
အခုချိန်မှာ မက်ဂွိုင်းယားတစ်ယောက် အင်္ဂလန်အတွက် ဂိုးသွင်းရပ်တန့်လို့မရနိုင်
ဖြစ်နေပါတယ်။ အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ဆန်မာရီနိုကို ဂိုးမိုးရွာနိုင်ခဲ့တဲ့ပွဲမှာလည်း
အဲဒီမန်ယူနောက်ခံလူဟာ အင်္ဂလန်အတွက် အဖွင့်ဂိုးကို သွင်းယူခဲ့လို့ပါ။
မက်ဂွိုင်းယားဟာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီး
သူ့အသင်းဟာ ပထမပိုင်းမှာ ၆ ဂိုးပြတ်၊ ဒုတိယပိုင်းမှာ ၁၀ ဂိုးပြတ်နဲ့
အနိုင်ရခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့သောကြာတုန်းက အယ်ဘေးနီးယားကို ၅ ဂိုးပြတ်
နိုင်ခဲ့တဲ့ပွဲမှာလည်း အင်္ဂလန်အတွက် ဂိုးသွင်းခဲ့ပါသေးတယ်။
တစ်နည်းအားဖြင့် မက်ဂွိုင်းယားဟာ မန်ယူမှာထက် အင်္ဂလန်မှာ
ပိုပြီးဂိုးမြူးနေတာ ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အင်္ဂလန်အတွက်
၄၁ ပွဲမှာ ၇ ဂိုးရှိသွားခဲ့ပြီး မန်ယူအတွက် ပွဲ ၁၂၀ မှာတော့ ၆ ဂိုးပဲ ရှိပါသေးတယ်။
ဆန်မာရီနိုနဲ့ပွဲက ဂိုးကြောင့်လည်း မက်ဂွိုင်းယားဟာ
ချဲလ်ဆီးဂန္ထဝင်ဟောင်းတယ်ရီကို ကျော်ဖြတ်ပြီး အင်္ဂလန် အသင်း
သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဗဟိုနောက်ခံလူဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်အတွက် မက်ဂွိုင်းယားရဲ့ ၇ ပွဲမှာ ၅ ပွဲက ၂၀၂၁ ထဲမှာ သွင်းခဲ့တာဖြစ်လို့
ဒီနှစ်မှာ နိုင်ငံအသင်းမှာ သူဂိုးမြူးတဲ့နှစ်ဖြစ်နေပါတယ်။ ဒီဂိုးတွေကြောင့်
မက်ဂွိုင်းယားဟာ ယုံကြည်မှုပြရလာမယ်လို့လည်း မျှော်လင့်ရပါတယ်။
မကြာသေးခင်ရက်သတ္တပတ်တွေမှာ သူ့ရဲ့ခံစစ်ပိုင်းအမှားတွေကြောင့်
မက်ဂွိုင်းယားရဲ့ခြေစွမ်းနဲ့အသင်းခေါင်းဆောင်လက်ပတ်ဟာ
ကလပ်ပရိသတ်တွေရဲ့ဝေဖန်စရာဖြစ်ခဲ့ပါတယ်။
zawgyi
ဒီႏွစ္ ႏိုင္ငံအသင္းမွာ ဂိုးျမဴးခဲ့တဲ့မက္ဂြိဳင္းယား တယ္ရီရဲ႕စံခ်ိန္ကိုခ်ိဳးႏိုင္ခဲ့
အခုခ်ိန္မွာ မက္ဂြိဳင္းယားတစ္ေယာက္ အဂၤလန္အတြက္ ဂိုးသြင္းရပ္တန႔္လို႔မရႏိုင္
ျဖစ္ေနပါတယ္။ အသင္းငယ္ေလးတစ္သင္းျဖစ္တဲ့ဆန္မာရီႏိုကို ဂိုးမိုး႐ြာႏိုင္ခဲ့တဲ့ပြဲမွာလည္း
အဲဒီမန္ယူေနာက္ခံလူဟာ အဂၤလန္အတြက္ အဖြင့္ဂိုးကို သြင္းယူခဲ့လို႔ပါ။
မက္ဂြိဳင္းယားဟာ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းခဲ့တာျဖစ္ၿပီး
သူ႔အသင္းဟာ ပထမပိုင္းမွာ ၆ ဂိုးျပတ္၊ ဒုတိယပိုင္းမွာ ၁၀ ဂိုးျပတ္နဲ႔
အႏိုင္ရခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့ေသာၾကာတုန္းက အယ္ေဘးနီးယားကို ၅ ဂိုးျပတ္
ႏိုင္ခဲ့တဲ့ပြဲမွာလည္း အဂၤလန္အတြက္ ဂိုးသြင္းခဲ့ပါေသးတယ္။
တစ္နည္းအားျဖင့္ မက္ဂြိဳင္းယားဟာ မန္ယူမွာထက္ အဂၤလန္မွာ
ပိုၿပီးဂိုးျမဴးေနတာ ျဖစ္ပါတယ္။ အခုဆိုရင္ သူဟာ အဂၤလန္အတြက္
၄၁ ပြဲမွာ ၇ ဂိုးရွိသြားခဲ့ၿပီး မန္ယူအတြက္ ပြဲ ၁၂၀ မွာေတာ့ ၆ ဂိုးပဲ ရွိပါေသးတယ္။
ဆန္မာရီႏိုနဲ႔ပြဲက ဂိုးေၾကာင့္လည္း မက္ဂြိဳင္းယားဟာ
ခ်ဲလ္ဆီးဂႏၴဝင္ေဟာင္းတယ္ရီကို ေက်ာ္ျဖတ္ၿပီး အဂၤလန္ အသင္း
သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးဗဟိုေနာက္ခံလူျဖစ္လာခဲ့ပါတယ္။
အဂၤလန္အတြက္ မက္ဂြိဳင္းယားရဲ႕ ၇ ပြဲမွာ ၅ ပြဲက ၂၀၂၁ ထဲမွာ သြင္းခဲ့တာျဖစ္လို႔
ဒီႏွစ္မွာ ႏိုင္ငံအသင္းမွာ သူဂိုးျမဴးတဲ့ႏွစ္ျဖစ္ေနပါတယ္။ ဒီဂိုးေတြေၾကာင့္
မက္ဂြိဳင္းယားဟာ ယုံၾကည္မႈျပရလာမယ္လို႔လည္း ေမွ်ာ္လင့္ရပါတယ္။
မၾကာေသးခင္ရက္သတၱပတ္ေတြမွာ သူ႔ရဲ႕ခံစစ္ပိုင္းအမွားေတြေၾကာင့္
မက္ဂြိဳင္းယားရဲ႕ေျခစြမ္းနဲ႔အသင္းေခါင္းေဆာင္လက္ပတ္ဟာ
ကလပ္ပရိသတ္ေတြရဲ႕ေဝဖန္စရာျဖစ္ခဲ့ပါတယ္။