ဒီလမှာ နှစ်ခါဆုံမယ့် ယူနိုက်တက်နဲ့ လီဗာပူး ဘယ်သူအသာရမလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခါးသီးပြိုင်ဖက်တွေကတော့ ရေစက် တွေ ဆုံမှဆုံပါပဲ။  အက်ဖ်အေဖလားစတုတ္ထအကျော့မဲနှိုက်မှုများအပြီးမှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ရေစက် ဆုံကြပြန်ပါတယ်။ ပရီးမီးယားလိဂ်မှာ နေရာလုဖို့ အတွက် ကြိုးစားနေချိန်မှာ နောက်ထပ်တစ်ပွဲ နွှဲဖို့ ဖြစ်လာတာပါ။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ လီဗာပူးတို့နဲ့အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အောက်ကနေ လိုက်ညှောင့်နေတာပါ။

ဒါပေမယ့် ဒီနေ့ည ပရီးမီးယားလိဂ်ပွဲကျန်ဖြစ်တဲ့ ဘန်လေနဲ့ ကစားရဖို့ရှိပါတယ်။ အဝေးကွင်းမှာသာအဲဒီပွဲကိုနိုင်ခဲ့ရင်တော့လီဗာပူးကို အဆင့်တစ်က ဖယ်ထုတ်ပြီး ပထမနေရာ သရဲနီတို့ ဝင်ထိုင်နိုင်ပါမယ်။ ဒါ့အပြင် ဇန်နဝါရီ၁၇ ရက် လီဗာပူးအိမ်ကွင်းအန်ဖီးလ်ကိုသွားတဲ့အခါမှာလည်း ပရီးမီးယားလိဂ်ဦးဆောင်သူများအဖြစ် မျက်နှာမော့ ၊ ခေါင်းမော့ သွားနိုင်ကြမှာပါ။

ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးတို့ဟာ ဒုတိယနေရာကမန်စီးတီးကို ၁၈မှတ်အသာနဲ့ချန်ပီယံဖြစ်ခဲ့ပြီး ယူနိုက်တက်တို့က အဆင့်၃ရခဲ့ပေမယ့် လီဗာပူးအသင်းအောက်၃၃မှတ်တောင်နည်းနေခဲ့တာဖြစ်ပါတယ်။ အခုအချိန်က ရာသီပြီးဖို့ လိုသေးပေမယ့် ရာသီတစ်ဝက်နီးပါးရောက်လာချိန်မှာတော့ ဒီရာသီရဲ့ ချန်ပီယံတိုက်ပွဲဟာ ယူနိုက်တက်အတွက်ရော၊ လီဗာပူးအတွက်ပါ ရင်သိမ့်တုန် ဖြစ်နေစေပါပြီ။

ယူနိုက်တက်ကို ဆိုးလ်ရှား ကိုင်တွယ်တဲ့ အနေအထားဟာ အခုအချိန်အတွက်တော့ အကောင်းဆုံး အနေအထားပါပဲ။ နည်းပြဆိုးလ်ရှားကတော့ ဇန်နဝါရီ အမှတ်ပေးဇယား အနေအထားကို အလေးမထားဘူးလို့ ဆိုထားပါတယ်။ သရဲနီ ပရိသတ်တွေကတော့ အလေးထားပါတယ်။ ဇန်နဝါရီက ဘာကြီးပဲဖြစ်နေပါစေ ဇယားထိပ်မှာ လီဗာပူးကို ဖိထားနိုင်ရင်ပဲ ခဏဖြစ်ဖြစ် ကျေနပ်ကြ မှာပါ။ ယူနိုက်တက်တို့ရဲ့နောက်လာမယ့်လိဂ်ပွဲစဉ်တွေကတော့ ဇန်နဝါရီ ၁၇ ရက် လီဗာပူးနဲ့ အဝေးကွင်း၊ ဇန်နဝါရီ၂၀ရက် ဖူလ်ဟမ် နဲ့ အဝေးကွင်း၊ ဇန်နဝါရီ၂၇ရက် ရှက်ဖီးယူနိုက်တက် နဲ့ အဝေးကွင်း၊ဇန်နဝါရီ ၃၀ ရက် အာဆင်နယ် နဲ့ အဝေးကွင်း၊ ဖေဖော်ဝါရီ ၂ ရက် ဆောက်သမ်ပ်တန် နဲ့ အိမ်ကွင်းတွေဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၆ရက် အဲဗာတန် နဲ့ အဝေးကွင်း၊ ဖေဖော်ဝါရီ ၁၃ရက် ဝက်စ်ဘရွမ်း နဲ့ အဝေးကွင်း၊ ဖေဖော်ဝါရီ ၂၀ရက် နယူးကာဆယ်ယူနိုက်တက် နဲ့ အိမ်ကွင်း၊ ဖေဖော်ဝါရီ ၂၇ ရက် ချယ်လ်ဆီးနဲ့ အဝေးကွင်းတို့ ဖြစ်ပါတယ်။ ခုချိန်မှာတော့ ယူနိုက်တက်ပရိသတ်တွေရော၊ လီဗာပူး ပရိသတ်တွေပါ လူမှုကွန်ရက်မှာ စကားစစ်ပွဲ ဆင်နွှဲဖို့ ပြင်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခါးသီးၿပိဳင္ဖက္​ေတြက​ေတာ့ ​ေရစက္ ​ေတြ ဆုံမွဆုံပါပဲ။ အက္ဖ္ေအဖလားစတုတၳအေက်ာ့မဲႏႈိက္မႈမ်ားအၿပီးမွာ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ ​ေရစက္ ဆုံၾကျပန္ပါတယ္။ ပရီးမီးယားလိဂ္မွာ ​ေနရာလုဖို႔ အတြက္ ႀကိဳးစား​ေနခ်ိန္မွာ ​ေနာက္ထပ္တစ္ပြဲ ႏႊဲဖို႔ ျဖစ္လာတာပါ။ ယူႏိုက္တက္ဟာ လက္ရွိအခ်ိန္မွာ လီဗာပူးတို႔နဲ႔အမွတ္တူ၊ ဂိုးကြာျခားခ်က္နဲ႔ ​ေအာက္က​ေန လိုက္​ေညႇာင့္​ေနတာပါ။ ဒါ​ေပမယ့္ ဒီ​ေန႔ည ပရီးမီးယားလိဂ္ပြဲက်န္ျဖစ္တဲ့ ဘန္ေလနဲ႔ ကစားရဖို႔ရွိပါတယ္။ အေဝးကြင္းမွာသာအဲဒီပြဲကိုႏိုင္ခဲ့ရင္ေတာ့လီဗာပူးကို အဆင့္တစ္က ဖယ္ထုတ္ၿပီး ပထမ​ေနရာ သရဲနီတို႔ ၀င္ထိုင္ႏိုင္ပါမယ္။ ဒါ့အျပင္ ဇန္နဝါရီ၁၇ ရက္ လီဗာပူးအိမ္ကြင္းအန္ဖီးလ္ကိုသြားတဲ့အခါမွာလည္း ပရီးမီးယားလိဂ္ဦးေဆာင္သူမ်ားအျဖစ္ မ်က္ႏွာ​ေမာ့ ၊ ​ေခါင္း​ေမာ့ သြားႏိုင္ၾကမွာပါ။

ၿပီးခဲ့တဲ့ရာသီတုန္းက လီဗာပူးတို႔ဟာ ဒုတိယေနရာကမန္စီးတီးကို ၁၈မွတ္အသာနဲ႔ခ်န္ပီယံျဖစ္ခဲ့ၿပီး ယူႏိုက္တက္တို႔က အဆင့္၃ရခဲ့ေပမယ့္ လီဗာပူးအသင္းေအာက္၃၃မွတ္ေတာင္နည္း​ေနခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္က ရာသီၿပီးဖို႔ လို​ေသး​ေပမယ့္ ရာသီတစ္ဝက္နီးပါးေရာက္လာခ်ိန္မွာေတာ့ ဒီရာသီရဲ႕ ခ်န္ပီယံတိုက္ပြဲဟာ ယူႏိုက္တက္အတြက္​ေရာ၊ လီဗာပူးအတြက္ပါ ရင္သိမ့္တုန္ ျဖစ္​ေန​ေစပါၿပီ။ ယူႏိုက္တက္ကို ဆိုးလ္ရွား ကိုင္တြယ္တဲ့ အ​ေနအထားဟာ အခုအခ်ိန္အတြက္​ေတာ့ အ​ေကာင္းဆုံး အ​ေနအထားပါပဲ။ နည္းျပဆိုးလ္ရွားက​ေတာ့ ဇန္န၀ါရီ အမွတ္​ေပးဇယား အ​ေနအထားကို အ​ေလးမထားဘူးလို႔ ဆိုထားပါတယ္။ သရဲနီ ပရိသတ္​ေတြက​ေတာ့ အ​ေလးထားပါတယ္။ ဇန္န၀ါရီက ဘာႀကီးပဲျဖစ္​ေနပါ​ေစ ဇယားထိပ္မွာ လီဗာပူးကို ဖိထားႏိုင္ရင္ပဲ ခဏျဖစ္ျဖစ္ ​ေက်နပ္ၾက မွာပါ။

ယူႏိုက္တက္တို႔ရဲ႕ေနာက္လာမယ့္လိဂ္ပြဲစဥ္​ေတြကေတာ့ ဇန္န၀ါရီ ၁၇ ရက္ လီဗာပူးနဲ႔ အေဝးကြင္း၊ ဇန္န၀ါရီ၂၀ရက္ ဖူလ္ဟမ္ နဲ႔ အေဝးကြင္း၊ ဇန္န၀ါရီ၂၇ရက္ ရွက္ဖီးယူႏိုက္တက္ နဲ႔ အေဝးကြင္း၊ဇန္န၀ါရီ ၃၀ ရက္ အာဆင္နယ္ နဲ႔ အေဝးကြင္း၊ ေဖ​ေဖာ္၀ါရီ ၂ ရက္ ေဆာက္သမ္ပ္တန္ နဲ႔ အိမ္ကြင္း​ေတြျဖစ္ပါတယ္။ ဒါ့အျပင္ ေဖ​ေဖာ္၀ါရီ ၆ရက္ အဲဗာတန္ နဲ႔ အေဝးကြင္း၊ ေဖ​ေဖာ္၀ါရီ ၁၃ရက္ ဝက္စ္ဘ႐ြမ္း နဲ႔ အေဝးကြင္း၊ ေဖ​ေဖာ္၀ါရီ ၂၀ရက္ နယူးကာဆယ္ယူႏိုက္တက္ နဲ႔ အိမ္ကြင္း၊ ေဖ​ေဖာ္၀ါရီ ၂၇ ရက္ ခ်ယ္လ္ဆီးနဲ႔ အေဝးကြင္းတို႔ ျဖစ္ပါတယ္။ ခုခ်ိန္မွာ​ေတာ့ ယူႏိုက္တက္ပရိသတ္​ေတြ​ေရာ၊ လီဗာပူး ပရိသတ္​ေတြပါ လူမႈကြန္ရက္မွာ စကားစစ္ပြဲ ဆင္ႏႊဲဖို႔ ျပင္​ေနၾကပါတယ္။