ဒီရာသီမှာ ယူနိုက်တက်အတွက် အိမ်ကွင်းဟာ အောင်မြေမဖြစ်သေး… Comeback ဆိုတာ အဝေးကွင်းပွဲ တွေမှာပဲရှိတယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

– ရှက်ဖီးအသင်းအတွက် ဂိုးသွင်းခဲ့ကြတဲ့ ဘရိုင်ယန်နဲ့ ဘာကီတို့နှစ်ဦးလုံးဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ဂိုးတွေချည်းဖြစ်ခဲ့တာပါ။ အခုလို ယူနိုက်တက်ဘက်ကို ပွဲဦးထွက်ဂိုးတွေချည်း နှစ်ဦးထိသွင်းနိုင်တာဟာ ၂၀၁၄ စက်တင်ဘာမှာ လက်စတာက ကမ်ဘီယာဆိုနဲ့ ဗာဒီတို့နောက်ပိုင်း ပထမဆုံးပါပဲ။

– ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့တဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးထိရှိလာပြီး အဲ့ဒီသုံးဂိုးစလုံးဟာထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

– ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ဂိုးစသွင်းခံရပြီးမှ ပြန်နိုင်တဲ့ပွဲ ၇ ပွဲထိရှိခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်အသင်းဘယ်အသင်းထက်မဆို သာလွန်တဲ့စွမ်းဆောင်ရည်ပါပဲ။ ဒါပေမဲ့ အဲ့ဒီ ၇ ပွဲလုံးဟာ အဝေးကွင်းတွေမှာချည်းဖြစ်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာတော့ ဂိုးစ‌ပေးလိုက်ရရင် ရှုံးပွဲ ၂ ပွဲ ( ပဲလေ့စ်၊ အာဆင်နယ်) ထိ ရှိထားပါတယ်။ အခုတော့ နောက်ထပ်ရှုံးပွဲတစ်ပွဲ တိုးသွားခဲ့ပါပြီ။

– ယူနိုက်တက်ပွဲထွက်တိုက်စစ်သုံးယောက်တန်းဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့အနေနဲ့ အခုပွဲမှာ အခွင့်အရေးဖန်တီးမှု တစ်ဦးမှ တစ်ကြိမ်လေးတောင် မလုပ်နိုင်ခဲ့ကြပါဘူး..။

– ရှက်ဖီးယူနိုက်တက်အနေနဲ့ (၁၉၇၃)ခုနှစ် နောက်ပိုင်း (၄၈)နှစ်ကြာ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲပျောက်နေတာကို အဆုံးသတ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှက်ဖီးယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအနေနဲ့ အိုးထရက်ဖိုဒ့်ကွင်းမှာ အနိုင်ရခဲ့တဲ့ပထမဆုံး ယော့ခ်ရှိုင်းယားက အသင်းဖြစ်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





