ဒီရာသီလိဂ်မှာ တစ်မိနစ်မှ မကစားရသေးတဲ့ လင်ဂတ်ကို ၁၂ လထပ်တိုးချုပ်ဆိုမယ့် မန်ယူ

မန်ယူဟာ ၂၀၂၁ မှာ ကွင်းလယ်လူလင်ဂတ်ကို တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ လက်မလွှတ်စေရဖို့အတွက် သူ့ရဲ့စာချုပ်သက်တမ်းကို ထပ်တိုးသွားမယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် လင်ဂတ်ရဲ့လက်ရှိစာချုပ်ဟာ အခုရာသီကုန်မှာ ကုန်ဆုံးမှာဆိုတော့ ကစားသမားဟာ ဇန်နဝါရီထဲရောက်မယ့် လာမယ့်အပတ်မှာဆိုရင် တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခွင့်ရမှာပါ။

ဒါပေမဲ့ ၂၀၁၇ က ချုပ်ဆိုခဲ့တဲ့ လင်ဂတ်ရဲ့ ၄ နှစ်စာချုပ်ထဲမှာ နောက်ထပ် ၁၂ လ ထပ်တိုးနိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပြီး လာမယ့်ရက်ပိုင်းမှာပဲ မန်ယူဘက်က အဲဒီအချက်ကို အသုံးချဖို့ ရှိနေပါတယ်။

အသင်းအကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ လင်ဂတ်ဟာ မန်ယူအတွက် ပွဲပေါင်း ၂၀၀ ကျော်ကစားပေးထားပြီး အသင်းနဲ့အတူ အက်ဖ်အေဖလား၊ အင်္ဂလန်လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့မှာ ဗိုလ်စွဲထားပါတယ်။

သူ့ကို အလွတ်ထွက်ခွာခွင့်ပြုမှာ မဟုတ်ပေမယ့်လည်း ကစားသမားရဲ့အိုးလ်ထရက်ဖို့ဒ်က ရေရှည်အနာဂါတ်ကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

ပရီးမီးယားလိဂ်နဲ့ ဥရောပတစ်လွှားမှာ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေရှိနေတဲ့အတွက် လင်ဂတ်ဟာ သူ့အနာဂါတ်အတွက် ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင် စဉ်းစားနေပါတယ်။

လင်ဂတ်ဟာ ဆိုးလ်ရှားရဲ့အသင်းအတွက် ဒီရာသီမှာ ၂ ပွဲသာ ကစားပေးရသေးပြီး အဲဒီ ၂ ပွဲစလုံးက  ကာရာဘောင်းဖလားပြိုင်ပွဲမှာပါ။

Zawgyi

ဒီရာသီလိဂ္မွာ တစ္မိနစ္မွ မကစားရေသးတဲ့ လင္ဂတ္ကုိ ၁၂ လထပ္တိုးခ်ဳပ္ဆိုမယ့္ မန္ယူ

မန္ယူဟာ ၂၀၂၁ မွာ ကြင္းလယ္လူလင္ဂတ္ကို တစ္ျပားတစ္ခ်ပ္မွ မရဘဲနဲ႔ လက္မလႊတ္ေစရဖို႔အတြက္ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းကို ထပ္တိုးသြားမယ္လုိ႔ သိရပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ လင္ဂတ္ရဲ႕လက္ရွိစာခ်ဳပ္ဟာ အခုရာသီကုန္မွာ ကုန္ဆုံးမွာဆုိေတာ့ ကစားသမားဟာ ဇန္န၀ါရီထဲေရာက္မယ့္ လာမယ့္အပတ္မွာဆုိရင္ တျခားအသင္းေတြနဲ႔ အေျပာင္းအေရႊ႕ကိစၥ ေဆြးေႏြးခြြင့္ရမွာပါ။

ဒါေပမဲ့ ၂၀၁၇ က ခ်ဳပ္ဆုိခဲ့တဲ့ လင္ဂတ္ရဲ႕ ၄ ႏွစ္စာခ်ဳပ္ထဲမွာ ေနာက္ထပ္ ၁၂ လ ထပ္တိုးႏိုင္တယ္ဆုိတဲ့အခ်က္ကို ထည့္သြင္းထားၿပီး လာမယ့္ရက္ပုိင္းမွာပဲ မန္ယူဘက္က အဲဒီအခ်က္ကို အသုံးခ်ဖို႔ ရွိေနပါတယ္။

အသင္းအကယ္ဒမီထြက္ကစားသမားျဖစ္တဲ့ လင္ဂတ္ဟာ မန္ယူအတြက္ ပြဲေပါင္း ၂၀၀ ေက်ာ္ကစားေပးထားၿပီး အသင္းနဲ႔အတူ အက္ဖ္ေအဖလား၊ အဂၤလန္လိဂ္ဖလားနဲ႔ ယူရိုပါလိဂ္တို႔မွာ ဗိုလ္စြဲထားပါတယ္။

သူ႔ကို အလြတ္ထြက္ခြာခြင့္ျပဳမွာ မဟုတ္ေပမယ့္လည္း ကစားသမားရဲ႕အိုးလ္ထရက္ဖုိ႔ဒ္က ေရရွည္အနာဂါတ္ကေတာ့ ရွင္းရွင္းလင္းလင္းမရွိေသးပါဘူး။

ပရီးမီးယားလိဂ္နဲ႔ ဥေရာပတစ္လႊားမွာ သူ႔ကို စိတ္၀င္စားေနတဲ့ အသင္းေတြရွိေနတဲ့အတြက္ လင္ဂတ္ဟာ သူ႔အနာဂါတ္အတြက္ ဇန္န၀ါရီအေျပာင္းအေရႊ႕မတုိင္ခင္ စဥ္းစားေနပါတယ္။

လင္ဂတ္ဟာ ဆုိးလ္ရွားရဲ႕အသင္းအတြက္ ဒီရာသီမွာ ၂ ပြဲသာ ကစားေပးရေသးၿပီး အဲဒီ ၂ ပြဲစလံုုးက  ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာပါ။