ဒီယေဂို ကော်စတာရဲ့ လက်ကျန် စာချုပ်ကို ၂ဦးသဘောတူ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ အက်သလက်တီကို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းဟာ တိုက်စစ်မှူး ဒီယေဂို ကော်စတာနဲ့ ၂ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပိန်သားတစ်ယောက် အသင်းလက်မဲ့ ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အက်သလက်တီကိုကနေ ထွက်ခွာလာမယ့် ဒီယေဂို ကော်စတာကို အာဆင်နယ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက ချဉ်းကပ်မှုတွေ ပြုလုပ်တယ်လို့ ယုံကြည်ရပါတယ်။


နည်းပြ ဆီမြွန်နီ လက်ထက် အသင်းက ထွက်ခွာခွင့် မရခဲ့တဲ့ ကော်စတာတစ်ယောက် အက်သလက်တီကိုအား စာချုပ်ဖျက်သိမ်းဖို့အတွက် နည်းလမ်း ရှာပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ကော်စတာဟာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်နဲ့ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ လေ့ကျင့်ခန်း အစီအစဉ်ကို အသင်းက ပျက်ကွက်ခွင့်ပေးခဲ့ပါတယ်။


စပိန်သားဟာ ဥရောပထိပ်တန်းလိဂ်တွေမှာ ၂ရာသီ၊ ၃ရာသီလောက်ထိ ကစားနိုင်သေးတယ်လို့ ယုံကြည်နေပြီး အသင်းလက်မဲ့ လုပ်လိုက်တာက လာမယ့် အပြောင်းအရွှေ့ကာလမှာ သတင်းတွေ ပိုပွစေတော့မှာ ဖြစ်ပါတယ်။
ကော်စတာကိုတော့ ဇန်နဝါရီမှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။


အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ၁၅ဂိုးသာ သွင်းထားနိုင်ခဲ့ပြီး အဆင့်၁၅ရောက်နေခဲ့ကာ အခြေအနေ တော်တော်ဆိုးနေခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာလည်း မိုရာတာအတွက် တွဲဖက်တိုက်စစ်မှူး ရှာဖွေနေပြီး ယခင်က အတူတွဲကစားခဲ့ဖူးတဲ့ ကော်စတာက ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လာနိုငပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီေယဂို ေကာ္စတာရဲ႕ လက္က်န္ စာခ်ဳပ္ကို ၂ဦးသေဘာတူ ဖ်က္သိမ္းလိုက္ျပီျဖစ္တဲ့ အက္သလက္တီကို
=====================
အက္သလက္တီကိုအသင္းဟာ တုိက္စစ္မွဴး ဒီေယဂို ေကာ္စတာနဲ႔ ၂ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းလိုက္ျပီ ျဖစ္တာေၾကာင့္ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ စပိန္သားတစ္ေယာက္ အသင္းလက္မဲ့ ျဖစ္သြားခဲ့ျပီ ျဖစ္ပါတယ္။
အက္သလက္တီကိုကေန ထြက္ခြာလာမယ့္ ဒီေယဂို ေကာ္စတာကို အာဆင္နယ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြက ခ်ဥ္းကပ္မႈေတြ ျပဳလုပ္တယ္လို႔ ယံုၾကည္ရပါတယ္။

နည္းျပ ဆီျမြန္နီ လက္ထက္ အသင္းက ထြက္ခြာခြင့္ မရခဲ့တဲ့ ေကာ္စတာတစ္ေယာက္ အက္သလက္တီကိုအား စာခ်ဳပ္ဖ်က္သိမ္းဖို႔အတြက္ နည္းလမ္း ရွာေပးခဲ့တယ္လို႔ ယံုၾကည္ရပါတယ္။
ေကာ္စတာဟာ ကိုယ္ေရးကိုယ္တာ အေၾကာင္းျပခ်က္နဲ႔ အသင္းက ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ျပီး တနလၤာေန႔ ေလ့က်င့္ခန္း အစီအစဥ္ကို အသင္းက ပ်က္ကြက္ခြင့္ေပးခဲ့ပါတယ္။
စပိန္သားဟာ ဥေရာပထိပ္တန္းလိဂ္ေတြမွာ ၂ရာသီ၊ ၃ရာသီေလာက္ထိ ကစားႏိုင္ေသးတယ္လို႔ ယံုၾကည္ေနျပီး အသင္းလက္မဲ့ လုပ္လိုက္တာက လာမယ့္ အေျပာင္းအေရႊ႕ကာလမွာ သတင္းေတြ ပုိပြေစေတာ့မွာ ျဖစ္ပါတယ္။
ေကာ္စတာကိုေတာ့ ဇန္န၀ါရီမွာ တုိက္စစ္ပုိင္း အားျဖည့္ဖို႔ ဆံုးျဖတ္ထားတဲ့ အာဆင္နယ္အသင္းက ေခၚယူႏိုင္ဖို႔ ထိပ္ဆံုးကေန ေရပန္းစားေနပါတယ္။
အာဆင္နယ္အသင္းဟာ ယခုႏွစ္ရာသီ ပရီးမီးယားလိဂ္မွာ ၁၅ဂိုးသာ သြင္းထားႏို္င္ခဲ့ျပီး အဆင့္၁၅ေရာက္ေနခဲ့ကာ အေျခအေန ေတာ္ေတာ္ဆုိးေနခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာလည္း မုိရာတာအတြက္ တဲြဖက္တုိက္စစ္မွဴး ရွာေဖြေနျပီး ယခင္က အတူတဲြကစားခဲ့ဖူးတဲ့ ေကာ္စတာက ျပီးျပည့္စံုတဲ့ ေခၚယူမႈ ျဖစ္လာႏို္ငပါတယ္။