ဒီယေဂို အဲလ်ဗက်စ်၊နဲ့ ကားဆီးလက်အတွက်ကတော့ မက်ဆီနဲ့ Budweiserကပေါင်းပြီးပေးတဲ့ ခရစ္စမတ်လက်ဆောင်က ပျော်ရွှင်စရာဖြစ်ခဲ့ရဲ့လား….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Budweiser ကတော့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ ထူးခြားတဲ့အစီအစဉ်တစ်ခုကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကတော့ မက်ဆီက သူ့ရဲ့ကစားသမား တစ်လျှောက် ဘာစီလိုနာ အသင်းတစ်သင်းမှာပဲကစားခဲ့ပြီး ပီလီရဲ့ အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ပြီးနောက်မှာ သူ့ရဲ့ ကစားသမားဘဝတစ်လျောက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဂိုးသမားတွေကို ဘီယာပုလင်းတွေ ပေးပို့ပေးခဲ့ရင်း အာဂျင်တိုင်းသားရဲ့ စံချိန်သစ်အတွက် ဂုဏ်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။

ဘာစီလိုနာအတွက် သူ့ရဲ့သွင်းဂိုးက အခုဆိုရင် ၆၄၄ ဂိုးအထိရှိလာခဲ့တဲ့အပေါ် အထိမ်းအမှတ်တစ်ခုလုပ်ပေးခဲ့တာဖြစ်ပါတယ်။….ဒါဟာခေတ်တစ်ခေတ်ရဲ့ အောင်မြင်မှုရဲ့ မှတ်တိုင်လား…. လက်ဆောင်ရရှိသွားခဲ့တဲ့ဂိုးသမားတွေအတွက်ကော ကောင်းမွန်တဲ့ သမိုင်း မှတ်တမ်းတစ်ခုဖြစ်ရဲ့လား…. တိုက်စစ်မှူးကတော့ ဂိုးသွင်းယူခဲ့တာ သူ့ရဲ့တာဝန်ဖြစ်သလို ဂိုးသမားတွေကလည်း ကာကွယ်ပေးရတာ သူတို့ရဲ့ တာဝန်တစ်ခုပါ…

မက်ဆီရဲ့ သွင်းဂိုးတွေကို ဂုဏ်ပြုပေးခဲ့တာ မက်ဆီအတွက် ဝမ်းသာစရာဖြစ်ခဲ့ပေမယ့် သူ့ရဲ့ သွင်းဂိုးတွေကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမားတွေကတော့ ဒီလို အချိန်မှာ ဂုဏ်ပြုပေးတဲ့အစီအစဉ်မှာ မပါဝင်ခဲ့ပါဘူး။ အထူးသဖြင့် ချယ်လ်ဆီးမှာ မက်ဆီဂိုးသွင်းလို့မရခဲ့တဲ့ ပီတာချက်ဟာ ဒီအစီအစဉ်မှာ မပါဝင်ခဲ့ပါဘူး။

ဒီအစီအစဉ်မှာ မက်ဆီရဲ့ သွင်းဂိုးအရေအတွက်နဲ့အတိုင်း အထူးထုတ်လုပ်ထားတဲ့ ဘီယာပုလင်းတွေကို Budweiser က ဖန်တီးခဲ့ပြီး မက်ဆီရဲ့ ဂိုးသွင်းယူမှုကို ခံခဲ့ရတဲ့ ဂိုးသမားတွေဆီ ဘီယာပုလင်းတွေ ပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဘီယာပုလင်းတွေမှာ မက်ဆီက ဂိုးသမားတွေကို ဂိုးသွင်းယူခဲ့စဉ်က သူ့ရဲ့သွင်းဂိုးနံပါတ် တွေကို ရိုက်နှိပ်ထားခဲ့ပြီး ဂိုးသမားတွေကို ပို့ပေးခဲ့တာဖြစ်ပါတယ်။ Budweiser ကုမ္ပဏီက ထူးခြားဆန်းပြားတဲ့ အစီအစဉ်နဲ့ မက်ဆီအတွက် ကြီးမားတဲ့ဂုဏ်ပြုမှု တစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့အပေါ်မှာ ပရိသတ်တွေရဲ့ သဘောကျနှစ်ခြိုက်မှုကို ရရှိနေခဲ့ပါတယ်။

တွစ်တာမှာ Budweiserက အသင်းတစ်သင်းထဲအတွက် ဂိုးများစွာသွင်းယူနိုင်တဲ့ သူ့လို (GOAT) တစ်ယောက်လိုမျိုး နောက်ထပ်တစ်ယောက် ကို ကျွန်တော်တို့ မတွေ့ဖူးပါဘူး။ ဘုရင်တွေဆိုတာ တစ်ညတည်း ဖြစ်လာတာ မဟုတ်ဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ မက်ဆီ ပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာလေး တင်ခဲ့ပါတယ်။

မက်ဆီကလည်း “လွန်ခဲ့တဲ့ အနှစ်၂၀က ကျွန်တော်ဟာ အကောင်းဆုံး ကစားသမား ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့အတူ ခရီးရှည်တစ်ခု စတင်ခဲ့ပြီးတော့ အသင်းဖော်တွေရဲ့ ကူညီမှုကြောင့် ရခဲ့တဲ့ ၆၄၄ဂိုးမှာ ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုတွေ ရှိခဲ့ပါတယ်။ ပရိသတ်တွေလည်း ကျွန်တော့် ဇာတ်လမ်းကို ကြည့်ပြီး တွန်းအားတွေ ရစေဖို့ မျှော်လင့်ထားပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ အရာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရင် အရယူနိုင်မှာပါ။ Budweiserနဲ့ အတူ ပြန်လည် မျှဝေခွင့်ရလို့ ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့သွင်းဂိုးတိုင်းဟာ လွယ်လွယ်ကူကူနဲ့ ရရှိခဲ့တာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး ပြိုင်ဘက်အသင်းခံစစ်နဲ့ ဂိုးသမားတွေရဲ့ အားထုတ်မှုတွေကို ခက်ခက်ခဲခဲရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်လို့လည်း ဆိုသွားခဲ့ပါတယ်။ Budweiser က ဒီအစီအစဉ်ရဲ့ အထူးထုတ်လုပ်ထားတဲ့ ဘီယာပုလင်းတွေ ကို မက်ဆီ ဂိုးသွင်း ခဲ့သမျှ ဂိုးသမားတွေ ရဲ့ လက်ထဲ ကို အရောက် ပေးပို့ ခဲ့ကြ ပါတယ် ။

ဒီလို ပေးပို့ ရာမှာတော့ တစ်ချို့ ဂိုး သမားတွေဆိုရင် ဘီယာ ပုလင်း တွေ ကို ဒါဇင် ကျော်တဲ့ အထိ ရရှိ သွားခဲ့ ကြပါတယ် ။ မက်ဆီ ရဲ့ ဂိုးသွင်းမှု ကို အများဆုံး ခံခဲ့ ရတဲ့ ဂိုး သမား ကတော့ ဒီယေဂို အဲလ်ဗက်စ် ပဲ ဖြစ်ပါတယ် ။

၂၀၀၇ ကနေ ၂၀၁၇ ခုနှစ် အထိ လာလီဂါ အသင်းတေါဖြစ်တဲ့ အဲလ်မေးနီးယားနဲ့ ဗလန်စီယာတို့ မှာ ကစား ခဲ့တဲ့ ဒီယေဂို အဲလ်ဗက်စ် ဟာ မက်ဆီ ရဲ့ ဂိုးသွင်းမှု ကို ၂၁ ကြိမ် ခံခဲ့ ရ ပါတယ် ။ ဒါကြောင့် လက်ရှိ ဖလာမင်ဂို မှာ ကစား နေတဲ့ ဟာ ဘီယာ ၂၁ ပုလင်း ကို ခရစ္စမတ် လက်ဆောင် အဖြစ် ရရှိ သွားခဲ့ပါတယ်။

ရီးရဲလ်ဂိုးသမား ကာဆီးလက်စ်ဆိုရင်လည်း မက်ဆီရဲ့သွင်းဂိုးကို ၁၇ ဂိုးအထိ ပေးခဲ့ရတာကြောင့် Budweiser ပုလင်း ၁၇လုံးအထိ ရရှိသွားခဲ့ပါတယ်။

ဘူဖွန်က “ဘီယာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါကို လက်ဆောင်လို့ သဘောထားလိုက်ပါတယ်။ ကျွန်တော်တို့ကြား နှစ်တွေအများကြီး တိုက်ပွဲဝင်မှုတွေ ရှိခဲ့ပါတယ်။ ၆၄၄ဂိုးနဲ့ စံချိန်သစ် တင်လိုက်တဲ့ မက်ဆီကို ဂုဏ်ပြုပါတယ်။ အဲ့ဒါက မယုံနိုင်စရာ အောင်မြင်မှုပါ။ ချီးယား”လို့ ရေးသားခဲ့ပါတယ်။

အက်တလက်တီကို ဂိုးသမား အိုဘလက် ကတော့ မက်ဆီ ရဲ့ သွင်းဂိုး ၁၀ ဂိုး ကိုခွင့်ပြုခဲ့ရတာကြောင့် ဘီယာ ၁၀ ပုလင်း လက်ဆောင် ရရှိ ခဲ့ပါတယ်။ ဘီယာပုလင်းတွေရရှိခဲ့ကြောင်းကိုလည်း အိုဘလက် က အင်စတာဂရမ် မှာ ဖော်ပြ သွားခဲ့ ပါတယ်။ အိုဘလက်က “လီယို မင်းရဲ့အောင်မြင်မှု ၆၄၄ မှတ်တမ်းအတွက် ဂုဏ်ယူပါတယ်။ မင်းရဲ့သွင်းဂိုးတွေကို တားဆီးဖို့ဆိုတာ ငါတို့ ဂိုးသမားတွေအတွက်တော့ အကောင်းဆုံးစိန်ခေါ်မှုပါပဲ။ ဘီယာတွေအတွက် ကျေးဇူးတင်ပါတယ်။” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဂိုးသမား ကီပါကလည်း ဘီဘာအိုမှာကစားခဲ့စဉ်က မက်ဆီနဲ့ ရင်ဆိုင်စဉ် ဂိုးပေးခဲ့ရဖူးတာကြောင့် ပုလင်းအချို့ကို ရရှိခဲ့ပါတယ်။

ဘီယာပုလင်းနံပါတ် (၆၄၄)ကိုတော့ သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း ဗယ်လာဒိုလစ်ဂိုးသမား ဂျော်ဒီမာဆစ်ကရရှိသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီေယဂို အဲလ္ဗက္စ္၊နဲ႕ ကားဆီးလက္အတြက္ကေတာ့ မက္ဆီနဲ႕ Budweiserကေပါင္းၿပီးေပးတဲ့ ခရစၥမတ္လက္ေဆာင္က ေပ်ာ္ရႊင္စရာျဖစ္ခဲ့ရဲ႕လား….မက္ဆီရဲ႕ အြန္လိုင္းပရိသတ္ေတြကေတာ့ အရမ္းေတြေပ်ာ္ရႊင္ေနၿပီး တြစ္တာမွာ ေအာင္ပြဲခံေနၾကပါၿပီ…. စံခ်ိန္တစ္ခု ထပ္တင္လိုက္တဲ့ မက္ဆီအတြက္ ထူးျခားတဲ့ ဂုဏ္ျပဳမႈကို ျပဳလုပ္ေပးခဲ့တဲ့ Budweiser

Budweiser ကေတာ့ ဘာစီလိုနာတိုက္စစ္မႉးမက္ဆီနဲ႔ပတ္သက္ၿပီး တစ္ကမာၻလုံးကို အံ့အားသင့္သြားေစခဲ့တဲ့ ထူးျခားတဲ့အစီအစဥ္တစ္ခုကို လုပ္ေဆာင္ေပးခဲ့ပါတယ္။ ဒါကေတာ့ မက္ဆီက သူ႔ရဲ႕ကစားသမား တစ္ေလွ်ာက္ ဘာစီလိုနာ အသင္းတစ္သင္းမွာပဲကစားခဲ့ၿပီး ပီလီရဲ႕ အသင္းတစ္သင္းတည္းအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ စံခ်ိန္ကို ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္မွာ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလ်ာက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဂိုးသမားေတြကို ဘီယာပုလင္းေတြ ေပးပို႔ေပးခဲ့ရင္း အာဂ်င္တိုင္းသားရဲ႕ စံခ်ိန္သစ္အတြက္ ဂုဏ္ျပဳေပးခဲ့တာပဲျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ သူ႔ရဲ႕သြင္းဂိုးက အခုဆိုရင္ ၆၄၄ ဂိုးအထိရွိလာခဲ့တဲ့အေပၚ အထိမ္းအမွတ္တစ္ခုလုပ္ေပးခဲ့တာျဖစ္ပါတယ္။….ဒါဟာေခတ္တစ္ေခတ္ရဲ႕ ေအာင္ျမင္မႈရဲ႕ မွတ္တိုင္လား…. လက္ေဆာင္ရရွိသြားခဲ့တဲ့ဂိုးသမားေတြအတြက္ေကာ ေကာင္းမြန္တဲ့ သမိုင္း မွတ္တမ္းတစ္ခုျဖစ္ရဲ႕လား…. တိုက္စစ္မႉးကေတာ့ ဂိုးသြင္းယူခဲ့တာ သူ႔ရဲ႕တာဝန္ျဖစ္သလို ဂိုးသမားေတြကလည္း ကာကြယ္ေပးရတာ သူတို႔ရဲ႕ တာဝန္တစ္ခုပါ…

မက္ဆီရဲ႕ သြင္းဂိုးေတြကို ဂုဏ္ျပဳေပးခဲ့တာ မက္ဆီအတြက္ ဝမ္းသာစရာျဖစ္ခဲ့ေပမယ့္ သူ႔ရဲ႕ သြင္းဂိုးေတြကို ကာကြယ္ႏိုင္ခဲ့တဲ့ ဂိုးသမားေတြကေတာ့ ဒီလို အခ်ိန္မွာ ဂုဏ္ျပဳေပးတဲ့အစီအစဥ္မွာ မပါဝင္ခဲ့ပါဘူး။ အထူးသျဖင့္ ခ်ယ္္လ္ဆီးမွာ မက္ဆီဂိုးသြင္းလို႕မရခဲ့တဲ့ ပီတာခ်က္ဟာ ဒီအစီအစဥ္မွာ မပါဝင္ခဲ့ပါဘူး။

ဒီအစီအစဥ္မွာ မက္ဆီရဲ႕ သြင္းဂိုးအေရအတြက္နဲ႔အတိုင္း အထူးထုတ္လုပ္ထားတဲ့ ဘီယာပုလင္းေတြကို Budweiser က ဖန္တီးခဲ့ၿပီး မက္ဆီရဲ႕ ဂိုးသြင္းယူမႈကို ခံခဲ့ရတဲ့ ဂိုးသမားေတြဆီ ဘီယာပုလင္းေတြ ပို႔ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဘီယာပုလင္းေတြမွာ မက္ဆီက ဂိုးသမားေတြကို ဂိုးသြင္းယူခဲ့စဥ္က သူ႔ရဲ႕သြင္းဂိုးနံပါတ္ ေတြကို ႐ိုက္ႏွိပ္ထားခဲ့ၿပီး ဂိုးသမားေတြကို ပို႔ေပးခဲ့တာျဖစ္ပါတယ္။ Budweiser ကုမၸဏီက ထူးျခားဆန္းျပားတဲ့ အစီအစဥ္နဲ႔ မက္ဆီအတြက္ ႀကီးမားတဲ့ဂုဏ္ျပဳမႈ တစ္ခုကို ဖန္တီးႏိုင္ခဲ့တဲ့အေပၚမွာ ပရိသတ္ေတြရဲ႕ သေဘာက်ႏွစ္ၿခိဳက္မႈကို ရရွိေနခဲ့ပါတယ္။

တြစ္တာမွာ Budweiserက အသင္းတစ္သင္းထဲအတြက္ ဂိုးမ်ားစြာသြင္းယူႏိုင္တဲ့ သူ႔လို (GOAT) တစ္ေယာက္လိုမ်ိဳး ေနာက္ထပ္တစ္ေယာက္ ကို ကြၽန္ေတာ္တို႔ မေတြ႕ဖူးပါဘူး။ ဘုရင္ေတြဆိုတာ တစ္ညတည္း ျဖစ္လာတာ မဟုတ္ဘူးဆိုတဲ့ ေခါင္းစဥ္နဲ႔ မက္ဆီ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေၾကာ္ျငာေလး တင္ခဲ့ပါတယ္။

မက္ဆီကလည္း “လြန္ခဲ့တဲ့ အႏွစ္၂၀က ကြၽန္ေတာ္ဟာ အေကာင္းဆုံး ကစားသမား ျဖစ္လာဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔အတူ ခရီးရွည္တစ္ခု စတင္ခဲ့ၿပီးေတာ့ အသင္းေဖာ္ေတြရဲ႕ ကူညီမႈေၾကာင့္ ရခဲ့တဲ့ ၆၄၄ဂိုးမွာ ျပင္းထန္တဲ့ ႀကိဳးစားအားထုတ္မႈေတြ ရွိခဲ့ပါတယ္။ ပရိသတ္ေတြလည္း ကြၽန္ေတာ့္ ဇာတ္လမ္းကို ၾကည့္ၿပီး တြန္းအားေတြ ရေစဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဘယ္ေလာက္ခက္ခဲတဲ့ အရာျဖစ္ျဖစ္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ရွိရင္ အရယူႏိုင္မွာပါ။ Budweiserနဲ႔ အတူ ျပန္လည္ မွ်ေဝခြင့္ရလို႔ ေက်းဇူးတင္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

သူ႔ရဲ႕သြင္းဂိုးတိုင္းဟာ လြယ္လြယ္ကူကူနဲ႔ ရရွိခဲ့တာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ၿပီး ၿပိဳင္ဘက္အသင္းခံစစ္နဲ႔ ဂိုးသမားေတြရဲ႕ အားထုတ္မႈေတြကို ခက္ခက္ခဲခဲရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရတယ္လို႔လည္း ဆိုသြားခဲ့ပါတယ္။ Budweiser က ဒီအစီအစဥ္ရဲ႕ အထူးထုတ္လုပ္ထားတဲ့ ဘီယာပုလင္းေတြ ကို မက္ဆီ ဂိုးသြင္း ခဲ့သမွ် ဂိုးသမားေတြ ရဲ႕ လက္ထဲ ကို အေရာက္ ေပးပို႔ ခဲ့ၾက ပါတယ္ ။

ဒီလို ေပးပို႔ ရာမွာေတာ့ တစ္ခ်ိဳ႕ ဂိုး သမားေတြဆိုရင္ ဘီယာ ပုလင္း ေတြ ကို ဒါဇင္ ေက်ာ္တဲ့ အထိ ရရွိ သြားခဲ့ ၾကပါတယ္ ။ မက္ဆီ ရဲ႕ ဂိုးသြင္းမႈ ကို အမ်ားဆုံး ခံခဲ့ ရတဲ့ ဂိုး သမား ကေတာ့ ဒီေယဂို အဲလ္ဗက္စ္ ပဲ ျဖစ္ပါတယ္ ။ ၂၀၀၇ ကေန ၂၀၁၇ ခုႏွစ္ အထိ လာလီဂါ အသင္းေတါျဖစ္တဲ့ အဲလ္ေမးနီးယားနဲ႔ ဗလန္စီယာတို႔ မွာ ကစား ခဲ့တဲ့ ဒီေယဂို အဲလ္ဗက္စ္ ဟာ မက္ဆီ ရဲ႕ ဂိုးသြင္းမႈ ကို ၂၁ ႀကိမ္ ခံခဲ့ ရ ပါတယ္ ။ ဒါေၾကာင့္ လက္ရွိ ဖလာမင္ဂို မွာ ကစား ေနတဲ့ ဟာ ဘီယာ ၂၁ ပုလင္း ကို ခရစၥမတ္ လက္ေဆာင္ အျဖစ္ ရရွိ သြားခဲ့ပါတယ္။

ရီးရဲလ္ဂိုးသမား ကာဆီးလက္စ္ဆိုရင္လည္း မက္ဆီရဲ႕သြင္းဂိုးကို ၁၇ ဂိုးအထိ ေပးခဲ့ရတာေၾကာင့္ Budweiser ပုလင္း ၁၇လုံးအထိ ရရွိသြားခဲ့ပါတယ္။

ဘူဖြန္က “ဘီယာေတြအတြက္ ေက်းဇူးတင္ပါတယ္။ ဒါကို လက္ေဆာင္လို႔ သေဘာထားလိုက္ပါတယ္။ ကြၽန္ေတာ္တို႔ၾကား ႏွစ္ေတြအမ်ားႀကီး တိုက္ပြဲဝင္မႈေတြ ရွိခဲ့ပါတယ္။ ၆၄၄ဂိုးနဲ႔ စံခ်ိန္သစ္ တင္လိုက္တဲ့ မက္ဆီကို ဂုဏ္ျပဳပါတယ္။ အဲ့ဒါက မယုံႏိုင္စရာ ေအာင္ျမင္မႈပါ။ ခ်ီးယား”လို႔ ေရးသားခဲ့ပါတယ္။

အက္တလက္တီကို ဂိုးသမား အိုဘလက္ ကေတာ့ မက္ဆီ ရဲ႕ သြင္းဂိုး ၁၀ ဂိုး ကိုခြင့္ျပဳခဲ့ရတာေၾကာင့္ ဘီယာ ၁၀ ပုလင္း လက္ေဆာင္ ရရွိ ခဲ့ပါတယ္။ ဘီယာပုလင္းေတြရရွိခဲ့ေၾကာင္းကိုလည္း အိုဘလက္ က အင္စတာဂရမ္ မွာ ေဖာ္ျပ သြားခဲ့ ပါတယ္။ အိုဘလက္က “လီယို မင္းရဲ႕ေအာင္ျမင္မႈ ၆၄၄ မွတ္တမ္းအတြက္ ဂုဏ္ယူပါတယ္။ မင္းရဲ႕သြင္းဂိုးေတြကို တားဆီးဖို႔ဆိုတာ ငါတို႕ ဂိုးသမားေတြအတြက္ေတာ့ အေကာင္းဆုံးစိန္ေခၚမႈပါပဲ။ ဘီယာေတြအတြက္ ေက်းဇူးတင္ပါတယ္။” ဆိုၿပီး ေရးသားထားခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ဂိုးသမား ကီပါကလည္း ဘီဘာအိုမွာကစားခဲ့စဥ္က မက္ဆီနဲ႔ ရင္ဆိုင္စဥ္ ဂိုးေပးခဲ့ရဖူးတာေၾကာင့္ ပုလင္းအခ်ိဳ႕ကို ရရွိခဲ့ပါတယ္။ ဘီယာပုလင္းနံပါတ္ (၆၄၄)ကိုေတာ့ သူ႔ရဲ႕ဘာစီလိုနာအသင္းေဖာ္ေဟာင္း ဗယ္လာဒိုလစ္ဂိုးသမား ေဂ်ာ္ဒီမာဆစ္ကရရွိသြားခဲ့ပါတယ္။