ဒီတစ်ခါတော့ ပိုချက်တီနို နည်းပြပြန်ဖြစ်ဖို့ သေချာနေပြီ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချက်တီနိုဟာ မနက်ဖန်မှာ ပြင်သစ်လိဂ်(လီဂူး)ရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေမှာ ဖော်ပြနေ ပါတယ်။

အာဂျင်တီးနား လူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုဟာ စပါးအသင်းကို ၂၀၁၉ ဥရောပ ချန်ပီယံလိဂ်မှာ ဖိုင်နယ်အထိရောက်အောင် ပို့ဆောင်ပေး နိုင်ခဲ့တာကြောင့် ဥရောပထိပ်သီးအသင်းတွေက မျက်စိကျနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ နည်းပြဘဝမှာ ဆုဖလားတွေ မရသေးပေမယ့် ဆောက်သမ်တန်အသင်း ၊ စပါးအသင်းတို့ကို ကိုင်တွယ်ပြီးချိန်မှာ ကမ္ဘာ့ထိပ်တန်း နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းကို ခံထားရသူပါ။

အထူးသဖြင့် ပိုချက်တီနိုဟာ ငွေကြေးများပြားစွာ သုံးစွဲလေ့ မရှိသလို သူကိုင်တွယ်တဲ့ အသင်းတွေမှာလည်း လှပတဲ့ တိုက်စစ် ကစားဟန်နဲ့ အသင်းလိုက် စုဖွဲ့ကစားပုံတွေကို အချိန်တိုအတွင်းမှာဖော်ဆောင်နိုင်ခဲ့ပါတယ်။ သူဟာ ဥရောပရဲ့အသင်းကြီး တစ်သင်းသင်းကို နည်းပြအဖြစ် ဆောင်ရွက်ခြင်တယ်ဆိုပြီး တော့လည်း တရားဝင်ထုတ်ပြောထားသူလည်းဖြစ်ပါတယ်။

မနေ့ညက ပီအက်စ်ဂျီအသင်းဟာ စထရာဘော့ကို (၄-ဝ) နဲ့နိုင်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာ နည်းပြသောမတ်စ် တူချယ်ထုတ်ပယ်ခံလိုက်ရပြီး သူ့နေရာမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုက အစားဝင်တော့မယ်လို့ သတင်းတွေထွက်လာခဲ့ပြီး ပီအက်စ်ဂျီဟာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်းကို ဒီကနေ့နှောင်းပိုင်းမှာ ထုတ်ပြန်လိမ့်မယ်လို့လည်း သတင်းတွေမှာ ဖော်ပြလာပါတယ်။

ဒေါ့မန်နည်းပြဟောင်းဖြစ်တဲ့ တူချယ်ဟာ ပီအက်စ်ဂျီကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့ပြီး ပြီးတဲ့ရာသီက အသင်းကိုချန်ပီယံလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးခဲ့သလို ဒီရာသီမှာလည်း ၁၆ သင်းအဆင့်ကိုတက်ရောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပြင်သစ် လီဂူး မှာ (၁၇)ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးကဦးဆောင်နေကြတဲ့ လိုင်ယွန်နဲ့ လိုင်လီ တို့ရဲ့နောက် ၁ မှတ်သာကွာဟပြီး တတိယနေရာမှာ ရှိနေပေမယ့် သူ့ရာထူးကိုတော့ ဆက်လက်မကာကွယ်နိုင်ခဲ့ပါဘူး။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ နည်းပြ တူချယ်ဟာ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘာစီလိုနာနဲ့တွေ့နေလို့ ဦးဆောင်မှုအပြောင်းအလဲ ဖြစ်ဖို့လိုတယ်ဆိုတဲ့ ကလပ်ရဲ့ယူဆချက်ကြောင့် အခုလိုထုတ်ပယ်ခံလိုက်ရတာလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

တူချယ်ဟာ အသင်းရဲ့ စီနီယာ ကစားသမား တချို့နဲ့ ဆက်ဆံရေး အဆင်မပြေသလို အသင်းရဲ့ အကြီးအကဲတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်မှုတွေများလာတာကြောင့်လဲ ဒီလို အခြေအနေမျိုးမှာ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Sky Sports ရဲ့ နာမည်ကျော် အားကစားသတင်းထောက် တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရတော့ ပီအက်စ်ဂျီ အသင်းဟာ ပိုချက်တီနိုရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပိုချက်တီနိုဟာ သူတို့အသင်းရဲ့ နည်းပြသစ် ဖြစ်ကြောင်း ကြေညာဖွယ် ရှိတယ် လို့ သိရပါတယ်။

ပိုချက်တီနိုအနေနဲ့ ကစားသမားဘဝက သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းကိုနည်းပြအဖြစ်ပြန်လည်ရောက်ရှိလာခဲ့ရင် လက်ရှိ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဖလား ရရှိအောင် ဦးဆောင်ပြနိုင်မလား ဆိုတာက တော့ ဆက်လက် စောင့်ကြည့် သွားရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီတစ္ခါေတာ့ ပိုခ်က္တီႏို နည္းျပျပန္ျဖစ္ဖို႕ ေသခ်ာေနၿပီ…

စပါးအသင္းရဲ႕ နည္းျပေဟာင္း ျဖစ္သူ ပိုခ်က္တီႏိုဟာ မနက္ဖန္မွာ ျပင္သစ္လိဂ္(လီဂူး)ရဲ႕ အေအာင္ျမင္ဆံုး အသင္းတစ္သင္း ျဖစ္တဲ့ ပီအက္စ္ဂ်ီ အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာေတာ့မယ္လို႔ သတင္းေတြမွာ ေဖာ္ျပေန ပါတယ္။ အာဂ်င္တီးနား လူမ်ိဳး နည္းျပျဖစ္သူ ပိုခ်က္တီႏိုဟာ စပါးအသင္းကို ၂၀၁၉ ဥေရာပ ခ်န္ပီယံလိဂ္မွာ ဖိုင္နယ္အထိေရာက္ေအာင္ ပို႔ေဆာင္ေပး ႏိုင္ခဲ့တာေၾကာင့္ ဥေရာပထိပ္သီးအသင္းေတြက မ်က္စိက်ေနတဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ သူ႔ရဲ႕ နည္းျပဘဝမွာ ဆုဖလားေတြ မရေသးေပမယ့္ ေဆာက္သမ္တန္အသင္း ၊ စပါးအသင္းတို႔ကို ကိုင္တြယ္ၿပီးခ်ိန္မွာ ကမာၻ႔ထိပ္တန္း နည္းျပေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းကို ခံထားရသူပါ။

အထူးသျဖင့္ ပိုခ်က္တီႏိုဟာ ေငြေၾကးမ်ားျပားစြာ သုံးစြဲေလ့ မရွိသလို သူကိုင္တြယ္တဲ့ အသင္းေတြမွာလည္း လွပတဲ့ တိုက္စစ္ ကစားဟန္နဲ႕ အသင္းလိုက္ စုဖြဲ႕ကစားပုံေတြကို အခ်ိန္တိုအတြင္းမွာေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။ သူဟာ ဥေရာပရဲ႕အသင္းၾကီး တစ္သင္းသင္းကို နည္းျပအျဖစ္ ေဆာင္ရြက္ျခင္တယ္ဆိုၿပီး ေတာ့လည္း တရားဝင္ထုတ္ေျပာထားသူလည္းျဖစ္ပါတယ္။ မေန႔ညက ပီအက္စ္ဂ်ီအသင္းဟာ စထရာေဘာ့ကို (၄-၀) နဲ႔ႏိုင္ခဲ့ေပမယ့္ နာရီပိုင္းအၾကာမွာ နည္းျပေသာမတ္စ္ တူခ်ယ္ထုတ္ပယ္ခံလိုက္ရၿပီး သူ႔ေနရာမွာ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုက အစားဝင္ေတာ့မယ္လို႔ သတင္းေတြထြက္လာခဲ့ၿပီး ပီအက္စ္ဂ်ီဟာ ပိုခ်က္တီႏိုကို နည္းျပသစ္အျဖစ္ခန႔္အပ္ေၾကာင္းကို ဒီကေန႔ေႏွာင္းပိုင္းမွာ ထုတ္ျပန္လိမ့္မယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

ေဒါ့မန္နည္းျပေဟာင္းျဖစ္တဲ့ တူခ်ယ္ဟာ ပီအက္စ္ဂ်ီကို ၂ ႏွစ္ခြဲၾကာ ကိုင္တြယ္ခဲ့ၿပီး ၿပီးတဲ့ရာသီက အသင္းကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲပို႔ေဆာင္ေပးခဲ့သလို ဒီရာသီမွာလည္း ၁၆ သင္းအဆင့္ကိုတက္ေရာက္ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ျပင္သစ္ လီဂူး မွာ (၁၇)ပြဲကစားၿပီးခ်ိန္မွာ ထိပ္ဆုံးကဦးေဆာင္ေနၾကတဲ့ လိုင္ယြန္နဲ႔ လိုင္လီ တို႔ရဲ႕ေနာက္ ၁ မွတ္သာကြာဟၿပီး တတိယေနရာမွာ ရွိေနေပမယ့္ သူ႔ရာထူးကိုေတာ့ ဆက္လက္မကာကြယ္ႏိုင္ခဲ့ပါဘူး။

အသက္ ၄၇ ႏွစ္ရွိၿပီျဖစ္တဲ့ နည္းျပ တူခ်ယ္ဟာ စြမ္းေဆာင္ရည္ေကာင္းမြန္ခဲ့ေပမယ့္လည္း ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ဘာစီလိုနာနဲ႔ေတြ႕ေနလို႔ ဦးေဆာင္မႈအေျပာင္းအလဲ ျဖစ္ဖို႔လိုတယ္ဆိုတဲ့ ကလပ္ရဲ႕ယူဆခ်က္ေၾကာင့္ အခုလိုထုတ္ပယ္ခံလိုက္ရတာလို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ တူခ်ယ္ဟာ အသင္းရဲ႕ စီနီယာ ကစားသမား တခ်ိဳ႕နဲ႔ ဆက္ဆံေရး အဆင္မေျပသလို အသင္းရဲ႕ အႀကီးအကဲေတြနဲ႔ သေဘာထားခ်င္း မတိုက္ဆိုင္မႈေတြမ်ားလာတာေၾကာင့္လဲ ဒီလို အေျခအေနမ်ိဳးမွာ ထုတ္ပယ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

Sky Sports ရဲ႕ နာမည္ေက်ာ္ အားကစားသတင္းေထာက္ တစ္ဦးျဖစ္တဲ့ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ ေဖာ္ျပခ်က္ အရေတာ့ ပီအက္စ္ဂ်ီ အသင္းဟာ ပိုခ်က္တီႏိုရဲ႕ ေအးဂ်င့္ေတြနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ပိုခ်က္တီႏိုဟာ သူတို႔အသင္းရဲ႕ နည္းျပသစ္ ျဖစ္ေၾကာင္း ေၾကညာဖြယ္ ရွိတယ္ လို႔ သိရပါတယ္။ ပိုခ်က္တီႏိုအေနနဲ႕ ကစားသမားဘဝက သူ႔ရဲ႕ အသင္းေဟာင္း တစ္သင္းျဖစ္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းကိုနည္းျပအျဖစ္ျပန္လည္ေရာက္ရွိလာခဲ့ရင္ လက္ရွိ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ ဖလား ရရွိေအာင္ ဦးေဆာင္ျပႏိုင္မလား ဆိုတာက ေတာ့ ဆက္လက္ ေစာင့္ၾကည့္ သြားရမွာပါပဲ။