ဒီညပွဲမှာ ဖူလ်ဟမ်သာ အတောင့်တင်းဆုံးလူစာရင်း ထုတ်သုံးလာရင် တောင်းပန်သင့်တယ်လို့ မော်ရင်ညို ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖူလ်ဟမ်အသင်းအနေနဲ့ ယနေ့ညကစားရမယ့် စပါးနဲ့ပွဲမှာ အတောင့်တင်းဆုံးလူစာရင်း ထုတ်သုံးလာမယ်ဆိုရင် မိမိတို့အားလုံးကို တောင်းပန်သင့်တယ်လို့ စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုက ပြောပါတယ်။


စပါးဟာ မူလက ဖူလ်ဟမ်နဲ့ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကစားရမှာဖြစ်ပေမယ့် ဖူလ်ဟမ်အသင်းမှာ ကိုဗစ်ဖြစ်နေသူတွေ များနေလို့ ပွဲကစားဖို့ နာရီပိုင်းအလိုမှာပဲ ပွဲရွှေ့ဆိုင်းလိုက်ရပြီး အဲဒီလိုအနားကပ်မှ ရွှေ့ဆိုင်းလိုက်ရတာကို မော်ရင်ညိုက စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပါတယ်။


ဒီညမှာ စပါးက ဗီလာနဲ့ကစားရမှာဖြစ်ပေမယ့် ဗီလာအသင်းကလည်း ကိုဗစ် Outbreak ဖြစ်နေလို့ ရွှေ့ဆိုင်းလိုက်ရပြီးနောက် ဖူလ်ဟမ်နဲ့အစားထိုးကစားရမှာဖြစ်ပြီး ဖူလ်ဟမ်အသင်းနည်းပြ စကော့ပါကားက ၄၈ နာရီအလိုကျမှ ပွဲကစားဖို့ သိရခြင်းအပေါ် ဒေါသထွက်နေသလို ဒီလိုကန်ရတာက ကျော်မကောင်းကြားမကောင်းတဲ့ဖြစ်ရပ်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။


စပါးအသင်းဟာ ၁၆ပွဲကစားပြီးချိန်မှာ ၂၉ မှတ်ရရှိထားပြီး မော်ရင်ညိုကတော့ ဖူလ်ဟမ်အနေနဲ့ ဒီညပွဲမှာ တောင့်တင်းတဲ့လူစာရင်း ထုတ်သုံးလာဖို့ မျှော်လင့်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

”ဖူလ်ဟမ်ဟာ စနေနေ့က လန်ဒန်မှာ ကျူပီအာနဲ့ကစားခဲ့ပြီး ဒီညပွဲအတွက် ပြင်ဆင်ချိန် တနင်္ဂနွေ၊ တနင်္လာနဲ့ အင်္ဂါ ၃ရက်တောင် ရခဲ့ပါတယ်။ တကယ်လို့ သူတို့သာ လူစာရင်း တစ်ဝက်လောက်နဲ့ပဲ ဒီကိုရောက်လာမယ်ဆိုရင် သူတို့ကို အရင်ဆုံးတောင်းပန်မှာက ကျွန်တော်ပဲဖြစ်နေပါလိမ့်မယ်”


”အဲဒီလိုဆိုရင် ကိုယ်တွေအသင်း အသာစီးရသွားမယ်လို့ ပြောမှာလည်း ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်။ တကယ်လို့ ဖူလ်ဟမ်အနေနဲ့ အကောင်းဆုံးလူစာရင်း ထုတ်သုံးလာရင် ကျွန်တော်တို့အားလုံးကို တောင်းပန်သင့်တယ်လို့ ထင်ပါတယ်”


”ကိုယ့်ရဲ့အကောင်းဆုံးလုပ်နိုင်စွမ်းကို ယုံကြည်ပြီး ဘောလုံးကစားကြတာပေါ့။ ကျွန်တော်တို့ရဲ့ဘောလုံးလောကကြီးကို အတူတူကာကွယ်ပြီး ကစားကြတာပေါ့”လို့ မော်ရင်ညိုက ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဒီညပြဲမွာ ဖူလ္ဟမ္သာ အေတာင့္တင္းဆုံးလူစာရင္း ထုတ္သုံးလာရင္ ေတာင္းပန္သင့္တယ္လုိ႔ ေမာ္ရင္ညိဳ ေျပာ
ဖူလ္ဟမ္အသင္းအေနနဲ႔ ယေန႔ညကစားရမယ့္ စပါးနဲ႔ပြဲမွာ အေတာင့္တင္းဆုံးလူစာရင္း ထုတ္သုံးလာမယ္ဆုိရင္ မိမိတုိ႔အားလုံးကို ေတာင္းပန္သင့္တယ္လုိ႔ စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳက ေျပာပါတယ္။

စပါးဟာ မူလက ဖူလ္ဟမ္နဲ႔ပြဲကို ဒီဇင္ဘာလ ၃၀ ရက္ေန႔မွာ ကစားရမွာျဖစ္ေပမယ့္ ဖူလ္ဟမ္အသင္းမွာ ကိုဗစ္ျဖစ္ေနသူေတြ မ်ားေနလုိ႔ ပြဲကစားဖုိ႔ နာရီပုိင္းအလုိမွာပဲ ပြဲေရႊ႕ဆုိင္းလုိက္ရၿပီး အဲဒီလုိအနားကပ္မွ ေရႊ႕ဆုိင္းလုိက္ရတာကို ေမာ္ရင္ညိဳက စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ပါတယ္။
ဒီညမွာ စပါးက ဗီလာနဲ႔ကစားရမွာျဖစ္ေပမယ့္ ဗီလာအသင္းကလည္း ကုိဗစ္ Outbreak ျဖစ္ေနလုိ႔ ေရႊ႕ဆုိင္းလုိက္ရၿပီးေနာက္ ဖူလ္ဟမ္နဲ႔အစားထုိးကစားရမွာျဖစ္ၿပီး ဖူလ္ဟမ္အသင္းနည္းျပ စေကာ့ပါကားက ၄၈ နာရီအလုိက်မွ ပဲြကစားဖို႔ သိရျခင္းအေပၚ ေဒါသထြက္ေနသလုိ ဒီလိုကန္ရတာက ေက်ာ္မေကာင္းၾကားမေကာင္းတဲ့ျဖစ္ရပ္ျဖစ္တယ္လုိ႔ စြပ္စြဲခဲ့ပါတယ္။
စပါးအသင္းဟာ ၁၆ပြဲကစားၿပီးခ်ိန္မွာ ၂၉ မွတ္ရရွိထားၿပီး ေမာ္ရင္ညိဳကေတာ့ ဖူလ္ဟမ္အေနနဲ႔ ဒီညပြဲမွာ ေတာင့္တင္းတဲ့လူစာရင္း ထုတ္သုံးလာဖုိ႔ ေမွ်ာ္လင့္ထားၿပီးျဖစ္တယ္လုိ႔ ေျပာပါတယ္။
”ဖူလ္ဟမ္ဟာ စေနေန႔က လန္ဒန္မွာ က်ဴပီအာနဲ႔ကစားခဲ့ၿပီး ဒီညပြဲအတြက္ ျပင္ဆင္ခ်ိန္ တနဂၤေႏြ၊ တနလၤာနဲ႔ အဂၤါ ၃ရက္ေတာင္ ရခဲ့ပါတယ္။ တကယ္လုိ႔ သူတုိ႔သာ လူစာရင္း တစ္၀က္ေလာက္နဲ႔ပဲ ဒီကိုေရာက္လာမယ္ဆုိရင္ သူတုိ႔ကို အရင္ဆုံးေတာင္းပန္မွာက ကၽြန္ေတာ္ပဲျဖစ္ေနပါလိမ့္မယ္”
”အဲဒီလိုဆုိရင္ ကိုယ္ေတြအသင္း အသာစီးရသြားမယ္လုိ႔ ေျပာမွာလည္း ကၽြန္ေတာ္ပဲျဖစ္ပါလိမ့္မယ္။ တကယ္လုိ႔ ဖူလ္ဟမ္အေနနဲ႔ အေကာင္းဆုံးလူစာရင္း ထုတ္သုံးလာရင္ ကၽြန္ေတာ္တုိ႔အားလုံးကို ေတာင္းပန္သင့္တယ္လုိ႔ ထင္ပါတယ္”

”ကိုယ့္ရဲ႕အေကာင္းဆုံးလုပ္ႏုိင္စြမ္းကို ယုံၾကည္ၿပီး ေဘာလုံးကစားၾကတာေပါ့။ ကၽြန္ေတာ္တုိ႔ရဲ႕ေဘာလုံးေလာကႀကီးကို အတူတူကာကြယ္ၿပီး ကစားၾကတာေပါ့”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။