ဒီရာသီရဲ့အဆိုးဆုံးလွဲချော်မှုတစ်ခုဖြစ်တဲ့ ဆိုစီဒက်နဲ့ပွဲက ဂရစ်ဇ်မန်းရဲ့အလွဲ

ဆိုစီဒက်နဲ့မနေ့ညပွဲက ဘာစီလိုနာတိုက်စစ်မှုးဂရစ်ဇ်မန်းရဲ့အလွဲဟာ အခုရာသီရဲ့အဆိုးဆုံးလွဲချော်မှုတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။

အသင်းဟောင်းနဲ့တွေ့တဲ့ပွဲမတိုင်ခင် သူ့ရဲ့ဆံပင်ပုံစံသစ်က အဓိကအာရုံစိုက်စရာဖြစ်ခဲ့ပေမယ့် ပွဲအပြီးမှတော့ သူ့ရဲ့မယုံနိုင်ဖွယ်အလွဲကသာ တသသပြောစရာအဖြစ် ကျန်သွားခဲ့တာပါ။

ဘာကြောင့်လဲဆိုတော့ အဲဒီပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟာ ၃ ကိုက်အကွာလောက်ကနေ ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲ ပိတ်သွင်းခွင့်ရတာဖြစ်ပေမယ့် အံ့သြဖွယ်ကောင်းလောက်အောင်ပဲ လွဲချော်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဂျော်ဒီအယ်လ်ဘာ ဂိုးရှေ့ဖြတ်ပို့ပေးတဲ့ဘောလုံးဟာ အဆင်သင့်ကောက်စားရုံပဲဖြစ်ပေမယ့် ဂရစ်ဇ်မန်းဟာ ဘောလုံးထိချက်မမှန်ခဲ့ဘဲ  သူ့ကြိုးပမ်းမှုဟာ တစ်ဖက်မှာလဲနေတဲ့ ပြိုင်ဘက်ဂိုးသမားလက်ထဲဆီသာရောက်သွားခဲ့တာပါ။

သူ့ရဲ့အဲဒီလွဲချော်မှုနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေကတော့ အရမ်းကိုတအံ့တသြဖြစ်နေကြပြီး အဲဒီလိုအနေအထားမျိုးဟာ သွင်းဖို့ထက် လွဲဖို့က ပိုခက်တယ်လို့တောင် ဆိုကြပါတယ်။

ဂရစ်ဇ်မန်းအတွက် လုံးဝကိုပြန်ကြည့်ချင်မှာမဟုတ်တဲ့ လွဲချော်မှုတစ်ခုလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။

ကံကောင်းသွားတာက ဘာစီလိုနာဟာ နောက်ဆုံးမှာ ၂-၁ ရလဒ်အတိုင်း ပွဲကိုအဆုံးသတ်နိုင်ခဲ့တာမို့ ဂရစ်ဇ်မန်းရဲ့လွဲချော်မှုဟာ ပေးဆပ်ရမှု မကြီးမားခဲ့တာပါ။

ဒါပေမဲ့ ဗုဒ္ဓဟူးညပွဲတွေမှာ အဒီလိုအလွဲကြီးလွဲတာဟာ ဂရစ်ဇ်မန်းတစ်ယောက်တည်းတော့မဟုတ်ဘဲ အဲဒီနေရာမှာ သူ့ရဲ့အဖော်အနေနဲ့ ဂျူဗင်တပ်က မိုရာတာလည်း ရှိပါတယ်။

မိုရာတာကျတော့ အတ္တလန္တာနဲ့ပွဲမှာ ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲကို ၆ ကိုက်စည်းထဲမှာပဲ နောက်ပေါက်နဲ့ကြိုးပမ်းရာမှာ ဘောလုံးက လိမ့်ကာ၊လိမ့်ကာနဲ့ ဂိုးဘေးက ထွက်သွားတာဖြစ်ပါတယ်။

Zawgyi

ဒီရာသီရဲ႕အဆိုးဆံုးလြဲေခ်ာ္မႈတစ္ခုျဖစ္တဲ့ ဆိုစီဒက္နဲ႔ပြဲက ဂရစ္ဇ္မန္းရဲ႕အလြဲ

ဆိုစီဒက္နဲ႔မေန႔ညပြဲက ဘာစီလုိနာတိုက္စစ္မႈးဂရစ္ဇ္မန္းရဲ႕အလြဲဟာ အခုရာသီရဲ႕အဆုိးဆုံးလြဲေခ်ာ္မႈေတြထဲက တစ္ခုျဖစ္ပါလိမ့္မယ္။

အသင္းေဟာင္းနဲ႔ေတြ႕တဲ့ပြဲမတိုင္ခင္ သူ႔ရဲ႕ဆံပင္ပုံစံသစ္က အဓိကအာရုံစိုက္စရာျဖစ္ခဲ့ေပမယ့္ ပြဲအၿပီးမွေတာ့ သူ႔ရဲ႕မယုံႏိုင္ဖြယ္အလြဲကသာ တသသေျပာစရာအျဖစ္ က်န္သြားခဲ့တာပါ။

ဘာေၾကာင့္လဲဆိုေတာ့ အဲဒီျပင္သစ္လက္ေရြးစင္တိုက္စစ္မႈးဟာ ၃ ကိုက္အကြာေလာက္ကေန ဘယ္သူမွမရွိတဲ့ဂိုးေပါက္ထဲ ပိတ္သြင္းခြင့္ရတာျဖစ္ေပမယ့္ အ့ံၾသဖြယ္ေကာင္းေလာက္ေအာင္ပဲ လြဲေခ်ာ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ေဂ်ာ္ဒီအယ္လ္ဘာ ဂိုးေရွ႕ျဖတ္ပို႔ေပးတဲ့ေဘာလုံးဟာ အဆင္သင့္ေကာက္စားရုံပဲျဖစ္ေပမယ့္ ဂရစ္ဇ္မန္းဟာ ေဘာလုံးထိခ်က္မမွန္ခဲ့ဘဲ  သူ႔ႀကိဳးပမ္းမႈဟာ တစ္ဖက္မွာလဲေနတဲ့ ၿပိဳင္ဘက္ဂိုးသမားလက္ထဲဆီသာေရာက္သြားခဲ့တာပါ။

သူ႔ရဲ႕အဲဒီလြဲေခ်ာ္မႈနဲ႔ပတ္သက္လို႔ ဆုိရွယ္မီဒီယာေပၚက ပရိသတ္ေတြကေတာ့ အရမ္းကိုတအံ့တၾသျဖစ္ေနၾကၿပီး အဲဒီလုိအေနအထားမ်ိဳးဟာ သြင္းဖုိ႔ထက္ လြဲဖုိ႔က ပိုခက္တယ္လုိ႔ေတာင္ ဆုိၾကပါတယ္။

ဂရစ္ဇ္မန္းအတြက္ လုံး၀ကိုျပန္ၾကည့္ခ်င္မွာမဟုတ္တဲ့ လြဲေခ်ာ္မႈတစ္ခုလုိ႔ ဆုိရင္လည္း မွားမယ္ မထင္ပါဘူး။

ကံေကာင္းသြားတာက ဘာစီလိုနာဟာ ေနာက္ဆုံးမွာ ၂-၁ ရလဒ္အတိုင္း ပြဲကိုအဆုံးသတ္ႏိုင္ခဲ့တာမို႔ ဂရစ္ဇ္မန္းရဲ႕လြဲေခ်ာ္မႈဟာ ေပးဆပ္ရမႈ မႀကီးမားခဲ့တာပါ။

ဒါေပမဲ့ ဗုဒၶဟူးညပြဲေတြမွာ အဒီလိုအလြဲႀကီးလြဲတာဟာ ဂရစ္ဇ္မန္းတစ္ေယာက္တည္းေတာ့မဟုတ္ဘဲ အဲဒီေနရာမွာ သူ႔ရဲ႕အေဖာ္အေနနဲ႔ ဂ်ဴဗင္တပ္က မိုရာတာလည္း ရွိပါတယ္။

မိုရာတာက်ေတာ့ အတၱလႏၱာနဲ႔ပြဲမွာ ဘယ္သူမွမရွိတဲ့ဂိုးေပါက္ထဲကို ၆ ကိုက္စည္းထဲမွာပဲ ေနာက္ေပါက္နဲ႔ႀကိဳးပမ္းရာမွာ ေဘာလုံးက လိမ့္ကာ၊လိမ့္ကာနဲ႔ ဂိုးေဘးက ထြက္သြားတာျဖစ္ပါတယ္။