ဒီနေ့ည လက်စတာကို အရေးနိမ့်ခဲ့ရင် အထုတ်ခံရဖွယ်ရှိနေတဲ့ လမ်းပတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ တကယ်လို့ ဒီနေ့ညမှာ လက်စတာကိုသာ အရေးနိမ့်ခဲ့ရင် နည်းပြရာထူးကနေ အထုတ်ခံရနိုင်တယ်လို့ သိရပါတယ်။ လမ်းပတ်ရဲ့ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကိုအနိုင်ရရှိခဲ့ပေမယ့်လည်း အင်္ဂလန်သားရဲ့ချဲလ်ဆီးအနာဂတ်က မသေချာသေးတဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။

လက်စတာကတော့ ဒီရာသီနည်းပြ ရော်ဂျာလက်အောက်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီထိပ်တန်းအသင်း ၈ သင်းနဲ့တွေ့ဆုံရာမှာ အနိုင်ရရှိထားခြင်းမရှိသေးဘဲ လက်ရှိအချိန်မှာလည်း လက်စတာရဲ့ကင်းပါဝါကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အက်သလစ်သတင်းထောက် ဆိုင်မွန်က လမ်းပတ်အနေနဲ့ လက်စတာကိုအရေးနိမ့်ခဲ့ရင် အခုအပတ်ထဲမှာ အထုတ်ခံရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဆိုင်မွန်က သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ချဲလ်ဆီးအနေနဲ့ လက်စတာကိုသာ အရေးနိမ့်ခဲ့ရင် လမ်းပတ်လည်း အနာဂတ်မသေချာလောက်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီဇင်ဘာအစလောက်တုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုဆန်ခါတင်လောင်းစာရင်းအထိ ပါဝင်ခဲ့သေးတာဖြစ်ပါတယ်။

ချဲလ်ဆီး အဲဗာတန် နဲ့ ဝုဗ်တို့ကို ၂ ပွဲဆက်အရေးနိမ့်ခဲ့သလို အာဆင်နယ်ကိုလည်း ဘောက်ဆင်ဒေးမှာ အရေးနိမ့်ခဲ့သေးတာဖြစ်ပါတယ်။

ဒါ့အပြင် စီးတီးကိုလည်း အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့သေးကာ ဖိအားတွေနဲ့ ပိုပြီး ရင်ဆိုင်လာခဲ့ရပါတယ်။ “လူတွေက ကျွန်တော်တို့ကို ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်းလို့ သတ်မှတ်နေပါတယ်။

ဒါပေမဲ့ အဲ့လိုဖြစ်လာဖို့ဆိုတာက လူစာရင်းအနေအထားအရ မဖြစ်နိုင်သေးပါဘူး။ လိုအပ်ချက်တွေရှိနေပါသေးတယ်။

ဟာဇက်လိုကစားသမားမျိုး နဲ့ ဒီယေဂိုကော်စတာလို ကစားသမားမျိုးတွေ လိုအပ်ပါတယ်။ အသင်းကတော့ တိုးတက်မှုတွေရှိလာနေပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီနေ့ညမှာ လက်စတာအသင်းနဲ့ အဝေးကွင်းပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီေန႔ည လက္စတာကို အေရးနိမ့္ခဲ့ရင္ အထုတ္ခံရဖြယ္ရွိေနတဲ့ လမ္းပတ္

ခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္ဟာ တကယ္လို႔ ဒီေန႔ညမွာ လက္စတာကိုသာ အေရးနိမ့္ခဲ့ရင္ နည္းျပရာထူးကေန အထုတ္ခံရႏုိင္တယ္လုိ႔ သိရပါတယ္။ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးဟာ ျပီးခဲ့တဲ့အပတ္က ဖူလ္ဟမ္ကိုအႏိုင္ရရွိခဲ့ေပမယ့္လည္း အဂၤလန္သားရဲ႕ခ်ဲလ္ဆီးအနာဂတ္က မေသခ်ာေသးတဲ့အေနအထားမွာရွိေနတာျဖစ္ပါတယ္။ လက္စတာကေတာ့ ဒီရာသီနည္းျပ ေရာ္ဂ်ာလက္ေအာက္မွာ ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနျပီး အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။

ခ်ဲလ္ဆီးဟာ ဒီရာသီထိပ္တန္းအသင္း ၈ သင္းနဲ႔ေတြ႕ဆံုရာမွာ အႏိုင္ရရွိထားျခင္းမရွိေသးဘဲ လက္ရွိအခ်ိန္မွာလည္း လက္စတာရဲ႕ကင္းပါ၀ါကို သြားေရာက္ရင္ဆုိင္ရမွာျဖစ္ပါတယ္။ အက္သလစ္သတင္းေထာက္ ဆိုင္မြန္က လမ္းပတ္အေနနဲ႔ လက္စတာကိုအေရးနိမ့္ခဲ့ရင္ အခုအပတ္ထဲမွာ အထုတ္ခံရနိုင္တယ္လို႔ ဆိုခဲ့ပါတယ္။ ဆိုင္မြန္က သတင္းဌာနတစ္ခုနဲ႔ အင္တာဗ်ဴးမွာ ခ်ဲလ္ဆီးအေနနဲ႔ လက္စတာကိုသာ အေရးနိမ့္ခဲ့ရင္ လမ္းပတ္လည္း အနာဂတ္မေသခ်ာေလာက္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီဇင္ဘာအစေလာက္တုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုဆန္ခါတင္ေလာင္းစာရင္းအထိ ပါ၀င္ခဲ့ေသးတာျဖစ္ပါတယ္။ ခ်ဲလ္ဆီး အဲဗာတန္ နဲ႔ ၀ုဗ္တုိ႔ကုိ ၂ ပြဲဆက္အေရးနိမ့္ခဲ့သလို အာဆင္နယ္ကိုလည္း ေဘာက္ဆင္ေဒးမွာ အေရးနိမ့္ခဲ့ေသးတာျဖစ္ပါတယ္။ ဒါ့အျပင္ စီးတီးကိုလည္း အိမ္ကြင္းမွာ ၃-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ေသးကာ ဖိအားေတြနဲ႔ ပိုျပီး ရင္ဆုိင္လာခဲ့ရပါတယ္။ “လူေတြက ကြ်န္ေတာ္တို႔ကို ခ်န္ပီယံဆုစိန္ေခၚႏိုင္တဲ့အသင္းလို႔ သတ္မွတ္ေနပါတယ္။

ဒါေပမဲ့ အဲ့လိုျဖစ္လာဖို႔ဆိုတာက လူစာရင္းအေနအထားအရ မျဖစ္ႏုိင္ေသးပါဘူး။ လိုအပ္ခ်က္ေတြရွိေနပါေသးတယ္။ ဟာဇက္လိုကစားသမားမ်ိဳး နဲ႔ ဒီေယဂိုေကာ္စတာလို ကစားသမားမ်ိဳးေတြ လိုအပ္ပါတယ္။ အသင္းကေတာ့ တုိးတက္မႈေတြရွိလာေနပါတယ္”လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ဒီေန႔ညမွာ လက္စတာအသင္းနဲ႔ အေ၀းကြင္းပြဲက်ပ္တစ္ပြဲကို ရင္ဆုိင္ရမွာျဖစ္ပါတယ္။