ဒီည ဘန်လေနဲ့ပွဲမှာ ယူနိုက်တက်အသင်းအသင်းခေါင်းဆောင်တာဝန်ကို ဆိုလ်ရှား ဘယ်သူ့ကိုပေးမလဲ….?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲယားဟာ ယခု အပတ် ကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်နိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ပရီမီးယားလိဂ်ရာသီဟာပြီးဆုံးဖို့ ပွဲစဉ်များစွာကျန်ရှိနေသေးပေမယ့် ဒီရာသီမှာ ဆိုလ်ရှားရဲ့ အသင်းက ဒီတစ်ပတ်မှာတော့ အမှတ်ပေးဇယားမှာ အဆင့် (၁)နေရာကို ရောက်ရှိနိုင်တဲ့ ပွဲစဉ်တွေကို ကစားရဖို့ရှိနေပါတယ်။ ချန်ပီယံဆု စိန်ခေါ်နိုင်ဖို့အတွက် အရေးကြီးတဲ့ အဝေးကွင်း ပွဲစဉ်တွေ လို့လည်းဆိုနိုင်ပါတယ်။

ယူနိုတက်အသင်းဟာ ဒီရာသီမှာ အဝေးကွင်းရလဒ်ကောင်းတွေရရှိထားတဲ့ အသင်းလည်းဖြစ်ပြီး ဒီညမှာ ဘန်လေအသင်းနဲ့ ပရီမီးယားလိဂ် ပွဲကျန်ကစားရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အန်ဖီးလ်မှာ ကစားမယ့် ပွဲစဉ်မတိုင်မီမှာ ဘန်လေ အသင်းရဲ့ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အနည်းဆုံး သရေရလာဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဆိုးရှားရဲ့ အသင်းက ဒီတစ်ပတ်မှာ ရလာဒ်ကောင်းတွေရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာကို ရောက်ရှိနိုင်သလို ရလာဒ်တွေ ဆိုးရွားခဲ့မယ်ဆိုရင် အဆင့် ( ၄ ) နေရာထိ ဆင်းသွားရနိုင်ပါတယ်။

အခုလို အရေးကြီးကာလ ရင်ဆိုင်နေရချိန်မှာ ခံစစ်ပိုင်းကိုတာဝန်ယူထားတဲ့ အသင်းခေါင်းဆောင် ဟယ်ရီမင်ဂွိုင်းယားအနေနဲ့ ပွဲစဉ် ( ၂ )ခုလုံးကို ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့ လိုအပ်သလို နောက်ထပ် အဝါကဒ်တစ်ကြိမ်ထပ်မထိဖို့လိုအပ်ပါတယ်။ နောက်ခံ ကစားသမား မင်ဂွိုင်းယားဟာ လက်ရှိမှာ ပရီမီးယားလိဂ်မှာ ပွဲပယ်ခံရဖို့ အဝါကတ် ( ၁ ) ကဒ်တစ်ကြိမ်သာ လိုအပ်ပါတော့တယ်။ ပရီမီးယားလိဂ်ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေထဲမှာ ရာသီရဲ့ပထမ ( ၁၉ ) ပွဲအတွင်း အဝါကတ် ( ၅ ) ကတ်ပြခံရပါက တစ်ပွဲပယ် ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘန်လေနဲ့ ပွဲစဉ်မှာ အဝါကတ်ပြသခံလိုက်ရမယ်ဆိုရင် တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်သွားနိုင်ပါတယ်။ မက်ဂွိုင်းယားအနေနဲ့ အခုရာသီ ( ၁၆ ) ပွဲ ကစားထားချိန်မှာ အဝါကတ် ( ၄ ) ကတ်ထိ ပြခံထားရပြီးဖြစ်တာကြောင့် လီဗာပူး အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင်မှာ အဝါကဒ်ပြားပြသခံရမှုမဖြစ်စေဖို့ ဆိုလ်ရှားအနေနဲ့ မက်ဂွိုင်းယားကိုအနားပေးဖို့ရှိနေပါတယ်။

ဒီအချိန်မှာ ဗဟို နောက်တန်းနေရာမှာ ကစားတဲ့ ဘိုင်လီရဲ့ ကြံ့ခိုင်ရေးအခြေအနေကလည်း စောင့်ကြည့်ရမယ့်အခြေအနေတစ်ရပ်မှာရှိနေတာက ဆိုလ်ရှားအတွက် ဆုံးဖြတ်ရခက်ခဲစေတဲ့ အခြေအနေပါပဲ။ အကယ်လို့သာ မက်ဂွိုင်းယားသာ ပွဲထွက်မပါဝင်ခဲ့ဘူးဆိုရင် အသင်းခေါင်းဆောင်နေရာကဘယ်သူ ဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

တော်မီနေးကိုပဲဆက်လက်တာဝန်ပေးမလား။ ချန်ပီယံလိဂ်မှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ ဘရူနိုကပဲနောက်ထပ်တစ်ကြိမ် အသင်းခေါင်းဆောင်ထပ်ဖြစ်လာမလား။ ဒါမှမဟုတ် ဒီဂီယာက အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာနိုင်မလား….ဆိုလ်ရှားဘယ်သူ့ကိုရွေးချယ်သွားမလဲ…?။ ပရိသတ်တွေကော ဘယ်သူကအသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ထင်ပါသလဲ…? သေချာတာကတော့ သရေရယုံနဲ့ အဆင့်(၁)နေရာရောက်ရှိမယ့်ပွဲတစ်ပွဲမှာ အသင်းခေါင်းဆောင်တာဝန်ယူရတဲ့သူအတွက်ကတော့ တစ်ခြားပွဲတွေထက်တာဝန်ပိုကြီးပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





