ဒီတစ်ခါလည်း မိုက်ကယ်အိုဝင်က (၁-၂) ပဲတဲ့….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲစဉ် (၂၀)မှာ ဇယားအောက်ခြေက ရှက်ဖီးအသင်းကို (၂-၁)နဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် အသင်းဟာ ပွဲစဉ် ( ၂၁ ) အဖြစ် အာဆင်နယ်အသင်းကို ဒီည (၁၂း၀၀)နာရီမှာ အမ်းမရိတ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီနှစ်သင်းတွေ့ဆုံမှုမှာ နောက်ဆုံးအခြေအနေအရ ယူနိုက်တက်က ရှက်ဖီးယူနိုက်တက်ကို မထင်မှတ်ပဲရှုံးနိမ့်ခဲ့ကာ အဆင့်(၂)နေရာမှာရောက်ရှိနေပြီး အာဆင်နယ် အသင်းကတော့ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့ကာ အဆင့်(၉)နေရာမှာ ရပ်တည်နေပါတယ်။

ပထမအကျော့တွေဆုံခဲ့စဉ်က အာဆင်နယ် အသင်းဟာ ယူနိုက်တက်ရဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ်မှာ (ဝ-၁)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ဟာ ယူနိုက်တက်အသင်းအတွက်ကတော့ ၂၀၀၆ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အာဆင်နယ်ကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ ပထမဆုံးအကြိမ် ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။

ဖာဂူဆန်နဲ့ အာဆင်ဝင်းဂါးတို့ နည်းပြခဲ့ချိန်မှာ ဒီနှစ်သင်းတွေဆုံတိုင်း တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စိတ်ဝင်တစားရှိခဲ့ကြတဲ့ပွဲဟာ သူတို့နှစ်ဦး အသင်းတွေကနေ နှုတ်ထွက်ခဲ့ချိန်မှာတော့ ပြိုင်ဆိုင်မှုဟာ အသက်မဲ့ခဲ့သလိုဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ဆိုလ်းရှားရဲ့ ယူနိုက်တက်ဟာ ဇယားထိပ်ပိုင်းမှာရပ်တည်လာနိုင်တဲ့အထိ စွမ်းဆောင်ရည်တွေရှိလာခဲ့သလို အာတီတာရဲ့ အာဆင်နယ်အသင်းဟာလည်း နိုင်ပွဲတွေရရှိလာနေပါတယ်။ ဒီတစ်ကြိမ်မှာတွေ့ဆုံမှာက အာဆင်နယ်အသင်းအတွက်က သူတို့ရဲ့အိမ်ကွင်း (အမ်းမရစ်)၊ ပြိုင်ဘက်က ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည်အားသာတဲ့ ယူနိုက်တက်၊ ဒီပွဲရလဒ်ကဘယ်လိုဖြစ်လာမလဲ…?

ယူနိုက်တက် – ရှက်ဖီး ပွဲမှာ ခန့်မှန်းမှုပြောင်းပြန်ဖြစ်ခဲ့တဲ့ မိုက်ကယ်အိုဝင်ကတော့ ယခုပွဲစဉ်မှာလည်း ယူနိုက်တက်က ( ၂ -၁ ) ရလာဒ်နဲ့ အာဆင်နယ်အသင်းကို အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အိုဝင်က BetVictor မှာ “အာဆင်နယ်အသင်းက ရာသီအစမှာ ရလာဒ်ဆိုးရွားခဲ့ပေမယ့် နှစ်သစ်မကူးခင် ပုံစံကောင်း ပြန်လည်ရရှိလာပါတယ်။ ယူနိုက်တက်ကလည်း ပြီးခဲ့တဲ့ ရှက်ဖီးနဲ့ ပွဲစဉ်မတိုင်ခင်ထိ အမှားအယွင်းမရှိကစားနိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက်ရဲ့ အဝေးကွင်း ခြေစွမ်းက ပိုပြီး ကောင်းမွန်ပါတယ်။”

“လီဗာပူးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေက နည်းစနစ်ကို ပြန်လည် အသုံးချမယ်ဆိုရင် ယခုပွဲစဉ်မှာလည်း ရလာဒ်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ပါတယ်။”

“မားကတ်ရက်ဖို့ဒ်အနေနဲ့ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်က ခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ဒီပွဲစဉ်မှာလည်း သွင်းဂိုးရယူနိုင်လိမ့်မယ်လို့ထင်ပါတယ် ။” ဟု ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီတစ္ခါလည္း မိုက္ကယ္အိုဝင္က (၁-၂) ပဲတဲ့….

ပြဲစဥ္ (၂၀)မွာ ဇယားေအာက္ေျခက ရွက္ဖီးအသင္းကို (၂-၁)နဲ႔ မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့တဲ့ ယူႏိုက္တက္ အသင္းဟာ ပြဲစဥ္ ( ၂၁ ) အျဖစ္ အာဆင္နယ္အသင္းကို ဒီည (၁၂း၀၀)နာရီမွာ အမ္းမရိတ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ဒီႏွစ္သင္းေတြ႕ဆုံမႈမွာ ေနာက္ဆုံးအေျခအေနအရ ယူႏိုက္တက္က ရွက္ဖီးယူႏိုက္တက္ကို မထင္မွတ္ပဲရႈံးနိမ့္ခဲ့ကာ အဆင့္(၂)ေနရာမွာေရာက္ရွိေနၿပီး အာဆင္နယ္ အသင္းကေတာ့ ေဆာက္သမ္တန္ကို အႏိုင္ရရွိခဲ့ကာ အဆင့္(၉)ေနရာမွာ ရပ္တည္ေနပါတယ္။ ပထမအေက်ာ့ေတြဆုံခဲ့စဥ္က အာဆင္နယ္ အသင္းဟာ ယူႏိုက္တက္ရဲ႕ အိမ္ကြင္းအိုးထရက္ဖိုဒ္မွာ (ဝ-၁)နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒီရလဒ္ဟာ ယူႏိုက္တက္အသင္းအတြက္ကေတာ့ ၂၀၀၆ ခုႏွစ္ စက္တင္ဘာလေနာက္ပိုင္း အာဆင္နယ္ကို ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္မွာ ပထမဆုံးအႀကိမ္ ရႈံးနိမ့္မႈျဖစ္ခဲ့ပါတယ္။

ဖာဂူဆန္နဲ႕ အာဆင္ဝင္းဂါးတို႕ နည္းျပခဲ့ခ်ိန္မွာ ဒီႏွစ္သင္းေတြဆံုတိုင္း တစ္ကမၻာလံုးက ေဘာလံုးပရိသတ္ေတြ စိတ္ဝင္တစားရွိခဲ့ၾကတဲ့ပြဲဟာ သူတို႕ႏွစ္ဦး အသင္းေတြကေန ႏႈတ္ထြက္ခဲ့ခ်ိန္မွာေတာ့ ျပိဳင္ဆိုင္မႈဟာ အသက္မဲ့ခဲ့သလိုျဖစ္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဆိုလ္းရွားရဲ႕ ယူႏိုက္တက္ဟာ ဇယားထိပ္ပိုင္းမွာရပ္တည္လာႏိုင္တဲ့အထိ စြမ္းေဆာင္ရည္ေတြရွိလာခဲ့သလို အာတီတာရဲ႕ အာဆင္နယ္အသင္းဟာလည္း ႏိုင္ပြဲေတြရရွိလာေနပါတယ္။ ဒီတစ္ၾကိမ္မွာေတြ႕ဆံုမွာက အာဆင္နယ္အသင္းအတြက္က သူတို႕ရဲ႕အိမ္ကြင္း (အမ္းမရစ္)၊
ျပိဳင္ဘက္က ဒီရာသီမွာ အေဝးကြင္းစြမ္းေဆာင္ရည္အားသာတဲ့ ယူႏိုက္တက္၊ ဒီပြဲရလဒ္ကဘယ္လိုျဖစ္လာမလဲ…?

ယူႏိုက္တက္ – ရွက္ဖီး ပြဲမွာ ခန္႔မွန္းမႈေျပာင္းျပန္ျဖစ္ခဲ့တဲ့ မိုက္ကယ္အိုဝင္ကေတာ့ ယခုပြဲစဥ္မွာလည္း ယူႏိုက္တက္က ( ၂ -၁ ) ရလာဒ္နဲ႔ အာဆင္နယ္အသင္းကို အႏိုင္ရရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။ အိုဝင္က BetVictor မွာ “အာဆင္နယ္အသင္းက ရာသီအစမွာ ရလာဒ္ဆိုး႐ြားခဲ့ေပမယ့္ ႏွစ္သစ္မကူးခင္ ပုံစံေကာင္း ျပန္လည္ရရွိလာပါတယ္။ ယူႏိုက္တက္ကလည္း ၿပီးခဲ့တဲ့ ရွက္ဖီးနဲ႔ ပြဲစဥ္မတိုင္ခင္ထိ အမွားအယြင္းမရွိကစားႏိုင္ခဲ့တဲ့အသင္းတစ္သင္းျဖစ္ၿပီး ဒီရာသီမွာ ယူႏိုက္တက္ရဲ႕ အေဝးကြင္း ေျခစြမ္းက ပိုၿပီး ေကာင္းမြန္ပါတယ္။”

“လီဗာပူးနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ေတြက နည္းစနစ္ကို ျပန္လည္ အသုံးခ်မယ္ဆိုရင္ ယခုပြဲစဥ္မွာလည္း ရလာဒ္ေကာင္းတစ္ခု ပိုင္ဆိုင္ႏိုင္ပါတယ္။ မားကတ္ရက္ဖို႔ဒ္အေနနဲ႔ လီဗာပူးအသင္းကို အႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္က ေျခစြမ္းကို ဆက္ထိန္းထားႏိုင္မယ္ဆိုရင္ ဒီပြဲစဥ္မွာလည္း သြင္းဂိုးရယူႏိုင္လိမ့္မယ္လို႔ထင္ပါတယ္ ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။