ဒီည ဘန်ဒီဘိခ် ပွဲထွက်ကစားမယ်….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ဝက်ဖို့ဒ်နဲ့ကစားမယ့် FA ဖလား တတိယအဆင့်ပွဲမှာ ကစားသမားတချို့ အပြောင်းအလဲလုပ်ပြီး ပွဲထွက်လာဖို့ရှိနေပါတယ်။ ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်အသင်းတို့ဟာ ဒီနေ့ည (မြန်မာစံတော်ချိန် တနင်္ဂနွေ မနက် ၂း၃၀)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဆိုးလ်ရှားက ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ အတည်ပြုထားပါတယ်။

ဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်ကို No 10 Role နေရာမှာ အသုံးပြုသွားဖို့ ရှိနေပြီး သူနဲ့အတူ ဂရင်းဝုဒ်၊ မာတာ၊ ဒန်နီယဲလ်ဂျိမ်းစ်တို့ကို တိုက်စစ်အတွဲအဖက်မှာ ထုတ်သုံးသွားမယ့်အနေအထားပါပဲ။ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး (၉)ပွဲဆက်မှာ ပါဝင်ကစားခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ နောက်ဆုံး (၁၉)ပွဲဆက် ကစားခဲ့ရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့ကိုတော့ ဒီပွဲမှာ အနားပေးသွားဖို့ရှိပါတယ်။

ရှက်ဖီးယူနိုက်တက်က အငှားခေါ်ဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ လင်ဂတ်ကလည်း ဒီပွဲမှာ ပါဝင်ကစားခွင့်ရဖို့ ရှိနေသလို အသင်းနဲ့ အငှားစာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အီဂါလိုဟာ ပွဲထွက်ခွင့် မရရင်တောင် လူစားဝင်ကစားခွင့်ရပြီး ယူနိုက်တက်အသင်းကို နှုတ်ဆက်ခွင့်ရမယ်လို့ ယူဆရမှာပါ။

ခံစစ်မှာတော့ ဒဏ်ရာက ပြန်လာပြီးနောက်ပိုင်း ခြေစွမ်းပြနေတဲ့ ဘိုင်လီကို လူငယ်နောက်ခံလူ တွမ်ဇီဘီနဲ့ တွဲဖက်ကစားဖို့ ရှိနေပြီး ညာနောက်ခံလူနေရာမှာ ဘစ်ဆာကာကို အနားပေးမယ့်အနေအထားကြောင့် ဘရန်ဒန်ဝီလီယံစ်က အဲဒီနေရာမှာ ဝင်ကစားဖို့ရှိပါတယ်။

ဘယ်နောက်ခံလူနေရာမှာ တဲလက်စ်ရှိနေတာကြောင့် လုခ်ရှောကို အနားပေးမယ့်အနေအထားပါပဲ။ ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်းရလဒ်တွေ ဆိုးရွားနေတဲ့ ယူနိုက်တက်အသင်းဟာ အခု ဝက်ဖို့ဒ်နဲ့ကစားမယ့် FA ဖလား အိမ်ကွင်းပွဲစဉ်မှာ နည်းပြဆိုးလ်ရှားက အဓိက ကစားသမားတချို့ကို အနားပေးသွားဖို့ ရှိတာကြောင့် ယူနိုက်တက်တို့ ရလဒ်ကောင်း ရယူပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကို ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားသမား နေရာပေးသွားမယ့် အကြောင်းကိုလည်း ဆိုးလ်ရှားက “ဗန်ဒီဘိခ် ပွဲထွက်ကစားခွင့်နဲ့ ပတ်သတ်ပြီး ကျွန်တော် ရှေ့မှာ အများကြီး ဖြေခဲ့ပြီးပါပြီ။ တချို့ ကစားသမားတွေဟာ ပွဲထွက်ခွင့်ရဖို့ အချိန် အနည်းငယ် လိုအပ်လေ့ ရှိပါတယ်။ ကျွန်တော်တို့ အသင်းမှာ ဒီလို ကစားသမားတွေ အများကြီး ရှိပါတယ်။ ပြီးတော့ တခြားအသင်းတွေမှာလည်း ဒီလို ကစားသမားတွေ ရှိပါတယ်။ တစ်ခါတလေ ကစားသမားတွေ ဟာ အသင်းသစ်မှာ အသားကျဖို့ အချိန်လိုအပ်ပါတယ်။

အခုလို အချိန်မှာ သူ့ကစားခွင့်မရသေးတာနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့သူတွေကို တိတ်တိတ်နေပေးဖို့တားဆီးလို့ မရပါဘူး။ သူတို့က ဗန်ဒီဘိခ် အကောင်းဆုံး ဖြစ်နေတာကိုပဲ မြင်ချင်ကြတာလေ။ ဒွန်နီက ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ် မှာ ကျိန်းသေပေါက် ကစားသွားမှာပါ။ ကျွန်တော် သူနဲ့ စကားပြောပြီးပါပြီ။ သူက ကျွန်တော်တို့ကို အများကြီး အံ့အားသင့်စေခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်” လို့ ပြောကြား သွားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်ကစားသမားဟောင်း ဗန်ဒါးဆားကြောင့် အေဂျက်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာတဲ့ အသက် ၂၃နှစ် အရွယ်ရှိ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဒီနှစ် ဘောလုံးရာသီမှာ အသင်းအတွက် (၇၆၂) မိနစ်သာ ပါဝင်ကစားထားရသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီည ဘန္ဒီဘိခ္ ပြဲထြက္ကစားမယ္….

ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားဟာ ဝက္ဖို႔ဒ္နဲ႔ကစားမယ့္ FA ဖလား တတိယအဆင့္ပြဲမွာ ကစားသမားတခ်ိဳ႕ အေျပာင္းအလဲလုပ္ၿပီး ပြဲထြက္လာဖို႔ရွိေနပါတယ္။ ယူႏိုက္တက္နဲ႔ ဝက္ဖို႔ဒ္အသင္းတို႔ဟာ ဒီေန႔ည (ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြ မနက္ ၂း၃၀)မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ဆိုးလ္ရွားက ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ပြဲထြက္လူစာရင္းမွာ အသုံးျပဳမယ္လို႔ အတည္ျပဳထားပါတယ္။ ဆိုးလ္ရွားအေနနဲ႔ ဗန္ဒီဘိခ္ကို No 10 Role ေနရာမွာ အသုံးျပဳသြားဖို႔ ရွိေနၿပီး သူနဲ႔အတူ ဂရင္းဝုဒ္၊ မာတာ၊ ဒန္နီယဲလ္ဂ်ိမ္းစ္တို႔ကို တိုက္စစ္အတြဲအဖက္မွာ ထုတ္သုံးသြားမယ့္အေနအထားပါပဲ။ ယူႏိုက္တက္အသင္းရဲ႕ ေနာက္ဆုံး (၉)ပြဲဆက္မွာ ပါဝင္ကစားခဲ့တဲ့ ဖာနန္ဒက္စ္နဲ႔ ေနာက္ဆုံး (၁၉)ပြဲဆက္ ကစားခဲ့ရတဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားတို႔ကိုေတာ့ ဒီပြဲမွာ အနားေပးသြားဖို႔ရွိပါတယ္။

ရွက္ဖီးယူႏိုက္တက္က အငွားေခၚဖို႔ စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ လင္ဂတ္ကလည္း ဒီပြဲမွာ ပါဝင္ကစားခြင့္ရဖို႔ ရွိေနသလို အသင္းနဲ႔ အငွားစာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ တိုက္စစ္မႉး အီဂါလိုဟာ ပြဲထြက္ခြင့္ မရရင္ေတာင္ လူစားဝင္ကစားခြင့္ရၿပီး ယူႏိုက္တက္အသင္းကို ႏႈတ္ဆက္ခြင့္ရမယ္လို႔ ယူဆရမွာပါ။ ခံစစ္မွာေတာ့ ဒဏ္ရာက ျပန္လာၿပီးေနာက္ပိုင္း ေျခစြမ္းျပေနတဲ့ ဘိုင္လီကို လူငယ္ေနာက္ခံလူ တြမ္ဇီဘီနဲ႔ တြဲဖက္ကစားဖို႔ ရွိေနၿပီး ညာေနာက္ခံလူေနရာမွာ ဘစ္ဆာကာကို အနားေပးမယ့္အေနအထားေၾကာင့္ ဘရန္ဒန္ဝီလီယံစ္က အဲဒီေနရာမွာ ဝင္ကစားဖို႔ရွိပါတယ္။ ဘယ္ေနာက္ခံလူေနရာမွာ တဲလက္စ္ရွိေနတာေၾကာင့္ လုခ္ေရွာကို အနားေပးမယ့္အေနအထားပါပဲ။ ဒီရာသီ ၿပိဳင္ပြဲစုံ အိမ္ကြင္းရလဒ္ေတြ ဆိုး႐ြားေနတဲ့ ယူႏိုက္တက္အသင္းဟာ အခု ဝက္ဖို႔ဒ္နဲ႔ကစားမယ့္ FA ဖလား အိမ္ကြင္းပြဲစဥ္မွာ နည္းျပဆိုးလ္ရွားက အဓိက ကစားသမားတခ်ိဳ႕ကို အနားေပးသြားဖို႔ ရွိတာေၾကာင့္ ယူႏိုက္တက္တို႔ ရလဒ္ေကာင္း ရယူၿပီး ေနာက္တစ္ဆင့္တက္လွမ္းႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။

ဗန္ဒီဘိခ္ကို ဝက္ဖို႔ဒ္အသင္းနဲ႔ ပြဲစဥ္မွာ ပြဲထြက္ကစားသမား ေနရာေပးသြားမယ့္ အေၾကာင္းကိုလည္း ဆိုးလ္ရွားက “ဗန္ဒီဘိခ္ ပြဲထြက္ကစားခြင့္နဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ္ ေရွ႕မွာ အမ်ားႀကီး ေျဖခဲ့ၿပီးပါၿပီ။ တခ်ိဳ႕ ကစားသမားေတြဟာ ပြဲထြက္ခြင့္ရဖို႕ အခ်ိန္ အနည္းငယ္ လိုအပ္ေလ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔ အသင္းမွာ ဒီလို ကစားသမားေတြ အမ်ားႀကီး ရွိပါတယ္။ ၿပီးေတာ့ တျခားအသင္းေတြမွာလည္း ဒီလို ကစားသမားေတြ ရွိပါတယ္။ တစ္ခါတေလ ကစားသမားေတြ ဟာ အသင္းသစ္မွာ အသားက်ဖို႔ အခ်ိန္လိုအပ္ပါတယ္။ အခုလို အခ်ိန္မွာ သူ႔ကစားခြင့္မရေသးတာနဲ႔ ပတ္သက္လို႕ စိုးရိမ္ေနတဲ့သူေတြကို တိတ္တိတ္ေနေပးဖို႕တားဆီးလို႔ မရပါဘူး။ သူတို႔က ဗန္ဒီဘိခ္ အေကာင္းဆုံး ျဖစ္ေနတာကိုပဲ ျမင္ခ်င္ၾကတာေလ။ ဒြန္နီက ဝက္ဖို႔ဒ္အသင္းနဲ႔ ပြဲစဥ္ မွာ က်ိန္းေသေပါက္ ကစားသြားမွာပါ။ ကြၽန္ေတာ္ သူနဲ႔ စကားေျပာၿပီးပါၿပီ။ သူက ကြၽန္ေတာ္တို႔ကို အမ်ားႀကီး အံ့အားသင့္ေစခဲ့တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္” လို႔ ေျပာၾကား သြားပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕က ယူႏိုက္တက္ကစားသမားေဟာင္း ဗန္ဒါးဆားေၾကာင့္ ေအဂ်က္အသင္း ကေန မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို ေျပာင္းေ႐ႊ႕လာတဲ့ အသက္ ၂၃ႏွစ္ အ႐ြယ္ရွိ နယ္သာလန္ လက္ေ႐ြးစင္ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ဒီႏွစ္ ေဘာလုံးရာသီမွာ အသင္းအတြက္ (၇၆၂) မိနစ္သာ ပါဝင္ကစားထားရေသးတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။