ဒီရာသီ လာလီဂါမှာ မက်ဒရစ်မြို့ရဲ့ ပထမဆုံးဒါဘီပွဲ…အက်တလက်တီကိုနဲ့ ရီးရဲလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီည(၂း၃၀) မှာတော့ စပိန် လာလီဂါ ရဲ့ ပွဲကြီးပွဲကောင်းတွေထဲက တစ်ပွဲဖြစ်တဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ်ရှိပါတယ်။ အဲဒီပွဲစဉ်ကိုတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ လာလီဂါရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်လို့နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုနောက်ဆုံးပွဲစဉ်အထိကို အကြိတ်အနယ်ကစားပြီးမှ နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ လူမစုံတဲ့ကြားက ပြီးခဲ့တဲ့အပတ်က လာလီဂါမှာ ဆီဗီလာကို အနိုင်ကစားလိုက်တာဟာ အက်တလက်တီကိုနဲ့ပွဲအတွက်ပါ ပြင်ဆင်နိုင်လိုက်ရာလည်းရောက်ပါတယ်။ အက်တလက်တီကိုအသင်းကတော့ ချန်ပီယံလိဂ်မှာ လိုအပ်တဲ့နိုင်ပွဲတွေ မရယူနိုင်ခဲ့လို့ အုပ်စုနောက်ဆုံးပွဲစဉ်အထိ နောက်တစ်ဆင့်တက်နိုင်ရေးအတွက် အကြိတ်အနယ် ကစားခဲ့ရပေမယ့် လာလီဂါဘက်မှာတော့ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်လို့နေပါတယ်။ ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ နောက်တစ်ဆင့်တက်နိုင်ဖို့ ခြေကုန်ထုတ်ပြီးကစားခဲ့ရတဲ့ အသင်းနှစ်သင်းအတွက် ဒီတစ်ပွဲမှာ ဘယ်အသင်းကမှထူးပြီးသာတဲ့အခွင့်အရေးမရှိပါဘူး။

အစဉ်အလာအရ ရီးရဲလ်မက်ဒရစ် အသာရနေပေမဲ့ လက်ရှိအခြေအနေ အရတော့ အက်တလက်တီကိုက အမှတ်ပေးဇယားမှာ တစ်ပွဲလျှော့နဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ အက်တလက်တီကို အနေနဲ့ ဒီပွဲမှာအနည်းဆုံးသရေ ကစားသွားပါလိမ့်မယ်။ ရီးရဲလ်ဘက်မှာတော့ ဟာဇက်၊ အိုဒီဂတ်၊ ဂျိုဗစ်နဲ့ မာရီယာနိုတို့ ဒဏ်ရာရရှိနေပြီး အသက်လက်တီကိုဘက်မှာတော့ ကော်စတာ၊ ဟာရီယာ၊ ယီမီနက်ဇ်တို့ ဒဏ်ရာရရှိလို့နေပါတယ်။ ဒီနှစ်သင်းဟာ လာလီဂါပြိုင်ပွဲအနေနဲ့ဆုံတွေ့တဲ့ အခါတိုင်း သွင်းဂိုးနည်းလေ့ရှိပါတယ်။

အက်တလက်တီကို အသင်းခေါင်းဆောင် ကိုကီကတော့ “ အိမ်ကွင်း အားသာချက်တွေ ရှိတယ် လို့ ပြောဆိုတာမျိုးထက် ၊ ဒါဘီ ပွဲစဉ်ကို ဒါဘီ ပွဲလို့ပဲ မြင်တာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံကြပြီ ဆိုတာနဲ့ အမှတ်ပေးဇယား ရပ်တည်မှုတွေ ကို မကြည့်ကြတော့ပါဘူး။ ဒီပွဲဟာ ကစားသမား တိုင်းအတွက် ထူးခြားတဲ့ ပွဲမျိုးပါ။ကျွန်တော်တို့ ကတော့ အခြားပွဲစဉ်တွေ လိုပဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ ကစားနိုင်အောင် ကြိုးစားသွားမှာပါ။”

“ဒီပွဲဟာ ဒီရာသီ အတွက် ပထမဆုံး ဒါဘီပွဲ ဖြစ်သလို၊ စိတ်လှုပ်ရှား စရာ အရမ်းကောင်းပါတယ်။ ပွဲစဉ်တွေ ရေးဆွဲပြီး ကတည်းက ကျွန်တော့ရဲ့ ပြက္ခဒိန်ထဲမှာ အမှတ်အသား လုပ်ထားပြီး ၊ သေချာ ရေးမှတ်ထားတဲ့ ပွဲပါ။ ဒီလို ဒါဘီပွဲမျိုးမှာ ကိုယ့်ရဲ့ ခြေစွမ်းကို အကောင်းဆုံး ဖြစ်အောင် ကစားပြနိုင်ဖို့ ကြိုးစားထားပါတယ်။ အနိုင်ရမယ်လို့လည်း မျှော်လင့်ထားပါတယ်။” ဆိုပြီးပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီ လာလီဂါမွာ မက္ဒရစ္ျမိဳ႕ရဲ႕ ပထမဆံုးဒါဘီပြဲ…အက္တလက္တီကိုနဲ႔ ရီးရဲလ္တို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈ…

ဒီည(၂း၃၀) မွာေတာ့ စပိန္ လာလီဂါ ရဲ႕ ပြဲႀကီးပြဲေကာင္းေတြထဲက တစ္ပြဲျဖစ္တဲ့ မက္ဒရစ္ ဒါဘီ ပြဲစဥ္ရွိပါတယ္။ အဲဒီပြဲစဥ္ကိုေတာ့ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ ကစားသြားမွာ ျဖစ္ပါတယ္။ လာလီဂါရဲ႕ လက္ရွိခ်န္ပီယံျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ရလဒ္ေတြ မတည္မၿငိမ္ ျဖစ္လို႔ေနၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း အုပ္စုေနာက္ဆုံးပြဲစဥ္အထိကို အႀကိတ္အနယ္ကစားၿပီးမွ ေနာက္တစ္ဆင့္ကို တက္လွမ္းခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာျပႆနာေတြနဲ႔ လူမစုံတဲ့ၾကားက ၿပီးခဲ့တဲ့အပတ္က လာလီဂါမွာ ဆီဗီလာကို အႏိုင္ကစားလိုက္တာဟာ အက္တလက္တီကိုနဲ႔ပြဲအတြက္ပါ ျပင္ဆင္ႏိုင္လိုက္ရာလည္းေရာက္ပါတယ္။ အက္တလက္တီကိုအသင္းကေတာ့ ခ်န္ပီယံလိဂ္မွာ လိုအပ္တဲ့ႏိုင္ပြဲေတြ မရယူႏိုင္ခဲ့လို႔ အုပ္စုေနာက္ဆုံးပြဲစဥ္အထိ ေနာက္တစ္ဆင့္တက္ႏိုင္ေရးအတြက္ အႀကိတ္အနယ္ ကစားခဲ့ရေပမယ့္ လာလီဂါဘက္မွာေတာ့ ရလဒ္ေတြ ဆက္တိုက္ေကာင္းမြန္လို႔ေနပါတယ္။ ၾကားရက္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႕ ေျခကုန္ထုတ္ၿပီးကစားခဲ့ရတဲ့ အသင္းႏွစ္သင္းအတြက္ ဒီတစ္ပြဲမွာ ဘယ္အသင္းကမွထူးၿပီးသာတဲ့အခြင့္အေရးမရွိပါဘူး။

အစဥ္အလာအရ ရီးရဲလ္မက္ဒရစ္ အသာရေနေပမဲ့ လက္ရွိအေျခအေန အရေတာ့ အက္တလက္တီကိုက အမွတ္ေပးဇယားမွာ တစ္ပြဲေလွ်ာ့နဲ႔ ထိပ္ဆံုးမွာရပ္တည္ေနပါတယ္။ အက္တလက္တီကို အ​ေနနဲ႔ ဒီပြဲမွာအနည္းဆုံးသေရ ကစားသြားပါလိမ့္မယ္။ ရီးရဲလ္ဘက္မွာေတာ့ ဟာဇက္၊ အိုဒီဂတ္၊ ဂ်ိဳဗစ္နဲ႔ မာရီယာႏိုတို႔ ဒဏ္ရာရရွိေနၿပီး အသက္လက္တီကိုဘက္မွာေတာ့ ေကာ္စတာ၊ ဟာရီယာ၊ ယီမီနက္ဇ္တို႔ ဒဏ္ရာရရွိလို႔ေနပါတယ္။ ဒီႏွစ္သင္းဟာ လာလီဂါၿပိဳင္ပြဲအေနနဲ႕ဆုံေတြ႕တဲ့ အခါတိုင္း သြင္းဂိုးနည္းေလ့ရွိပါတယ္။

အက္တလက္တီကို အသင္း​ေခါင္း​ေဆာင္ ကိုကီက​ေတာ့ “ အိမ္ကြင္း အားသာခ်က္ေတြ ရွိတယ္ လို႔ ေျပာဆိုတာမ်ိဳးထက္ ၊ ဒါဘီ ပြဲစဥ္ကို ဒါဘီ ပြဲလို႔ပဲ ျမင္တာ ပိုေကာင္းပါတယ္။ ကြၽန္​ေတာ္တို႔ ႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံၾကၿပီ ဆိုတာနဲ႔ အမွတ္ေပးဇယား ရပ္တည္မႈေတြ ကို မၾကည့္ၾကေတာ့ပါဘူး။ ဒီပြဲဟာ ကစားသမား တိုင္းအတြက္ ထူးျခားတဲ့ ပြဲမ်ိဳးပါ။ကြၽန္​ေတာ္တို႔ ကေတာ့ အျခားပြဲစဥ္ေတြ လိုပဲ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြ နဲ႔ ကစားႏိုင္ေအာင္ ႀကိဳးစားသြားမွာပါ။”

“ဒီပြဲဟာ ဒီရာသီ အတြက္ ပထမဆုံး ဒါဘီပြဲ ျဖစ္သလို၊ စိတ္လႈပ္ရွား စရာ အရမ္းေကာင္းပါတယ္။ ပြဲစဥ္ေတြ ေရးဆြဲၿပီး ကတည္းက ကၽြန္ေတာ့ရဲ႕ ျပကၡဒိန္ထဲမွာ အမွတ္အသား လုပ္ထားၿပီး ၊ ေသခ်ာ ေရးမွတ္ထားတဲ့ ပြဲပါ။ ဒီလို ဒါဘီပြဲမ်ိဳးမွာ ကိုယ့္ရဲ႕ ေျခစြမ္းကို အေကာင္းဆုံး ျဖစ္ေအာင္ ကစားျပႏိုင္ဖို႔ ၾကိဳးစားထားပါတယ္။ အႏိုင္ရမယ္လို႔လည္း ေမွ်ာ္လင့္ထားပါတယ္။” ဆိုၿပီး​ေျပာဆိုပါတယ္။