ဒီကစားသမားတွေနဲ့ဆိုရင် ဆိုးလ်ရှားအလုပ်ပြုတ်မှာလို့ ဆိုလိုက်တဲ့ရွိုင်ကိန်း

အိုးလ်ထရက်ဖို့ဒ်မှာ နောက်ထပ်စိတ်ပျက်စရာရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် မန်ယူဂန္ထဝင်ဟောင်းရွိုင်ကိန်းက ဒီကစားသမားတွေနဲ့ဆိုရင်တော့ ဆိုးလ်ရှားအလုပ်ပြုတ်မှာလို့ သတိပေးစကားဆိုလိုက်ပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူနည်းပြဘဝပွဲ ၁၀၀ ပြည့်ဟာ ဒီရာသီပရီးမီးယားလိဂ်အိမ်ကွင်း ၄ ပွဲက တတိယမြောက်အိမ်ကွင်းရှုံးပွဲနဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူဟာလည်း လွန်ခဲ့တဲ့ ၇ နှစ်က ဒေးဗစ်မိုယက်စ်လက်ထက်နောက်ပိုင်း အဆိုးဆုံးရာသီတာထွက်နဲ့ကြုံနေရတာဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၅ နေရာကိုရောက်ရှိနေတာပါ။

ဒီအတွက် ရုပ်သံဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့အသင်းကွင်းလယ်လူဟောင်းရွိုင်ကိန်းကတော့ ကစားသမားတွေကို အပြင်းအထန်ပြစ်တင်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

အထူးသဖြင့် ရွိုင်ကိန်းဟာ ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ဝေဖန်ခဲ့တာဖြစ်ပြီး သူတို့တွေကြောင့် ဆိုးလ်ရှားအလုပ်ပြုတ်နိုင်တယ်လို့ ယုံကြည်နေတာပါ။

“ဆိုးလ်ရှားကတော့ ပေးဆပ်ရမှုကြီးမားတော့မှာပါ။ ဒီကစားသမားတွေနဲ့ဆက်ပြီး အလုပ်လုပ်နေမယ်ဆိုရင် သိပ်မကြာဘူး သူပြုတ်မှာပါ။ ကျွန်တော်တို့အားလုံး သူ့ကို ကြိုက်ကြပါတယ်။ သူဟာ ကောင်းမွန်တဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ အခုကျရောက်နေတဲ့ဖိအားကနေ တကယ့်အခြေအနေမှန်ကို ကြာရင် သူသိလာပါလိ့မ်မယ်။

မန်ယူဟာ လီဗာပူး၊ မန်စီးတီးတို့ရဲ့အဆင့်အတန်းနားမှာလို့ ကျွန်တောင် တစ်ခါမှ မထင်ခဲ့ဖူးပါဘူး။ အဲဒါ မေ့လိုက်ပါဗျာ။ ဒီနှုန်းအတိုင်းဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒီရာသီက ဆိုးလ်ရှားအတွက် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လစ်ပုံစံမျိုးဖြစ်နေပါပြီ။ လောလောဆယ်တော့ သူ့အတွက် အခြေအနေမကောင်းပါဘူး”လို့ ရွိုင်ကိန်းက သုံးသပ်ခဲ့တာပါ။

Zawgyi

ဒီကစားသမားေတြနဲ႔ဆုိရင္ ဆုိးလ္ရွားအလုပ္ျပဳတ္မွာလုိ႔ ဆိုလိုက္တဲ့ရြိဳင္ကိန္း

အုိးလ္ထရက္ဖုိ႔ဒ္မွာ ေနာက္ထပ္စိတ္ပ်က္စရာရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ မန္ယူဂႏၳ၀င္ေဟာင္းရြိဳင္ကိန္းက ဒီကစားသမားေတြနဲ႔ဆုိရင္ေတာ့ ဆုိးလ္ရွားအလုပ္ျပဳတ္မွာလို႔ သတိေပးစကားဆိုလိုက္ပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူနည္းျပဘ၀ပြဲ ၁၀၀ ျပည့္ဟာ ဒီရာသီပရီးမီးယားလိဂ္အိမ္ကြင္း ၄ ပြဲက တတိယေျမာက္အိမ္ကြင္းရႈံးပြဲနဲ႔ အဆုံးသတ္ခဲ့ရတာ ျဖစ္ပါတယ္။

မန္ယူဟာလည္း လြန္ခဲ့တဲ့ ၇ ႏွစ္က ေဒးဗစ္မိုယက္စ္လက္ထက္ေနာက္ပိုင္း အဆိုးဆုံးရာသီတာထြက္နဲ႔ႀကံဳေနရတာျဖစ္ၿပီး လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၁၅ ေနရာကိုေရာက္ရွိေနတာပါ။

ဒီအတြက္ ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့အသင္းကြင္းလယ္လူေဟာင္းရြိဳင္ကိန္းကေတာ့ ကစားသမားေတြကို အျပင္းအထန္ျပစ္တင္ေ၀ဖန္မႈျပဳလုပ္ခဲ့ပါတယ္။

အထူးသျဖင့္ ရြိဳင္ကိန္းဟာ ကစားသမားေတြရဲ႕စိတ္ပိုင္းဆုိင္ရာနဲ႔ပတ္သက္လုိ႔ ေ၀ဖန္ခဲ့တာျဖစ္ၿပီး သူတုိ႔ေတြေၾကာင့္ ဆုိးလ္ရွားအလုပ္ျပဳတ္ႏိုင္တယ္လုိ႔ ယုံၾကည္ေနတာပါ။

“ဆုိးလ္ရွားကေတာ့ ေပးဆပ္ရမႈႀကီးမားေတာ့မွာပါ။ ဒီကစားသမားေတြနဲ႔ဆက္ၿပီး အလုပ္လုပ္ေနမယ္ဆုိရင္ သိပ္မၾကာဘူး သူျပဳတ္မွာပါ။ ကၽြန္ေတာ္တုိ႔အားလုံး သူ႔ကို ႀကိဳက္ၾကပါတယ္။ သူဟာ ေကာင္းမြန္တဲ့လူတစ္ေယာက္ပါ။ ဒါေပမဲ့ အခုက်ေရာက္ေနတဲ့ဖိအားကေန တကယ့္အေျခအေနမွန္ကို ၾကာရင္ သူသိလာပါလိ့မ္မယ္။

မန္ယူဟာ လီဗာပူး၊ မန္စီးတီးတုိ႔ရဲ႕အဆင့္အတန္းနားမွာလုိ႔ ကၽြန္ေတာင္ တစ္ခါမွ မထင္ခဲ့ဖူးပါဘူး။ အဲဒါ ေမ့လုိက္ပါဗ်ာ။ ဒီႏႈန္းအတုိင္းဆုိရင္ေတာ့ ဘာမွျဖစ္လာမွာ မဟုတ္ဘူး။ ဒီရာသီက ဆုိးလ္ရွားအတြက္ ျဖစ္ရင္ျဖစ္၊ မျဖစ္ရင္လစ္ပုံစံမ်ိဳးျဖစ္ေနပါၿပီ။ ေလာေလာဆယ္ေတာ့ သူ႔အတြက္ အေျခအေနမေကာင္းပါဘူး”လို႔ ရြိဳင္ကိန္းက သုံးသပ္ခဲ့တာပါ။