ဒီဘရိုင်းတောင် ဘယ်လ်ဂျီယံ ပြန်ချင်စိတ်ပေါက်သွားစေနိုင်တဲ့ ဘာထရန် ထရာအိုရေးရဲ့ စကေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာ တောင်ပံလူ ဘာထရန် ထရာအိုရေးဟာ ယမန်နေ့ညက မန်စီးတီးနဲ့ ပွဲစဉ်မှာ ယခုနှစ်ရာသီ အကောင်းဆုံး First touch မျိုးဖြစ်လာနိုင်လာတဲ့ စကေးမျိုး ပြသွားခဲ့ပါတယ်။

ထရာအိုရေးဟာ ဗီလာမှာ ခြေစွမ်းပြသနေခဲ့ပြီး အီတီဟတ်ကွင်းကြီးထဲမှာလည်း ဒုတိယပိုင်းအတွင်း ပရိသတ်တွေ အံ့အားသင့်စေနိုင်လောက်တဲ့ စကေးပြခဲ့ပါတယ်။ဂိုးသမား မာတီနက်ဇ် ကန်တင်လိုက်တဲ့ ဘောလုံးကို ထရာအိုရေးက အပိုင်ထိန်းကာ နောက်ကကပ်ပါလာတဲ့ ဒီဘရိုင်းကို လှလှပပ စကေးပြပြီး ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီဒကစားသမားဟောင်းဟာ ဘယ်ခြေနဲ့ စီးတီးဂိုးထဲ ဆွဲဝင်ပြီး ကန်သွင်းခဲ့ပေမဲ့ အီဒါဆန်က ကာကွယ်သွားခဲ့ပြီး ဂိုးဝင်သွားခဲ့ရင်တော့ ယခုနှစ်ရာသီ အကောင်းဆုံး သွင်းဂိုး ဆန်ခါတင် စာရင်းထဲ ပါဝင်လာနိုင်ပါတယ်။

တွစ်တာက ပရိသတ်တွေကလည်း ထရာအိုရေးတစ်ယောက် ဒီဘရိုင်းကို နောက်ကောက်ချနိုင်ခဲ့ခြင်းအတွက် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဒီဘရိုင်းကို ဒဏ်ရာကြောင့် လူစားလဲခဲ့ရပေမဲ့ မန်စီးတီးတို့ ဘာနာဒို ဆေးလ်ဗား၊ ဂမ်ဒိုဂန်တို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် စီးတီတို့ ရမှတ် ၃၈မှတ် ရခဲ့ပြီး ဒုတိယနေရာမှာ ရှိနေခဲ့ပေမဲ့ ၁ပွဲလျော့နေတဲ့ အနေအထားမှာ ဇယားထိပ်တက်ရောက်ခွင့် ရှိနေတာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီဘရိုင္းေတာင္ ဘယ္လ္ဂ်ီယံ ျပန္ခ်င္စိတ္ေပါက္သြားေစႏုိင္တဲ့ ဘာထရန္ ထရာအုိေရးရဲ႕ စေကး

အက္စတြန္ဗီလာ ေတာင္ပံလူ ဘာထရန္ ထရာအိုေရးဟာ ယမန္ေန႔ညက မန္စီးတီးနဲ႔ ပဲြစဥ္မွာ ယခုႏွစ္ရာသီ အေကာင္းဆံုး First touch မ်ိဳးျဖစ္လာႏုိ္င္လာတဲ့ စေကးမ်ိဳး ျပသြားခဲ့ပါတယ္။ ထရာအုိေရးဟာ ဗီလာမွာ ေျခစြမ္းျပသေနခဲ့ျပီး အီတီဟတ္ကြင္းၾကီးထဲမွာလည္း ဒုတိယပုိင္းအတြင္း ပရိသတ္ေတြ အံ့အားသင့္ေစႏိုင္ေလာက္တဲ့ စေကးျပခဲ့ပါတယ္။ ဂိုးသမား မာတီနက္ဇ္ ကန္တင္လိုက္တဲ့ ေဘာလံုးကို ထရာအုိေရးက အပုိင္ထိန္းကာ ေနာက္ကကပ္ပါလာတဲ့ ဒီဘရိုင္းကို လွလွပပ စေကးျပျပီး ေက်ာ္ျဖတ္သြားခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီဒကစားသမားေဟာင္းဟာ ဘယ္ေျခနဲ႔ စီးတီးဂိုးထဲ ဆဲြ၀င္ျပီး ကန္သြင္းခဲ့ေပမဲ့ အီဒါဆန္က ကာကြယ္သြားခဲ့ျပီး ဂိုး၀င္သြားခဲ့ရင္ေတာ့ ယခုႏွစ္ရာသီ အေကာင္းဆံုး သြင္းဂိုး ဆန္ခါတင္ စာရင္းထဲ ပါ၀င္လာႏိုင္ပါတယ္။ တြစ္တာက ပရိသတ္ေတြကလည္း ထရာအိုေရးတစ္ေယာက္ ဒီဘရိုင္းကို ေနာက္ေကာက္ခ်ႏိုင္ခဲ့ျခင္းအတြက္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ အဆုိပါ ပဲြစဥ္မွာ ဒီဘရိုင္းကို ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရေပမဲ့ မန္စီးတီးတုိ႔ ဘာနာဒို ေဆးလ္ဗား၊ ဂမ္ဒိုဂန္တို႔ရဲ႕ ဂိုးေတြနဲ႔အတူ အႏိုင္ရခဲ့ပါတယ္။

အဆိုပါ ႏိုင္ပြဲေၾကာင့္ စီးတီတို႔ ရမွတ္ ၃၈မွတ္ ရခဲ့ျပီး ဒုတိယေနရာမွာ ရွိေနခဲ့ေပမဲ့ ၁ပဲြေလ်ာ့ေနတဲ့ အေနအထားမွာ ဇယားထိပ္တက္ေရာက္ခြင့္ ရွိေနတာ ျဖစ္ပါတယ္။