ဒီတစ်ပတ်ရဲ့ ပွဲကောင်း ၃ပွဲအကြောင်း ရလဒ်နဲ့တကွ ဟောကိန်းထုတ်လာတဲ့ မိုက်ကယ်အိုဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်တိုက်စစ်မှူဟောင်း မိုက်ကယ်အိုဝင်က ယနေ့ညကစားရမယ့် လန်ဒန်ဒါဘီပွဲမှာ ဧည့်သည်ချဲလ်ဆီးက အာဆင်နယ်ကို ဝ-၂ ဂိုးနဲ့အနိုင်ယူသွားလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ဒါ့အပြင် လီဗာပူးနဲ့ယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်က ယနေ့ညအစောဆုံးပွဲမှာ လက်စတာနဲ့ ယူနိုက်တက်တို့ သရေကျသွားလိမ့်မယ်လို့ ခန့်မှန်းထားပြီး မနက်ဖြန်ညမှာ ဝုဗ်ကို စပါးအသင်းအနိုင်ရလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

”အာဆင်နယ်က ဒီအချိန်မှာ ကူရာမဲ့ဖြစ်နေပြီး အာတီတာကလည်း သူ့လက်ထက် အကောင်းဆုံးပွဲထွက်စာရင်းကို မရှာဖွေနိုင်သေးပါဘူး။ ပြီးတော့ သူတို့ရဲ့ကံတရားက မဝေးတော့တဲ့အနာဂတ်မှာ ပြောင်းလဲလာဖို့လည်း မမြင်သေးပါဘူး”

”ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် စိတ်ဓာတ်တက်ကြွနေနိုင်ပြီး နေရာစုံမှာ ရုန်းကန်နေရတဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း အ၊နိုင်ရသင့်တယ်လို့ ထင်ပါတယ်။ အာဆင်နယ် ဝ-၂ ပေါ့ဗျာ”လို့ အိုဝင်က သူ့ခန့်မှန်းချက်ကို ပြောပါတယ်။

ဝုဗ်-စပါးပွဲနဲ့ပတ်သက်လို့ အိုဝင်က ”စပါးက ပြီးခဲ့တဲ့အပတ်ကပွဲကို အမြန်ဆုံးမေ့ချင်နေပါလိမ့်မယ်။ စပါးအနေနဲ့ ချန်ပီယံမျှော်လင့်ချက် အားနည်းသွားတာက တကယ့်ကိုကြီးမားတဲ့ရိုက်ခတ်မှုရှိလာနိုင်ပြီး လက်စတာကိုပါအိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာက သူတို့ရဲ့အနာကို ဆားထည့်ပေးလိုက်သလိုပါပဲ။ ဝုဗ်နဲ့ပွဲမှာတော့ စပါးကို ဝ-၂ ဂိုးနဲ့အနိုင်ပေးချင်ပါတယ်”လို့ ခန့်မှန်းပါတယ်။

ဒီည ၇နာရီမှာ ကစားမယ့် လက်စတာ-ယူနိုက်တက်ပွဲနဲ့ပတ်သက်လို့ အိုဝင်က ”ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်ကစတင်ပြီး ယူနိုက်တက်ရဲ့မျှော်လင့်ချက်တွေ ရှင်သန်လာတယ်လို့ ပြောနိုင်ပါတယ်။ လက်စတာက အိမ်ကွင်းမှာ အဲဗာတန်ကို ဝ-၂ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် အဝေးကွင်းမှာ စပါးကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်”

”သူတို့ဟာ ဒီတစ်ရာသီလုံး ခြေစွမ်းအတက်အကျမမှန်ဘဲ အခုလို အဆင့် ၂နေရာမှာ ရပ်တည်နေတာကို သူတို့ပရိသတ်တွေလည်း ဝမ်းသာနေပါလိမ့်မယ်။ ဒီပွဲက ခန့်မှန်းရခက်ပါတယ်။ သူတို့နှစ်သင်းကြား ကွာခြားချက်အများကြီးမရှိဘူးလို့ထင်ပါတယ်။ လက်စတာ ၁-၁ ယူနိုက်တက်ပါ”လု့ိ သုံးသပ်သွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီတစ္ပတ္ရဲ႕ ပြဲေကာင္း ၃ပဲြအေၾကာင္း ရလဒ္နဲ႔တကြ ေဟာကိန္းထုတ္လာတဲ့ မုိက္ကယ္အို၀င္

အဂၤလန္တုိက္စစ္မွဴေဟာင္း မုိက္ကယ္အုိ၀င္က ယေန႔ညကစားရမယ့္ လန္ဒန္ဒါဘီပြဲမွာ ဧည့္သည္ခ်ဲလ္ဆီးက အာဆင္နယ္ကို ၀-၂ ဂိုးနဲ႔အႏိုင္ယူသြားလိမ့္မယ္လုိ႔ ေဟာကိန္းထုတ္လုိက္ပါတယ္။ ဒါ့အျပင္ လီဗာပူးနဲ႔ယူႏိုက္တက္တုိက္စစ္မွဴးေဟာင္း အုိ၀င္က ယေန႔ညအေစာဆုံးပဲြမွာ လက္စတာနဲ႔ ယူႏုိက္တက္တုိ႔ သေရက်သြားလိမ့္မယ္လုိ႔ ခန္႔မွန္းထားၿပီး မနက္ျဖန္ညမွာ ၀ုဗ္ကို စပါးအသင္းအႏိုင္ရလိမ့္မယ္လုိ႔ သုံးသပ္ခဲ့ပါတယ္။

”အာဆင္နယ္က ဒီအခ်ိန္မွာ ကူရာမဲ့ျဖစ္ေနၿပီး အာတီတာကလည္း သူ႕လက္ထက္ အေကာင္းဆုံးပြဲထြက္စာရင္းကို မရွာေဖြႏိုင္ေသးပါဘူး။ ၿပီးေတာ့ သူတုိ႔ရဲ႕ကံတရားက မေ၀းေတာ့တဲ့အနာဂတ္မွာ ေျပာင္းလဲလာဖို႔လည္း မျမင္ေသးပါဘူး။ ခ်ဲလ္ဆီးကေတာ့ အိမ္ကြင္းမွာ ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ စိတ္ဓာတ္တက္ၾကြေနႏိုင္ၿပီး ေနရာစုံမွာ ႐ုန္းကန္ေနရတဲ့ အာဆင္နယ္နဲ႔ပြဲမွာလည္း အ၊ႏိုင္ရသင့္တယ္လုိ႔ ထင္ပါတယ္။ အာဆင္နယ္ ၀-၂ ေပါ့ဗ်ာ”လုိ႔ အို၀င္က သူ႔ခန္႔မွန္းခ်က္ကို ေျပာပါတယ္။

ဝုဗ္-စပါးပြဲနဲ႔ပတ္သက္လုိ႔ အို၀င္က ”စပါးက ၿပီးခဲ့တဲ့အပတ္ကပြဲကို အျမန္ဆုံးေမ့ခ်င္ေနပါလိမ့္မယ္။ စပါးအေနနဲ႔ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ အားနည္းသြားတာက တကယ့္ကုိႀကီးမားတဲ့႐ိုက္ခတ္မႈရွိလာႏိုင္ၿပီး လက္စတာကိုပါအိမ္ကြင္းမွာ အေရးနိမ့္ခဲ့တာက သူတုိ႔ရဲ႕အနာကို ဆားထည့္ေပးလုိက္သလုိပါပဲ။ ၀ုဗ္နဲ႔ပဲြမွာေတာ့ စပါးကို ၀-၂ ဂိုးနဲ႔အႏိုင္ေပးခ်င္ပါတယ္”လုိ႔ ခန္႔မွန္းပါတယ္။ ဒီည ၇နာရီမွာ ကစားမယ့္ လက္စတာ-ယူႏုိက္တက္ပဲြနဲ႔ပတ္သက္လုိ႔ အို၀င္က ”ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ေလာက္ကစတင္ၿပီး ယူႏုိက္တက္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္လာတယ္လုိ႔ ေျပာႏိုင္ပါတယ္။ လက္စတာက အိမ္ကြင္းမွာ အဲဗာတန္ကို ၀-၂ဂိုးနဲ႔အေရးနိမ့္ခဲ့ေပမယ့္ အေ၀းကြင္းမွာ စပါးကို ဂုိးျပတ္အႏုိင္ရခဲ့ပါတယ္”

”သူတုိ႔ဟာ ဒီတစ္ရာသီလုံး ေျခစြမ္းအတက္အက်မမွန္ဘဲ အခုလို အဆင့္ ၂ေနရာမွာ ရပ္တည္ေနတာကို သူတုိ႔ပရိသတ္ေတြလည္း ၀မ္းသာေနပါလိမ့္မယ္။ ဒီပြဲက ခန္႔မွန္းရခက္ပါတယ္။ သူတုိ႔ႏွစ္သင္းၾကား ကြာျခားခ်က္အမ်ားႀကီးမရွိဘူးလုိ႔ထင္ပါတယ္။ လက္စတာ ၁-၁ ယူႏုိက္တက္ပါ”လု႔ိ သုံးသပ္သြားပါတယ္။