
ဒီဂီယာဆီက နံပါတ် ၁ နေရာကို မရနိုင်ဘူးဆိုရင် ဂိုးသမားဒင်းဟန်ဒါဆန်ဟာ
မန်ယူက ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဟန်ဒါဆန်ဟာ
လာမယ့်ဇန်နဝါရီမှာ သူအသင်းပြောင်းလို့ ရနိုင်ဖွယ်မရှိဘူးဆိုတာကို လက်ခံထားပါတယ်။
တင်ပါးဒဏ်ရာပြသနာကြောင့် ယူရို ၂၀၂၀ လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီးကတည်းက
ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းမှာ ၃ ကြိမ်ဆက်အဖြစ် ရွေးချယ်ခြင်းမခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်နေရာအတွက် ဟန်ဒါဆန်နဲ့အပြိုင်ဖြစ်ခဲ့ပေမယ့်
ဒီဂီယာဟာ မန်ယူရဲ့နံပါတ် ၁ အဖြစ် ရှိနေဆဲပါပဲ။ ဗီလာကနေ ပြန်လာတဲ့
တွမ်ဟီတန်ကြောင့် အိုးလ်ထရက်ဖို့ဒ်က ဂိုးသမားအခြေအနေဟာ
ပိုရှုပ်ထွေးသွားပြီး ပြိုင်ဆိုင်မှုလည်း ပိုကြီးမားလာပါတယ်။
ဟန်ဒါဆန်က ယူနိုက်တက်မှာ ဆက်နေချင်ပေမယ့် ဒီရာသီ တစ်ပွဲသာ
ကစားခွင့်ရထားလို့ သူ့ကစားသမားဘ၀ ထိခိုက်မှာကို စိုးရိမ်နေတာပါ။ သူဟာ
ပြီးခဲ့ဲတဲ့စက်တင်ဘာက ဝက်စ်ဟမ်းကိုရှုံးနိမ့်ခဲ့တဲ့ကာရာဘောင်းဖလားမှာ ကစားခွင့်ရခဲ့တာပါ။
ဟန်ဒါဆန်အနေနဲ့ မန်ယူမှာရော အင်္ဂလန်မှာပါ နံပါတ် ၁ ဖြစ်ချင်တဲ့ဆန္ဒကို
ထုတ်ဖော်ပြောကြားထားပြီး လာမယ့်နှစ်ကမ္ဘာ့ဖလားအတွက်
ဆောက်ဂိတ်ရဲ့အသင်းမှာ ပါဝင်ချင်နေတာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကပဲ
တစ်ပတ်ပေါင် ၁၂၀၀၀၀ တန်ကြေးရှိ စာချုပ်ချုပ်ခဲ့တဲ့ ဟန်ဒါဆန်ဟာ
မန်ယူနဲ့ ၄ နှစ်ခွဲ စာချုပ်သက်တမ်းကျန်နေသေးတာပါ။
သူဟာ လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းဖို့ စဉ်းစားမှာဖြစ်ပြီး
နယူးကာဆယ်ဟာ ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်တယ်လို့ နားလည်ရပေမယ့်
ယူနိုက်တက်ကတော့ ရာသီကြားကာလမှာ သူ့ကို ထွက်ခွာခွင့်ပြုဖွယ် မရှိပါဘူး။
မန်ယူမှာ ကွင်းလယ်လူဗန်ဒီဘိခ်နဲ့ နောက်ခံလူဖီးလ်ဂျုံးစ်တို့ဟာလည်း
လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းဖို့အခွင့်အရေးရှာဖွယ်ရှိပါတယ်။
ယူနိုက်တက်ဟာ ပေါ့ဂ်ဘာနဲ့လင်ဂတ်တို့ရဲ့အနာဂါတ်ကိုလည်း ဖြေရှင်းလိုပေပမယ့်
နှစ်ယောက်စလုံးက ရာသီကုန်တာနဲ့ အလွတ်ပြောင်းဖို့ များနေပါတယ်။
zawgyi
ဒီဂီယာဆီက နံပါတ္ ၁ ေနရာကို မရႏိုင္ဘူးဆိုရင္ ဂိုးသမားဒင္းဟန္ဒါဆန္ မန္ယူက ထြက္ခြာမယ္
ဒီဂီယာဆီက နံပါတ္ ၁ ေနရာကို မရႏိုင္ဘူးဆိုရင္ ဂိုးသမားဒင္းဟန္ဒါဆန္ဟာ
မန္ယူက ထြက္ခြာခ်င္ေနတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ဟန္ဒါဆန္ဟာ
လာမယ့္ဇန္နဝါရီမွာ သူအသင္းေျပာင္းလို႔ ရႏိုင္ဖြယ္မရွိဘူးဆိုတာကို လက္ခံထားပါတယ္။
တင္ပါးဒဏ္ရာျပသနာေၾကာင့္ ယူ႐ို ၂၀၂၀ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရၿပီးကတည္းက
ဟန္ဒါဆန္ဟာ အဂၤလန္အသင္းမွာ ၃ ႀကိမ္ဆက္အျဖစ္ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရတာပါ။
ၿပီးခဲ့တဲ့ရာသီမွာ ပြဲထြက္ေနရာအတြက္ ဟန္ဒါဆန္နဲ႔အၿပိဳင္ျဖစ္ခဲ့ေပမယ့္
ဒီဂီယာဟာ မန္ယူရဲ႕နံပါတ္ ၁ အျဖစ္ ရွိေနဆဲပါပဲ။ ဗီလာကေန ျပန္လာတဲ့
တြမ္ဟီတန္ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္က ဂိုးသမားအေျခအေနဟာ
ပိုရႈပ္ေထြးသြားၿပီး ၿပိဳင္ဆိုင္မႈလည္း ပိုႀကီးမားလာပါတယ္။
ဟန္ဒါဆန္က ယူႏိုက္တက္မွာ ဆက္ေနခ်င္ေပမယ့္ ဒီရာသီ တစ္ပြဲသာ
ကစားခြင့္ရထားလို႔ သူ႔ကစားသမားဘ၀ ထိခိုက္မွာကို စိုးရိမ္ေနတာပါ။
သူဟာ ၿပီးခဲ့ဲတဲ့စက္တင္ဘာက ဝက္စ္ဟမ္းကိုရႈံးနိမ့္ခဲ့တဲ့ကာရာေဘာင္းဖလားမွာ
ကစားခြင့္ရခဲ့တာပါ။
ဟန္ဒါဆန္အေနနဲ႔ မန္ယူမွာေရာ အဂၤလန္မွာပါ နံပါတ္ ၁ ျဖစ္ခ်င္တဲ့ဆႏၵကို
ထုတ္ေဖာ္ေျပာၾကားထားၿပီး လာမယ့္ႏွစ္ကမာၻ႔ဖလားအတြက္
ေဆာက္ဂိတ္ရဲ႕အသင္းမွာ ပါဝင္ခ်င္ေနတာပါ။ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လကပဲ
တစ္ပတ္ေပါင္ ၁၂၀၀၀၀ တန္ေၾကးရွိ စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့ ဟန္ဒါဆန္ဟာ
မန္ယူနဲ႔ ၄ ႏွစ္ခြဲ စာခ်ဳပ္သက္တမ္းက်န္ေနေသးတာပါ။
သူဟာ လာမယ့္ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ စဥ္းစားမွာျဖစ္ၿပီး
နယူးကာဆယ္ဟာ ေ႐ြးခ်ယ္စရာေတြထဲက တစ္ခုျဖစ္တယ္လို႔ နားလည္ရေပမယ့္
ယူႏိုက္တက္ကေတာ့ ရာသီၾကားကာလမွာ သူ႔ကို ထြက္ခြာခြင့္ျပဳဖြယ္ မရွိပါဘူး။
မန္ယူမွာ ကြင္းလယ္လူဗန္ဒီဘိခ္နဲ႔ ေနာက္ခံလူဖီးလ္ဂ်ဳံးစ္တို႔ဟာလည္း
လာမယ့္ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔အခြင့္အေရးရွာဖြယ္ရွိပါတယ္။
ယူႏိုက္တက္ဟာ ေပါ့ဂ္ဘာနဲ႔လင္ဂတ္တို႔ရဲ႕အနာဂါတ္ကိုလည္း ေျဖရွင္းလိုေပပမယ့္
ႏွစ္ေယာက္စလုံးက ရာသီကုန္တာနဲ႔ အလြတ္ေျပာင္းဖို႔ မ်ားေနပါတယ္။