အာမက် ဒီယာလိုဟာ ယူနိုက်တက်ရဲ့ မက်ဆီဖြစ်လာမယ့်သူလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် အာမက် ဒီယာလိုကို အသင်းဟောင်း အတ္တလန္တာရဲ့ ခေါင်းဆောင် Papu Gomez က ပရိသတ်တွေ စိတ်လှုပ်ရှားသွားနိုင်တဲ့ ချီးကျူးမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။

အိုင်ဗရီကို့စ်နွယ်ဖွားဟာ အိုးထရတ်ဖို့ဒ်ကို တရားဝင် အပြီးသတ် ပြောင်းရွေ့နိုင်ခဲ့ပြီး နည်းပြ ဆိုးရှား တာဝန်ပေးပါက ခြေစွမ်းပြဖို့ အသင့်ရှိနေပါတယ်။ ဒီယာလိုဟာ ယူနိုက်တက်အသင်းထံ မပြောင်းရွေ့မီ အတ္တလန္တာအသင်းမှာပဲ ရာသီကုန်ထိ ဆက်လက်ရှိနေရန် အငှားခေါ်ယူတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ဒါ့အပြင် နည်းပြ အိုလေ ဂန်နား ဆိုးရှား ကလည်ဲးဒီယာလိုကို အိုးထရတ်ဖို့ဒ်မှာ ချက်ခြင်း အလိုရှိနေတဲ့အတွက် အီတလီကလပ်ရဲ့ အငှားခေါ်ယူရန် ကမ်းလှမ်းမှုကို ပယ်ချတဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေက ဒီယာလိုအပေါ် တတ်နိုင်သမျှ မျှော်လင့်ချက်တွေ မထားဖို့ ကြိုးစားနေကြပေမယ့် သူ့ရဲ့ အသင်းဖော်ဟောင်းကတော့ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တရားဝင် ဝက်စ်ဆိုက်ဒ် မှာ Gomez က ” အသင်းကြီးက ခံစစ်ကစားသမားတွေအနေနဲ့ တခါတလေ သူ့ကို မတားဆီးနိုင်ကြပါဘူး။ လေ့ကျင့်ရေးကွင်းမှာ သူ့ကို တားနိုင်ဖို့ဆိုရင် လူကိုပါ ကန်မှရမယ်ဗျ ။ သူကစားတာက မက်ဆီနဲ့ တူတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ဒီယာလိုက ပယ်လီစထရီလို ယူ – ၂၃ အသင်းနဲ့ ဦးစွာ ကစားရဖို့မရှိပဲ အသင်းကြီးနဲ့ တိုက်ရိုက်ပူးပေါင်းခွင့်ရဖွယ် ရှိနေပါတယ်။ ဒီယာလိုဟာ ယူနိုက်တက်ရဲ့ အားအနည်းဆုံးနေရာအတွက် အဖြေရှာနိုင်ဖို့ အချိန်ကိုက် ရောက်ရှိလာတာလို့ ဆိုရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi



