ဒီဇန်နဝါရီမှာပဲ မန်ယူက ထွက်ဖို့ တိုက်တွန်းခံရတဲ့ ဗန်ဒီဘိခ်

ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရချင်တယ်ဆိုရင် ကွင်းလယ်လူဗန်ဒီဘိခ်အနေနဲ့ ဒီဇန်နဝါရီမှာပဲ မန်ယူကထွက်ဖို့ စဉ်းစားသင့်ကြောင်း နယ်သာလန်ဂန္ထဝင်ဟောင်းရော်နယ်ဒီဘိုးဝါးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အဲဒီနယ်သာလန်သားဟာ မန်ယူမှာ အခုချိန်ထိ အခွင့်အရေးမရဖြစ်နေဆဲဖြစ်ပြီး အေဂျက်ကနေ ပေါင်သန်း ၄၀ နဲ့ ရောက်လာပြီးကတည်းက တစ်ရာသီလုံးမှာ ပရီးမီးယားလိဂ် ၂ ပွဲနဲ့ ချန်ပီယံလိဂ် ၃ ပွဲသာ ပွဲထွက်အနေနဲ့ ပါဝင်ခွင့်ရခဲ့တာပါ။

၂၃ နှစ်အရွယ် ဗန်ဒီဘိခ်ဟာ မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှာလည်း ပွဲပြီးခါနီးမှ လူစားဝင်အဖြစ် ကစားရတာဖြစ်ကာ အဲဒီပြိုင်ပွဲရဲ့အရင်အဆင့်တွေမှာတုန်းက ပွဲထွက်အဖြစ် အမြဲပါခဲ့ရတာပါ။

ဒါကြောင့်လည်း ပွဲကစားရချိန်နဲ့ပတ်သက်ပြီး အခြေအနေသာ တိုးတက်မလာဘူးဆိုရင် ဒီဇန်နဝါရီအပြောင်းအရွှေ့မှာပဲ မန်ယူကထွက်ဖို့ အေဂျက်ဂန္ထဝင်ဟောင်းရော်နယ်ဒီဘိုးဝါးက တိုက်တွန်းခဲ့တာပါ။

”ယူရိုပြိုင်ပွဲက ရောက်လာတော့မှာဖြစ်ပြီး သူကလည်း အဲဒီမှာ သေချာပေါက်ပါဝင်ကစားချင်မှာပါ။ သူတို့လိုချင်တဲ့အတိအကျက ဘာလဲဆိုတာကို ကလပ်နဲ့ဆွေးနွေးမယ်ဆိုရင် သူ့အတွက် ပိုကောင်းမှာပါ။ ဘာမှထူးမလာဘူးဆိုရင်တော့ အငှား ဒါမှမဟုတ် ရောင်းချဖို့တောင် သူ့ဘက်က ပြောသင့်တယ်”လို့ ဒီဘိုးဝါးက ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီအေဂျက်အတွက် ၁၀ ဂိုးသွင်း၊ ၁၁ ဂိုးဖန်တီးခဲ့ပြီးနောက် ဗန်ဒီဘိခ်ဟာ မျှော်လင့်ချက်များစွာနဲ့ မန်ယူကိုရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ အဲဒီနယ်သာလန်သားဟာ အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာပြီးကတည်းက ဆိုးလ်ရှားရဲ့အသင်းအတွက် တစ်ဂိုးသာ သွင်းယူနိုင်ပါသေးတယ်။

ဒီဘိုးဝါးကတော့ ဗန်ဒီဘိခ်ရဲ့ကစားပုံစတိုင်ဟာ အင်္ဂလန်မှာထက်စာရင် စပိန်မှာက ပိုပြီးသင့်တော်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

Zawgyi

ဒီဇန္န၀ါရီမွာပဲ မန္ယူက ထြက္ဖို႔ တိုက္တြန္းခံရတဲ့ ဗန္ဒီဘိခ္

ယူရိုၿပိဳင္ပဲြမွာ ပါ၀င္ခြင့္ရခ်င္တယ္ဆုိရင္ ကြင္းလယ္လူဗန္ဒီဘိခ္အေနနဲ႔ ဒီဇန္န၀ါရီမွာပဲ မန္ယူကထြက္ဖုိ႔ စဥ္းစားသင့္ေၾကာင္း နယ္သာလန္ဂႏၳ၀င္ေဟာင္းေရာ္နယ္ဒီဘိုး၀ါးက တုိက္တြန္းေျပာၾကားလိုက္ပါတယ္။

အဲဒီနယ္သာလန္သားဟာ မန္ယူမွာ အခုခ်ိန္ထိ အခြင့္အေရးမရျဖစ္ေနဆဲျဖစ္ၿပီး ေအဂ်က္ကေန ေပါင္သန္း ၄၀ နဲ႔ ေရာက္လာၿပီးကတည္းက တစ္ရာသီလုံးမွာ ပရီးမီးယားလိဂ္ ၂ ပြဲနဲ႔ ခ်န္ပီယံလိဂ္ ၃ ပြဲသာ ပြဲထြက္အေနနဲ႔ ပါ၀င္ခြင့္ရခဲ့တာပါ။

၂၃ ႏွစ္အရြယ္ ဗန္ဒီဘိခ္ဟာ မန္စီးတီးကိုရႈံးနိမ့္ခဲ့တဲ့ကာရာေဘာင္းဖလားဆီမီးဖုိင္နယ္မွာလည္း ပြဲၿပီးခါနီးမွ လူစား၀င္အျဖစ္ ကစားရတာျဖစ္ကာ အဲဒီၿပိဳင္ပြဲရဲ႕အရင္အဆင့္ေတြမွာတုန္းက ပြဲထြက္အျဖစ္ အၿမဲပါခဲ့ရတာပါ။

ဒါေၾကာင့္လည္း ပြဲကစားရခ်ိန္နဲ႔႔ပတ္သက္ၿပီး အေျခအေနသာ တုိးတက္မလာဘူးဆုိရင္ ဒီဇန္န၀ါရီအေျပာင္းအေရႊ႕မွာပဲ မန္ယူကထြက္ဖုိ႔ ေအဂ်က္ဂႏၳ၀င္ေဟာင္းေရာ္နယ္ဒီဘိုး၀ါးက တိုက္တြန္းခဲ့တာပါ။

”ယူရိုၿပိဳင္ပြဲက ေရာက္လာေတာ့မွာျဖစ္ၿပီး သူကလည္း အဲဒီမွာ ေသခ်ာေပါက္ပါ၀င္ကစားခ်င္မွာပါ။ သူတို႔လုိခ်င္တဲ့အတိအက်က ဘာလဲဆုိတာကို ကလပ္နဲ႔ေဆြးေႏြးမယ္ဆုိရင္ သူ႔အတြက္ ပိုေကာင္းမွာပါ။ ဘာမွထူးမလာဘူးဆုိရင္ေတာ့ အငွား ဒါမွမဟုတ္ ေရာင္းခ်ဖို႔ေတာင္ သူ႔ဘက္က ေျပာသင့္တယ္”လုိ႔ ဒီဘုိး၀ါးက ဆုိခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီေအဂ်က္အတြက္ ၁၀ ဂိုးသြင္း၊ ၁၁ ဂိုးဖန္တီးခဲ့ၿပီးေနာက္ ဗန္ဒီဘိခ္ဟာ ေမွ်ာ္လင့္ခ်က္မ်ားစြာနဲ႔ မန္ယူကိုေရာက္ရွိလာခဲ့တာပါ။

ဒါေပမဲ့ အဲဒီနယ္သာလန္သားဟာ အိုးလ္ထရက္ဖုိ႔ဒ္ကိုေရာက္လာၿပီးကတည္းက ဆိုးလ္ရွားရဲ႕အသင္းအတြက္ တစ္ဂိုးသာ သြင္းယူႏိုင္ပါေသးတယ္။

ဒီဘိုး၀ါးကေတာ့ ဗန္ဒီဘိခ္ရဲ႕ကစားပုံစတိုင္ဟာ အဂၤလန္မွာထက္စာရင္ စပိန္မွာက ပိုၿပီးသင့္ေတာ္တယ္လုိ႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။