ဒီယာလို မကြာခင် ပူးပေါင်းမှာ ဖြစ်ပေမဲ့ ဇန်နဝါရီမှာ လှုပ်ရှားမှုနည်းမယ်လို့ ဆိုးလ်ရှား ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကတော့ အတ္တလန္တာကို အငှားချထားတဲ့ လူငယ်ကစားသမား ဒီယာလိုကို ပြန်လည်ခေါ်ယူမှာဖြစ်ပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လူဝယ်ဖို့တော့ အစီအစဉ် သိပ်မရှိဘူးလို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသက် ၁၈ နှစ်သားကို နွေရာသီတုန်းက ပေါင် ၃၇ သန်းနဲ့ ခေါ်ယူပြီး ပြန်လည်အငှားချခဲ့ကာ လက်ရှိအချိန်မှာတော့ ပြန်လည်ခေါ်ယူမှာဖြစ်ပေမယ့် အလုပ်ပါမစ်ရဖို့တော့ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက ဒီယာလိုတစ်ယောက် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ နော်ဝေသားဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်အတွက် လှုပ်ရှားမှာမဟုတ်ကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ်။

“အာမက်က အားလုံးအဆင်ပြေနေပါပြီ။ မကြာခင်မှာသူက ကျွန်တော်တို့ဆီရောက်လာမှာပါ။ သူနဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေပါပြီ။ တိုးတက်လာဖို့တော့ အချိန်လိုပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ညာတောင်ပံကစားသမား ဒီယာလိုဟာ ဒီရာသီ အတ္တလန္တာအသင်းအတွက် ပြိုင်ပွဲစုံ ၃၅ မိနစ်သာ ကစားခွင့်ရရှိထားခဲ့ပါတယ်။

ဆယ်ကျော်သက်ကစားသမားလေးဟာ ယူနိုက်တက်ယူ -၂၃ အသင်းမှာသာ ကနဦးကစားရဖွယ်ရှိနေပြီး ခြေစွမ်းပြနိုင်မှသာ အသင်းကြီးထံခေါ်ယူဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ နိုဝင်ဘာလက အာဆင်နယ်ကိုအရေးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲကို အရေးမနိမ့်ထားဘဲ ၈ ပွဲအထိ အနိုင်ရရှိခဲ့ကာ ၂ ပွဲသရေကျထားခဲ့ပါတယ်။

“ကျွန်တော်အရမ်းပျော်ပါတယ်။ တစ်နှစ်အတွင်းမှာ အများကြီးတိုးတက်လာခဲ့ပါတယ်။ အာဆင်နယ်ကိုအရေးနိမ့်ခဲ့ပေမယ့် ပိုကောင်းလာခဲ့ပါတယ်။ ကစားသမားတွေကလည်း တစ်နေ့ပြီးတစ်နေ့ တိုးတက်လာအောင် သင်ယူနေပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီယာလို မၾကာခင္ ပူးေပါင္းမွာ ျဖစ္ေပမဲ့ ဇန္န၀ါရီမွာ လႈပ္ရွားမႈနည္းမယ္လို႔ ဆုိးလ္ရွား ၀န္ခံ

ယူႏိုက္တက္အသင္းကေတာ့ အတၱလႏၱာကို အငွားခ်ထားတဲ့ လူငယ္ကစားသမား ဒီယာလိုကို ျပန္လည္ေခၚယူမွာျဖစ္ေပမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ လူ၀ယ္ဖို႔ေတာ့ အစီအစဥ္ သိပ္မရွိဘူးလို႔ ဆုိးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ အသက္ ၁၈ ႏွစ္သားကို ေႏြရာသီတုန္းက ေပါင္ ၃၇ သန္းနဲ႔ ေခၚယူျပီး ျပန္လည္အငွားခ်ခဲ့ကာ လက္ရွိအခ်ိန္မွာေတာ့ ျပန္လည္ေခၚယူမွာျဖစ္ေပမယ့္ အလုပ္ပါမစ္ရဖို႔ေတာ့ ေစာင့္ဆိုင္းရဖြယ္ရွိေနပါတယ္။ ဗီလာအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲအျပီးမွာ ဆိုးလ္ရွားက ဒီယာလိုတစ္ေယာက္ ယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိလာမယ္လုိ႔ အတည္ျပဳခဲ့ပါတယ္။

ဒါေပမဲ့ ေနာ္ေ၀သားဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္အတြက္ လႈပ္ရွားမွာမဟုတ္ေၾကာင္း အရိပ္အျမြက္ဆိုခဲ့ပါတယ္။ “အာမက္က အားလံုးအဆင္ေျပေနပါျပီ။ မၾကာခင္မွာသူက ကြ်န္ေတာ္တို႔ဆီေရာက္လာမွာပါ။ သူနဲ႔ပတ္သက္ျပီး အရမ္းစိတ္လႈပ္ရွားေနပါျပီ။ တိုးတက္လာဖို႔ေတာ့ အခ်ိန္လိုပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ ညာေတာင္ပံကစားသမား ဒီယာလိုဟာ ဒီရာသီ အတၱလႏၱာအသင္းအတြက္ ျပိဳင္ပြဲစံု ၃၅ မိနစ္သာ ကစားခြင့္ရရွိထားခဲ့ပါတယ္။

ဆယ္ေက်ာ္သက္ကစားသမားေလးဟာ ယူႏိုက္တက္ယူ -၂၃ အသင္းမွာသာ ကနဦးကစားရဖြယ္ရွိေနျပီး ေျခစြမ္းျပႏုိင္မွသာ အသင္းၾကီးထံေခၚယူဖြယ္ရွိေနပါတယ္။ ယူႏိုက္တက္ဟာ ႏုိ၀င္ဘာလက အာဆင္နယ္ကိုအေရးနိမ့္ျပီးေနာက္ပိုင္း ပရီးမီးယားလိဂ္ေနာက္ဆံုး ၁၀ ပြဲကို အေရးမနိမ့္ထားဘဲ ၈ ပြဲအထိ အႏိုင္ရရွိခဲ့ကာ ၂ ပြဲသေရက်ထားခဲ့ပါတယ္။ “ကြ်န္ေတာ္အရမ္းေပ်ာ္ပါတယ္။ တစ္ႏွစ္အတြင္းမွာ အမ်ားၾကီးတိုးတက္လာခဲ့ပါတယ္။ အာဆင္နယ္ကိုအေရးနိမ့္ခဲ့ေပမယ့္ ပိုေကာင္းလာခဲ့ပါတယ္။ ကစားသမားေတြကလည္း တစ္ေန႔ျပီးတစ္ေန႔ တိုးတက္လာေအာင္ သင္ယူေနပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။