ဒီတစ်ခါတော့မလွဲစေချင်တော့ဘူး ဆြာလွဲရေ…ယူနိုက်တက်ပရိသတ်တွေအတွက် ဝက်ဖို့ဒ် နဲ့ပွဲ ခန့်မှန်းမှုကိုတော့မှန်စေချင်ပါတယ်…
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အိုဝင်ဟာ ယူနိုက်တက်အသင်းရဲ့ ပရီမီးယားလိဂ်ပွဲတွေကိုခန့်မှန်းခဲ့ရာမှာ (၃)ပွဲဆက်တိုက်မှန်ကန်ခဲ့ပေမယ့် မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲမှာတော့ ခန့်မှန်းချက်ဟာ လွဲချော်သွားခဲ့ပါတယ်။ အိုဝင်ရဲ့ ခန့်မှန်းမှုဟာ ဆိုလ်ရှားရဲ့ ဆီမီးအဆင့်ဆိုရင် ရှုံးလေ့ရှိတဲ့အစဉ်အလာကြီးတစ်ခုကို မတားဆီးနိုင်ခဲ့ပါဘူး။
ယူနိုက်တက် အသင်း ဟာ ဒီည ဇန်နဝါရီ(၁၀)ရက်နေ့ နံနက် (၂း၃၀)မှာ အီမရိတ် အက်ဖ်အေ ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံကစားရဖို့ ရှိနေတယ်။
ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၂)ဂိုး၊ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။
ဒီရာသီမှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ကို အဓိက အာရုံစိုက်ထားပေမယ့် နည်းပြ ဆိုးရှားက ယူနိုက်တက်အသင်းနဲ့ ဆုဖလားတစ်ခုခုကို ရယူလိုနေတာကြောင့် FA Cupအတွက် သေချာ ပြင်ဆင်လာနိုင်ပါတယ်။ ဒါပေမယ့် ဘရူနိုဖာနန်ဒက်ကိုတော့ဒီနေ့ပွဲမှာ ပွဲထွက် လူစာရင်းကနေချန်လှပ်ထားဖို့ကလည်းရှိနေပြီး ဗန်ဒီဘိကို ကွင်းလယ်မှာ ကစားခွင့်ပေးနိုင်တာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲတော့ဖြစ်လာမှာပါ။
ဒါ့အြပ်င ယူနိုက်တက်အနေနဲ့ လာမယ့် ကြားရက်မှာ ဘန်လေအသင်းနဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲကျန် ကစားဖို့လည်း ရှိနေတဲ့အတွက် အဓိက ကစားသမားအချို့ကို အနားပေးဖို့လည်း ရှိနေပါသေးတယ်။ ( ၃ ) ပွဲပယ် ပြစ်ဒဏ် ကျခံထားရတဲ့ ကာဗာနီကလည်း ယခုပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။ ဒါကြောင့် ကာလရှည် အနားယူခဲ့ရတဲ့ လင်ဂတ်လည်း ပါဝင်လာနိုင်ပါတယ်။
ဒါပေမယ့် မိုက်ကယ်အိုဝင်က ဒီပွဲစဉ်မှာ ယူနိုက်တက်က ( ၃ -၁ ) ရလာဒ်နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဘော်ဒီအပေါ်၊ဂိုးအပေါ်ပေါ့။
အိုဝင်က BetVictorနဲ့ တွေ့ဆုံရာမှာ ” ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ယူနိုက်တက်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ရှုံးနိမ့်ပြီး ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ကနေ နှုတ်ထွက်ခဲ့ရတယ်။ ဒါပေမယ့် အဲ့သည့်နေ့ပွဲမှာ ကစားသွားတဲ့ခြေစွမ်းအရ သူတို့က အခွင့်အရေးတွေ များစွာ ဖန်တီးလာနိုင်တယ်။ ကာဗာနီက ယခု ပွဲစဉ်ကို လွဲချော်ဖို့ ရှိပေမယ့် ယူနိုက်တက်ဟာ ဒီအဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi