ပါတယ္။
တကယ္လို႔မ်ားေရာ္နယ္ဒိုသာအာစင္ဝင္းဂါးလက္ေအာက္သို႔ေရာက္သြားခဲ့မယ္လို႔
သူ႔ကံၾကမၼာဘယ္လိုျဖစ္လာမယ္လို႔ထင္လဲ?