ဒီဘရိုင်းရဲ့ ပျက်ရယ်ပြုခံလိုက်ရပြန်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဥ်တုန်းက

အခါးသီးဆုံး မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို (၂) ဂိုး ပြတ် အရေးနိမ့်ခဲ့ရပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ဟာ ရလဒ်ပိုင်းအရ ရှုံးနိမ့်ခဲတဲ့အပြင် ခြေစွမ်းအရပါ အသာစီး

မရခဲ့ဘဲ မန်စီးတီးအသင်းကသာတစ်ပွဲလုံးကို စိုးမိုးသွားခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းကတော့ ယူနိုက်တက်ကို အနိုင်ရဖို့

အဆိုပါ ပွဲမတိုင်ခင်မှာ ထရိန်နင် (၁၀) မိနစ်သာ ဆင်းခဲ့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။

” ကျွန်တော်တို့ ပွဲတစ်ပွဲ ကစားခင် ပုံမှန် ထရိန်နင် ဆင်းတဲ့အခါမျိုးတွေမှာ ပြိုင်ဘက်ရဲ့

ကစားပုံအပေါ် နည်းစနစ်ပိုင်းအရ ချဥ်းကပ် လေ့လာပြီး လေ့ကျင့်ပြင်ဆင်တာမျိုး

လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ မကစားခင်တုန်းကတော့ အဲ့ဒီလို မဟုတ်ခဲ့ဘူးဗျ”

” နည်းပြ ပက် က ထရိနင်မှာ ဟိုဘက်အသင်းရဲ့ ကစားပုံကို ငါတို့လည်း မသိဘူးကွာ …

မီးစင်ကြည့်ကကြတာပေါ့ ဆိုပြီး ပြောလာတယ်။ ဒီတော့ ကျွန်တော်တို့လည်း

(၁၀) မိနစ်လောက်ပဲ လေ့ကျင့်ပြီး ထရိန်နင် နားလိုက်တယ်” လို့ ဒီဘရိုင်းကပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲတုန်းက လူစားလဲတာမျိုး မလုပ်ဘဲ ပွဲထွက် ကစားသမား

(၁၁) ယောက်နဲ့သာ ပွဲပြီးတဲ့အထိ ကစားစေခဲ့တဲ့အပေါ် ပွဲအပြီး အင်တာဗျူးမှာ

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ” ကျွန်တော်တို့ (၂−၀) နဲ့ သက်သက်သာသာ

နိုင်နေပြီလေ။ သူတို့ အသင်းကို အနိုင်ရဖို့ လူစားလဲစရာတောင်မလိုခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါသေးတယ်။

Zawgyi

ဒီဘ႐ိုင္းရဲ႕ ပ်က္ရယ္ျပဳခံလိုက္ရျပန္တဲ့ ဆိုးလ္ရွား
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္တုန္းက

အခါးသီးဆုံး ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို (၂) ဂိုး ျပတ္ အေရးနိမ့္ခဲ့ရပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္ဟာ ရလဒ္ပိုင္းအရ ရႈံးနိမ့္ခဲတဲ့အျပင္ ေျခစြမ္းအရပါ အသာစီး

မရခဲ့ဘဲ မန္စီးတီးအသင္းကသာတစ္ပြဲလုံးကို စိုးမိုးသြားခဲ့တာပါ။

မန္စီးတီးအသင္းရဲ႕ ကြင္းလယ္လူ ဒီဘ႐ိုင္းကေတာ့ ယူႏိုက္တက္ကို အႏိုင္ရဖို႔

အဆိုပါ ပြဲမတိုင္ခင္မွာ ထရိန္နင္ (၁၀) မိနစ္သာ ဆင္းခဲ့ရတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

 

” ကြၽန္ေတာ္တို႔ ပြဲတစ္ပြဲ ကစားခင္ ပုံမွန္ ထရိန္နင္ ဆင္းတဲ့အခါမ်ိဳးေတြမွာ ၿပိဳင္ဘက္ရဲ႕

ကစားပုံအေပၚ နည္းစနစ္ပိုင္းအရ ခ်ဥ္းကပ္ ေလ့လာၿပီး ေလ့က်င့္ျပင္ဆင္တာမ်ိဳး

လုပ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္နဲ႔ မကစားခင္တုန္းကေတာ့ အဲ့ဒီလို မဟုတ္ခဲ့ဘူးဗ်”

” နည္းျပ ပက္ က ထရိနင္မွာ ဟိုဘက္အသင္းရဲ႕ ကစားပုံကို ငါတို႔လည္း မသိဘူးကြာ …

မီးစင္ၾကည့္ကၾကတာေပါ့ ဆိုၿပီး ေျပာလာတယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔လည္း

(၁၀) မိနစ္ေလာက္ပဲ ေလ့က်င့္ၿပီး ထရိန္နင္ နားလိုက္တယ္” လို႔ ဒီဘ႐ိုင္းကေျပာဆိုခဲ့ပါတယ္။

 

ယူႏိုက္တက္နဲ႔ပြဲတုန္းက လူစားလဲတာမ်ိဳး မလုပ္ဘဲ ပြဲထြက္ ကစားသမား

(၁၁) ေယာက္နဲ႔သာ ပြဲၿပီးတဲ့အထိ ကစားေစခဲ့တဲ့အေပၚ ပြဲအၿပီး အင္တာဗ်ဴးမွာ

မန္စီးတီး နည္းျပ ပက္ဂြာဒီယိုလာက ” ကြၽန္ေတာ္တို႔ (၂−၀) နဲ႔ သက္သက္သာသာ

ႏိုင္ေနၿပီေလ။ သူတို႔ အသင္းကို အႏိုင္ရဖို႔ လူစားလဲစရာေတာင္မလိုခဲ့ပါဘူး” လို႔ ေျပာဆိုခဲ့ပါေသးတယ္။