ဒီယာလိုက ယူနိုက်တက်မှာ ရော်နယ်ဒိုလက်သစ်ဖြစ်လာနိုင်တယ်လို့ ဖာဒီနန် ကင်ပွန်းတပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အာမက်ဒီယာလိုဟာ ရော်နယ်ဒိုအပြောင်းအရွှေနဲ့ ဆင်တူတာကြောင့် ယူနိုက်တက်ရဲ့ရော်နယ်ဒိုလက်သစ်ဖြစ်လာနိုင်တယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာလအပြောင်းအရွှေ့မပိတ်ခင်က အသက် ၁၈ နှစ်သား ဒီယာလိုကု ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။


အသက် ၁၈ နှစ်သားဟာ ယူနိုက်တက်ကို ပေါင် ၃၇.၂ သန်းနဲ့ အတ္တလန္တာကနေ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဖာဒီနန်က ဒီယာလိုရဲ့အပြောင်းအရွှေ့ဟာ ၂၀၀၃ ခုနှစ်က စပို့တင်းကနေ ရော်နယ်ဒိုရောက်လာတုန်းကအပြောင်းအရွှေ့နဲ့ဆင်တူတာကြောင့် အခုလိုမျိုးယုံကြည်နေတာဖြစ်ပါတယ်။


သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ “ကျွန်တော်တို့ အတ္တလန္တာက ကောင်လေးတစ်ယောက်ကို ခေါ်ယူလိုက်ပါပြီ။ သူတစ်ခုခုတော့ လုပ်ပြလိမ့်မယ်ထင်ပါတယ်။

သူ့ရဲ့ဗီဒီယိုကိုတွေ့ရင် လူတွေက ဒီကောင်လေးက ကမ္ဘာ့အဆင်ကစားသမားလို့ ပြောကြပါလိမ့်မယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

“သူ့ကိုရော်နယ်ဒိုလက်သစ်ဆိုပြီးတော့ ဖိအားတွေမပေးချင်ပါဘူး။ ဒါပေမဲ့ ဘယ်သူမှ သူဟာ ရော်နယ်ဒိုလိုဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီကောင်လေးမှာ တစ်ခုခုထူးခြားတာရှိနေပါတယ်”လို့ ဖာဒီနန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီယာလိုဟာ အတ္တလန္တာအသင်းမှာလည်း ခြေစွမ်းကောင်းတစ်ချို့ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အစောပိုင်းကာလမှာ သူ့ကိုရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းတာက ဖိအားတွေတော့ ဖြစ်လာနိုင်ပါတယ်။

ဒီယာလိုကို လာမယ့် ၂၀၂၀ – ၂၁ ရာသီဝက်ရဲ့ ယူနိုက်တက်လူစာရင်းမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီယာလိုက ယူႏုိက္တက္မွာ ေရာ္နယ္ဒိုလက္သစ္ျဖစ္လာႏုိင္တယ္လုိ႔ ဖာဒီနန္ ကင္ပြန္းတပ္

ယူႏုိက္တက္ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က အာမက္ဒီယာလိုဟာ ေရာ္နယ္ဒိုအေျပာင္းအေရႊနဲ႔ ဆင္တူတာေၾကာင့္ ယူႏိုက္တက္ရဲ႕ေရာ္နယ္ဒိုလက္သစ္ျဖစ္လာႏိုင္တယ္လို႔ ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။ ယူႏိုက္တက္ဟာ ေအာက္တုိဘာလအေျပာင္းအေရႊ႕မပိတ္ခင္က အသက္ ၁၈ ႏွစ္သား ဒီယာလိုကု ေခၚယူႏုိင္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္သားဟာ ယူႏုိက္တက္ကို ေပါင္ ၃၇.၂ သန္းနဲ႔ အတၱလႏၱာကေန ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဖာဒီနန္က ဒီယာလိုရဲ႕အေျပာင္းအေရႊ႕ဟာ ၂၀၀၃ ခုႏွစ္က စပို႔တင္းကေန ေရာ္နယ္ဒိုေရာက္လာတုန္းကအေျပာင္းအေရႊ႕နဲ႔ဆင္တူတာေၾကာင့္ အခုလိုမ်ိဳးယံုၾကည္ေနတာျဖစ္ပါတယ္။

သတင္းဌာနတစ္ခုနဲ႔အင္တာဗ်ဴးမွာ “ကြ်န္ေတာ္တို႔ အတၱလႏၱာက ေကာင္ေလးတစ္ေယာက္ကို ေခၚယူလိုက္ပါျပီ။ သူတစ္ခုခုေတာ့ လုပ္ျပလိမ့္မယ္ထင္ပါတယ္။ သူ႕ရဲ႕ဗီဒီယိုကိုေတြ႔ရင္ လူေတြက ဒီေကာင္ေလးက ကမၻာ့အဆင္ကစားသမားလို႔ ေျပာၾကပါလိမ့္မယ္”လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။ “သူ႕ကိုေရာ္နယ္ဒိုလက္သစ္ဆုိျပီးေတာ့ ဖိအားေတြမေပးခ်င္ပါဘူး။ ဒါေပမဲ့ ဘယ္သူမွ သူဟာ ေရာ္နယ္ဒိုလုိျဖစ္မလာႏိုင္ဘူးလို႔ မေျပာႏိုင္ပါဘူး။

ဒီေကာင္ေလးမွာ တစ္ခုခုထူးျခားတာရွိေနပါတယ္”လို႔ ဖာဒီနန္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ဒီယာလိုဟာ အတၱလႏၱာအသင္းမွာလည္း ေျခစြမ္းေကာင္းတစ္ခ်ိဳ႕ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အေစာပိုင္းကာလမွာ သူ႕ကိုေရာ္နယ္ဒိုနဲ႔ ခိုင္းႏိႈင္းတာက ဖိအားေတြေတာ့ ျဖစ္လာႏိုင္ပါတယ္။ ဒီယာလိုကို လာမယ့္ ၂၀၂၀ – ၂၁ ရာသီ၀က္ရဲ႕ ယူႏုိက္တက္လူစာရင္းမွာ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။