ဒီနှစ်မှာတော့ ၁-၃ နဲ့ မနိုင်တော့ဘဲ ၁-၂ နဲ့ပဲ ပီအက်စ်ဂျီကိုနိုင်ခဲ့တဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၅-၃-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ မန်ယူဟာ ပီ အက်စ်ဂျီရဲ့ နေမာ၊ အမ်ဘတ်ပီ၊ ဒီမာရီယာတို့ရဲ့တိုက်စစ်ကို ကာကွယ်နိုင်ဖို့အတွက် ကွင်းလယ်အဖျက်မှာလည်း လုပ်အားနှုန်းကောင်းတဲ့ တွန်မီနေးလ်နဲ့ ဖရက်ဒ်ကို တွဲပေးခဲ့တာပါ။ မက်ဂွိုင်းယား မပါတဲ့နောက်တန်းမှာ လင်ဒီလော့ဖ်၊ လုခ်ရှော၊ တန်ဇွန်ဘီ၊ ဘစ်ဆာကာတို့နဲ့ အသစ်ရောက်လာတဲ့ တဲလက်စ်ကို တွဲပေးခဲ့ပါတယ်။ ဒါပေမဲ့ နည်းဗျူ ဟာရှုထောင့်ကကြည့်မယ်ဆိုရင် တဲလက်စ်နဲ့ ဘစ်ဆာကာတို့ဟာ တိုက်စစ်ကို လိုက်ပါ ကစားသွားပြီး ၃-၅-၂ ပုံစံ အလျဉ်းသင့်သလိုကစားသွားခဲ့တာပါ။

ပထမပိုင်း ၂၃ မိနစ်မှာ မာရှယ်ကြောင့်ရတဲ့ပင်နယ်တီကို ဖာနန်ဒက်စ်က ကန်သွင်းခဲ့ပြီး ပီအက်စ်ဂျီဂိုးသမား နာ ဗက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အသစ်ထုတ်ပြန်ထားတဲ့စည်းမျဉ်းအရ ပင်နယ်တီ ပြစ်ဒဏ်ဘောကန်ချိန်မှာ ဂိုးသမားဟာ ဂိုးစည်းပေါ် ခြေထောက် ၂ ဖက်စလုံးနင်းထားရ မယ့်ကန့်သတ်ချက်ကြောင့် နောက်တစ်ကြိမ် ပြန်ကန်ခွင့်ရခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း ဖာနန်ဒက်စ်က ပထမတစ်ကြိမ်တုန်းကအတိုင်း ဂိုးသမားရဲ့ဘယ်ဘက်ကို ကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပရီးမီးယားလိဂ်မှာ ပဲလေ့စ်နဲ့ပွဲတုန်းက ဒီဂီယာ ဖြစ်ခဲ့သလိုမျိုး ပြန်အမှတ်ရစရာဖြစ်ခဲ့ပါတယ်။

မန်ယူနောက်တန်းမှာ လူငယ်ဖြစ်ပေမယ့် တန်ဇွန်ဘီဟာ ပထမပိုင်းတစ်ပိုင်းလုံး အမ်ဘတ်ပီကို အကောင်းဆုံးထိန်းချုပ်ဟန့်တား သွားနိုင်ခဲ့တာကတော့ ချီးကျူးစရာပါ။ ဒုတိယပိုင်းမှာ ပီအက်စ်ဂျီက တိုက်စစ်ကို ပိုဖိ ကစားလာပြီး ထောင့်ကန်ဘောတွေလည်း ဆက်တိုက်ရနေခဲ့တာပါ။ ဒါပေမဲ့ မန်ယူရဲ့ တန်ပြန်တိုက်စစ်ကလည်း ပီအက်စ်ဂျီနောက်တန်းနဲ့ ဂိုးသမားကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

၅၅ မိနစ်မှာ နေမာရဲ့ထောင့်ကန်ဘောကို မာရှယ် ခေါင်းတိုက်ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပေမယ့် မန်ယူရဲ့ကစားပုံကပျက်မသွားဘဲ ပီအက်စ်ဂျီကို အပြန် အလှန်ထိုးဖောက်နိုင်ခဲ့တာပါ။ နောက်ပိုင်းမှာ နည်းပြဆိုးလ်ရှားဟာ ဘယ်နောက်ခံလူ တဲလက်စ်ကိုထုတ်ပြီး ပေါ့ဂ်ဘာကိုထည့်သွင်းခဲ့တယ်။ ဒါဟာ နည်းဗျူဟာအပြောင်းအ လဲပြုလုပ်ခဲ့တာဖြစ်ပြီး ကွင်းလယ်မှာ တစ်ယောက်တည်းဖန်တီးနေရတဲ့ ဖာနန်ဒက်စ်အ တွက် ဖိအားလျော့သွားခဲ့ပါတယ်။

ပွဲပြီးခါနီး ၈၇ မိနစ်မှာ ပေါ့ဂ်ဘာပေးတာကို ရက်ရှ်ဖို့ဒ် က အကောင်းဆုံးကန်သွင်းနိုင်ခဲ့ပြီး မန်ယူကို နိုင်ပွဲရစေခဲ့ပါတယ်။ ပဲရစ်မြေမှာ မန်ယူအ တွက်ကတော့ ၂ ကြိမ်ဆက်တိုက် ပီအက်စ်ဂျီကိုအနိုင်ရခဲ့တာဖြစ်ပြီး ဒီတစ်ခေါက်မှာ ၁-၃ နဲ့ မနိုင်တော့ပေမယ့် ၁-၂ အနိုင်ဂိုးကိုသွင်းသွားခဲ့တာ ရက်ရှ်ဖို့ဒ်ပဲ ဖြစ်နေတာကတော့ ထူးခြားမှုပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီႏွစ္မွာေတာ့ ၁-၃ နဲ႔ မႏိုင္ေတာ့ဘဲ ၁-၂ နဲ႔ပဲ ပီအက္စ္ဂ်ီကိုႏိုင္ခဲ့တဲ့ မန္ယူ

၅-၃-၂ ပံုစံနဲ႔ ပဲြထြက္လာခဲ့တဲ့ မန္ယူဟာ ပီ အက္စ္ဂ်ီရဲ႕ ေနမာ၊ အမ္ဘတ္ပီ၊ ဒီမာရီယာတုိ႔ရဲ႕တိုက္စစ္ကို ကာကြယ္ႏိုင္ဖို႔အတြက္ ကြင္းလယ္အဖ်က္မွာလည္း လုပ္အားႏႈန္းေကာင္းတဲ့ တြန္မီေနးလ္နဲ႔ ဖရက္ဒ္ကို တြဲေပးခဲ့တာပါ။ မက္ဂြိဳင္းယား မပါတဲ့ေနာက္တန္းမွာ လင္ဒီေလာ့ဖ္၊ လုခ္ေရွာ၊ တန္ဇြန္ဘီ၊ ဘစ္ဆာကာတို႔နဲ႔ အသစ္ေရာက္လာတဲ့ တဲလက္စ္ကို တြဲေပးခဲ့ပါတယ္။ ဒါေပမဲ့ နည္းဗ်ဴ ဟာရႈေထာင့္ကၾကည့္မယ္ဆိုရင္ တဲလက္စ္နဲ႔ ဘစ္ဆာကာတို႔ဟာ တိုက္စစ္ကို လိုက္ပါ ကစားသြားၿပီး ၃-၅-၂ ပံုစံ အလ်ဥ္းသင့္သလိုကစားသြားခဲ့တာပါ။

ပထမပိုင္း ၂၃ မိနစ္မွာ မာရွယ္ေၾကာင့္ရတဲ့ပင္နယ္တီကို ဖာနန္ဒက္စ္က ကန္သြင္းခဲ့ၿပီး ပီအက္စ္ဂ်ီဂိုးသမား နာ ဗက္စ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ အသစ္ထုတ္ျပန္ထားတဲ့စည္းမ်ဥ္းအရ ပင္နယ္တီ ျပစ္ဒဏ္ေဘာကန္ခ်ိန္မွာ ဂိုးသမားဟာ ဂိုးစည္းေပၚ ေျခေထာက္ ၂ ဖက္စလံုးနင္းထားရ မယ့္ကန္႔သတ္ခ်က္ေၾကာင့္ ေနာက္တစ္ႀကိမ္ ျပန္ကန္ခြင့္ရခဲ့ပါတယ္။ ဒီတစ္ခါမွာလည္း ဖာနန္ဒက္စ္က ပထမတစ္ႀကိမ္တုန္းကအတုိင္း ဂိုးသမားရဲ႕ဘယ္ဘက္ကို ကန္သြင္းၿပီး ဂိုးရယူႏိုင္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ပရီးမီးယားလိဂ္မွာ ပဲေလ့စ္နဲ႔ပြဲတုန္းက ဒီဂီယာ ျဖစ္ခဲ့သလိုမ်ဳိး ျပန္အမွတ္ရစရာျဖစ္ခဲ့ပါတယ္။

မန္ယူေနာက္တန္းမွာ လူငယ္ျဖစ္ေပမယ့္ တန္ဇြန္ဘီဟာ ပထမပိုင္းတစ္ပိုင္းလံုး အမ္ဘတ္ပီကို အေကာင္းဆံုးထိန္းခ်ဳပ္ဟန္႔တား သြားႏိုင္ခဲ့တာကေတာ့ ခ်ီးက်ဴးစရာပါ။ ဒုတိယပိုင္းမွာ ပီအက္စ္ဂ်ီက တိုက္စစ္ကို ပိုဖိ ကစားလာၿပီး ေထာင့္ကန္ေဘာေတြလည္း ဆက္တိုက္ရေနခဲ့တာပါ။ ဒါေပမဲ့ မန္ယူရဲ႕ တန္ျပန္တုိက္စစ္ကလည္း ပီအက္စ္ဂ်ီေနာက္တန္းနဲ႔ ဂိုးသမားကို ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

၅၅ မိနစ္မွာ ေနမာရဲ႕ေထာင့္ကန္ေဘာကို မာရွယ္ ေခါင္းတိုက္ဖ်က္ထုတ္ရင္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ေပမယ့္ မန္ယူရဲ႕ကစားပံုကပ်က္မသြားဘဲ ပီအက္စ္ဂ်ီကို အျပန္ အလွန္ထိုးေဖာက္ႏိုင္ခဲ့တာပါ။ ေနာက္ပိုင္းမွာ နည္းျပဆိုးလ္ရွားဟာ ဘယ္ေနာက္ခံလူ တဲလက္စ္ကိုထုတ္ၿပီး ေပါ့ဂ္ဘာကိုထည့္သြင္းခဲ့တယ္။ ဒါဟာ နည္းဗ်ဴဟာအေျပာင္းအ လဲျပဳလုပ္ခဲ့တာျဖစ္ၿပီး ကြင္းလယ္မွာ တစ္ေယာက္တည္းဖန္တီးေနရတဲ့ ဖာနန္ဒက္စ္အ တြက္ ဖိအားေလ်ာ့သြားခဲ့ပါတယ္။

ပြဲၿပီးခါနီး ၈၇ မိနစ္မွာ ေပါ့ဂ္ဘာေပးတာကို ရက္ရွ္ဖို႔ဒ္ က အေကာင္းဆံုးကန္သြင္းႏိုင္ခဲ့ၿပီး မန္ယူကို ႏိုင္ပြဲရေစခဲ့ပါတယ္။ ပဲရစ္ေျမမွာ မန္ယူအ တြက္ကေတာ့ ၂ ႀကိမ္ဆက္တိုက္ ပီအက္စ္ဂ်ီကိုအႏိုင္ရခဲ့တာျဖစ္ၿပီး ဒီတစ္ေခါက္မွာ ၁-၃ နဲ႔ မႏိုင္ေတာ့ေပမယ့့္ ၁-၂ အႏိုင္ဂိုးကိုသြင္းသြားခဲ့တာ ရက္ရွ္ဖို႔ဒ္ပဲ ျဖစ္ေနတာကေတာ့ ထူးျခားမႈပါပဲ။