ဒီမှာလိုများမှတ်နေလား ဝါဒါဘရီမင်နည်းပြရယ်

ဝါဒါဘရီမင်နည်းပြမားကပ်စ်အန်ဖန်ဟာကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း

စာရွက်စာတမ်းအတုပြုလုပ်မှုကြောင့်ရာထူးမှနုတ်ထွက်လိုက်ရပါတယ်။

အသက်၄၇နှစ်ရှိနည်းပြဟာကလပ်ကကာကွယ်ဆေးထိုးရန်တိုက်တွန်းမှုကို

ငြင်းပယ်ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်ယခုအခါမှာတော့သူနှင့်

သူ့လက်ထောက်ဖလိုရီယန်ဂျန်ဂီတို့ဟာဘွန်ဒက်စ်လီဂါဒုတိယတန်းကလပ်မှ

နုတ်ထွက်လိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။

အန်ဖန်ဟာပြီးခဲ့တဲ့ရာသီအကုန်တွင်ဘွန်ဒက်စ်လီဂါမှတန်းဆင်းခဲ့ရတဲ့

ဝါဒါဘရီမင်သို့ဇွန်လတုန်းကရောက်လာခဲ့သူဖြစ်ပါတယ်။

အန်ဖန်ဟာဝါဒါဘရီမင်ကိုဘွန်ဒက်စ်လီဂါ၂အမှတ်ပေးဇယား

အဆင့်၈နေရာတွင်ရပ်တည်နိုင်အောင်စွမ်းဆောင်ထားပေမယ့်

ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်းစာရွက်စာတမ်းအတု

လုပ်ဆောင်မှုအတွက်နုတ်ထွက်လိုက်ရပြီဖြစ်ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုနေတဲ့

ကစားသမားများနှင့်နည်းပြများမဖြစ်မနေကာကွယ်ဆေးထိုးရမယ့်

ဥပဒေပြဌာန်းစီစဉ်နေပါတယ်။ ဘိုင်ယန်မြူးနစ်မှာကမ်မစ်ရှ်အပါအဝင်

ကစားသမားအချို့တို့ဟာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုမှုကြောင့်

ဘိုင်ယန်ရဲ့ဟိုတယ်တွင်အတူတည်းခွင့်မရဘဲသီးသန့်အိပ်ရတဲ့အပြင်

အသင်းဘတ်စ်ကားကိုလည်းစီးနင်းခွင့်မရကြဘူး။ဒါ့အပြင်၎င်းတို့ဟာ

သုံးရက်တစ်ကြိမ်ကိုဗစ်စစ်ဆေးမှုကိုလည်းကိုယ်ပိုင်ငွေကြေးဖြင့်ပြုလုပ်နေရပါတယ်။

zawgyi

ဒီမွာလိုမ်ားမွတ္ေနလား ဝါဒါဘရီမင္နည္းျပရယ္

ဝါဒါဘရီမင္နည္းျပမားကပ္စ္အန္ဖန္ဟာကိုဗစ္ကာကြယ္ေဆးထိုးထားေၾကာင္း

စာ႐ြက္စာတမ္းအတုျပဳလုပ္မႈေၾကာင့္ရာထူးမွႏုတ္ထြက္လိုက္ရပါတယ္။

အသက္၄၇ႏွစ္ရွိနည္းျပဟာကလပ္ကကာကြယ္ေဆးထိုးရန္တိုက္တြန္းမႈကို

ျငင္းပယ္ခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ယခုအခါမွာေတာ့သူႏွင့္

သူ႔လက္ေထာက္ဖလိုရီယန္ဂ်န္ဂီတို႔ဟာဘြန္ဒက္စ္လီဂါဒုတိယတန္းကလပ္မွ

ႏုတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အန္ဖန္ဟာၿပီးခဲ့တဲ့ရာသီအကုန္တြင္ဘြန္ဒက္စ္လီဂါမွတန္းဆင္းခဲ့ရတဲ့

ဝါဒါဘရီမင္သို႔ဇြန္လတုန္းကေရာက္လာခဲ့သူျဖစ္ပါတယ္။

အန္ဖန္ဟာဝါဒါဘရီမင္ကိုဘြန္ဒက္စ္လီဂါ၂အမွတ္ေပးဇယား

အဆင့္၈ေနရာတြင္ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ထားေပမယ့္

ကိုဗစ္ကာကြယ္ေဆးထိုးထားေၾကာင္းစာ႐ြက္စာတမ္းအတု

လုပ္ေဆာင္မႈအတြက္ႏုတ္ထြက္လိုက္ရၿပီျဖစ္ပါတယ္။

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုေနတဲ့

ကစားသမားမ်ားႏွင့္နည္းျပမ်ားမျဖစ္မေနကာကြယ္ေဆးထိုးရမယ့္

ဥပေဒျပဌာန္းစီစဥ္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္မွာကမ္မစ္ရွ္အပါအဝင္

ကစားသမားအခ်ိဳ႕တို႔ဟာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုမႈေၾကာင့္

ဘိုင္ယန္ရဲ႕ဟိုတယ္တြင္အတူတည္းခြင့္မရဘဲသီးသန႔္အိပ္ရတဲ့အျပင္

အသင္းဘတ္စ္ကားကိုလည္းစီးနင္းခြင့္မရၾကဘူး။ဒါ့အျပင္၎တို႔ဟာ

သုံးရက္တစ္ႀကိမ္ကိုဗစ္စစ္ေဆးမႈကိုလည္းကိုယ္ပိုင္ေငြေၾကးျဖင့္ျပဳလုပ္ေနရပါတယ္။