ဒီယာလိုကို အငှားချဖို့ရှိတယ်လို့ဝန်ခံပြောဆိုလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့လူငယ်

တိုက်စစ်ကစားသမားဒီယာလိုရဲ့ဒဏ်ရာအနေအထား တိုးတက်ကောင်းမွန်

လာပြီဆိုရင် ပုံမှန်ကစားခွင့်ရအောင် လာမယ့်ဇန်နဝါရီမှာ အငှားချသွားဖို့

ရှိတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဒီယာလိုဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက

အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် နွေရာသီကာလအတွင်း

ဖီယင်နုအသင်းဆီအငှားနဲ့ပြောင်းရွှေ့မယ့်ကိစ္စက ပျက်ပြယ်ခဲ့ရပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ဒီယာလိုဟာ ဒဏ်ရာကပြန်လည်သက်သာလာပြီဖြစ်သလို

ပြီးခဲ့တဲ့တစ်ပတ်က အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းခဲ့ပြီး မကြာခင်

ယူ-၂၃ အသင်းမှာပါဝင်ကစားမယ့်အနေအထားရှိနေပါပြီ။

ဆိုးလ်ရှားက “ပြီးခဲ့တဲ့တစ်ပတ်က လက်စတာနဲ့ပွဲမတိုင်ခင်မှာ ဒီယာလိုဟာ

အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝလာအောင် ဆက်လက်

လုပ်ဆောင်နေဆဲပါပဲ။ ဘောလုံးပြန်ကစားဖို့အသင့်ဖြစ်နေပြီဆိုရင်တော့

ယူ-၂၃ အသင်းအတွက် အရင်ဆုံးပါဝင်ကစားဖို့ရှိနေပါတယ်။ သူ့ကို အသင်းမှာပဲ

ဆက်ထားမလား ဒါမှမဟုတ် အငှားချမလားဆိုတာကို လာမယ့်ခရစ္စမတ်ကာလ

မတိုင်ခင်မှာ ကျွန်တော်တို့ဆုံးဖြတ်သွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်

zawgyi

ဒီယာလိုကို အငွားခ်ဖို႔ရွိတယ္လို႔ဝန္ခံေျပာဆိုလိုက္တဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက အသင္းရဲ႕လူငယ္

တိုက္စစ္ကစားသမားဒီယာလိုရဲ႕ဒဏ္ရာအေနအထား တိုးတက္ေကာင္းမြန္

လာၿပီဆိုရင္ ပုံမွန္ကစားခြင့္ရေအာင္ လာမယ့္ဇန္နဝါရီမွာ အငွားခ်သြားဖို႔

ရွိတယ္လို႔ဝန္ခံေျပာဆိုလိုက္ပါတယ္။ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကစားသမားဒီယာလိုဟာ ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းက

အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေႏြရာသီကာလအတြင္း

ဖီယင္ႏုအသင္းဆီအငွားနဲ႔ေျပာင္းေ႐ႊ႕မယ့္ကိစၥက ပ်က္ျပယ္ခဲ့ရပါတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ဒီယာလိုဟာ ဒဏ္ရာကျပန္လည္သက္သာလာၿပီျဖစ္သလို

ၿပီးခဲ့တဲ့တစ္ပတ္က အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းခဲ့ၿပီး မၾကာခင္

ယူ-၂၃ အသင္းမွာပါဝင္ကစားမယ့္အေနအထားရွိေနပါၿပီ။

ဆိုးလ္ရွားက “ၿပီးခဲ့တဲ့တစ္ပတ္က လက္စတာနဲ႔ပြဲမတိုင္ခင္မွာ ဒီယာလိုဟာ

အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းခဲ့ၿပီး ႀကံ့ခိုင္မႈျပည့္ဝလာေအာင္ ဆက္လက္

လုပ္ေဆာင္ေနဆဲပါပဲ။ ေဘာလုံးျပန္ကစားဖို႔အသင့္ျဖစ္ေနၿပီဆိုရင္ေတာ့

ယူ-၂၃ အသင္းအတြက္ အရင္ဆုံးပါဝင္ကစားဖို႔ရွိေနပါတယ္။ သူ႔ကို အသင္းမွာပဲ

ဆက္ထားမလား ဒါမွမဟုတ္ အငွားခ်မလားဆိုတာကို လာမယ့္ခရစၥမတ္ကာလ

မတိုင္ခင္မွာ ကြၽန္ေတာ္တို႔ဆုံးျဖတ္သြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္