
ဘာစီလိုနာအသင်းနာမည်ကျော်ကစားသမားဒီပိုင်းဟာ အဝတ်လဲခန်းအတွင်းက
လှုပ်ရှားပုံတွေကို သူ့ Instagram မှာ Post တင်ခဲ့ပြီး
ကံမကောင်းချင်တော့ အဲဒီရုပ်သံထဲမှာ အသင်းဖော်ပီကေးရဲ့
ကိုယ်လုံးတီးအလှကို မတော်တဆရိုက်ကူးမိခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က အိုဆာဆူနာကို(၄-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့
လာလီဂါပွဲအပြီးမှာ အဝတ်လဲခန်းအတွင်း ဒီပိုင်းနဲ့အသင်းဖော်ဒန်နီအဲလ်ဗတ်စ်တို့ဟာ
ရေချိုး၊ အဝတ်အစားလဲအပြီး အပြင်ထွက်ဖို့ပြင်ဆင်နေတာကို
ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်သလို ‘a lot of flow’ ဆိုတဲ့စာသားနဲ့အတူ
followers (၁၄)သန်းအထိရှိတဲ့ သူ့ Instagram ပေါ် Post တင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့နောက်မှာ ပီကေးကလည်း ကိုယ်လုံးတီးနဲ့အဝတ်လဲနေတဲ့မြင်ကွင်းက
ရုပ်သံဖိုင်ထဲမှာ မတော်တဆပါဝင်ခဲ့ပြီး အဲဒါကို ဒီပိုင်းကိုယ်တိုင်မသိခဲ့ပေမယ့်
မျက်စိရှင်တဲ့ ပရိသတ်တွေကတော့ ချက်ချင်းမြင်ခဲ့ပါတယ်။
အဲဒါကြောင့် အွန်လိုင်းပေါ်မှာ ပရိသတ်တွေက “ပီကေးတစ်ယောက်
boxers ဝတ်ချိန်တောင် မရလိုက်ပါလား ၊ ဘာစီလိုနာအဝတ်လဲခန်းထဲမှာ
ထူးထူးဆန်းဆန်းတွေလည်းရှိတာပါပဲလား”လို့ နောက်ပြောင်ရေးသားနေကြတာဖြစ်ပါတယ်။
အိုဆာဆူနာနဲ့ပွဲမှာ ဘာစီလိုနာကစားသမားဘဝပွဲ(၆၀၀)ပြည့်ခဲ့သလို
(၄-၀)ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာကြောင့် ပီကေးအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ပေမယ့်
ဒီပိုင်းရဲ့ဗီဒီယိုဖိုင်မှာတော့ ‘တစ်သက်လုံးဖုံးသမျှ ကုန်းမှပဲပေါ်’ဆိုတဲ့အဖြစ်နဲ့
ကြုံခဲ့ရတယ်လို့ပြောရမှာပါ။
zawgyi
ဒီပိုင္းေၾကာင့္ တစ္သက္လုံးဖုံးသမွ် ကုန္းမွပဲေပၚ ခဲ့တဲ့ ပီေကး
ဘာစီလိုနာအသင္းနာမည္ေက်ာ္ကစားသမားဒီပိုင္းဟာ အဝတ္လဲခန္းအတြင္းက
လႈပ္ရွားပုံေတြကို သူ႔ Instagram မွာ Post တင္ခဲ့ၿပီး
ကံမေကာင္းခ်င္ေတာ့ အဲဒီ႐ုပ္သံထဲမွာ အသင္းေဖာ္ပီေကးရဲ႕
ကိုယ္လုံးတီးအလွကို မေတာ္တဆ႐ိုက္ကူးမိခဲ့ပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္က အိုဆာဆူနာကို(၄-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့
လာလီဂါပြဲအၿပီးမွာ အဝတ္လဲခန္းအတြင္း ဒီပိုင္းနဲ႔အသင္းေဖာ္ဒန္နီအဲလ္ဗတ္စ္တို႔ဟာ
ေရခ်ိဳး၊ အဝတ္အစားလဲအၿပီး အျပင္ထြက္ဖို႔ျပင္ဆင္ေနတာကို
ဗီဒီယို႐ိုက္ကူးခဲ့တာျဖစ္သလို ‘a lot of flow’ ဆိုတဲ့စာသားနဲ႔အတူ
followers (၁၄)သန္းအထိရွိတဲ့ သူ႔ Instagram ေပၚ Post တင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ သူတို႔ရဲ႕ေနာက္မွာ ပီေကးကလည္း ကိုယ္လုံးတီးနဲ႔အဝတ္လဲေနတဲ့ျမင္ကြင္းက
႐ုပ္သံဖိုင္ထဲမွာ မေတာ္တဆပါဝင္ခဲ့ၿပီး အဲဒါကို ဒီပိုင္းကိုယ္တိုင္မသိခဲ့ေပမယ့္
မ်က္စိရွင္တဲ့ ပရိသတ္ေတြကေတာ့ ခ်က္ခ်င္းျမင္ခဲ့ပါတယ္။
အဲဒါေၾကာင့္ အြန္လိုင္းေပၚမွာ ပရိသတ္ေတြက “ပီေကးတစ္ေယာက္
boxers ဝတ္ခ်ိန္ေတာင္ မရလိုက္ပါလား ၊ ဘာစီလိုနာအဝတ္လဲခန္းထဲမွာ
ထူးထူးဆန္းဆန္းေတြလည္းရွိတာပါပဲလား”လို႔ ေနာက္ေျပာင္ေရးသားေနၾကတာျဖစ္ပါတယ္။
အိုဆာဆူနာနဲ႔ပြဲမွာ ဘာစီလိုနာကစားသမားဘဝပြဲ(၆၀၀)ျပည့္ခဲ့သလို
(၄-၀)ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့တာေၾကာင့္ ပီေကးအတြက္ စိတ္ေက်နပ္စရာျဖစ္ခဲ့ေပမယ့္
ဒီပိုင္းရဲ႕ဗီဒီယိုဖိုင္မွာေတာ့ ‘တစ္သက္လုံးဖုံးသမွ် ကုန္းမွပဲေပၚ’ဆိုတဲ့အျဖစ္နဲ႔
ႀကဳံခဲ့ရတယ္လို႔ေျပာရမွာပါ။