ဒီလိုပုံစံမျိုးနဲ့ပွဲပြီးသွားနိုင်တယ်လို့ အသင်းသားတွေကို အတိအကျသတိပေးခဲ့သေးကြောင်း မော်ရင်ညို ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုက ပဲလေ့စ်နဲ့ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက် ဒီပွဲက အခုလိုပြီးဆုံးသွားနိုင်တဲ့အကြောင်း ပထမပိုင်းအပြီးမှာ အသင်းသားတွေကို အတိအကျသတိပေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီး အဖိုးတန် ၂ မှတ်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့လည်း ဝန်ခံသွားပါတယ်။


စပါးဟာ ဆဲလ်ဟာ့စ်ပါ့ခ်မှာ အခွင့်အရေးအများအပြားဖန်တီးနိုင်ခဲ့ပြီး အိမ်ရှင်ဂိုးသမား ဂူအီတာရဲ့အမှားကနေ ဟယ်ရီကိန်းရဲ့အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုးပါ ရရှိခဲ့ပါတယ်။


ဒါပေမဲ့ စပိန်နိုင်ငံသား ဂူအီတာဟာ သူ့ရဲ့အမှားကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်ပေးဆပ်သွားခဲ့ပြီး အပိုင်အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့သလို ပွဲပြီးခါနီးမှာ ရှလပ်က ပဲလေ့စ်အတွက် ချေပဂိုးသွင်းယူသွားခဲ့လို့ စပါးလည်း အဝေးကွင်းမှာ ၂ မှတ်လျော့ကျသွားပါတယ်။

”ဘယ်လိုပဲဖြစ်ဖြစ် တစ်မှတ်က တစ်မှတ်ဆိုသလောက်တန်ဖိုးရှိပြီး ပရီးမီးယားလိဂ်မှာ တစ်မှတ်ရဖို့တောင် ဘယ်လောက်ခက်လဲဆိုတာ ကျွန်တော်တို့သိပါတယ်”
”ကျွန်တော်တို့အသင်း ၂ မှတ်ဆုံံးရှုံးခဲ့ရပါတယ်။ တကယ်လို့ ပွဲပြီးဖို့ ၁၀မိနစ်အလိုလောက်ကိုပဲကြည့်မယ်ဆိုရင် ဒါက အိုကေပါတယ်။ ပြီးတော့ ပထမပိုင်း ၄၅မိနစ်လည်း အဆင်ပြေသေးတယ်”


”ဒါပေမဲ့ ပွဲချိန် ၄၅မိနစ်ကနေ ၇၅ မိနစ်အတွင်း ကျွန်တော်တို့အသင်း ကောင်းကောင်းမကစားနိုင်ခဲ့ဘဲ အမှားတွေလည်း ကျူးလွန်မိခဲ့ပါတယ်။ ပဲလေ့စ်လိုအသင်းအနေနဲ့ အခွင့်အရေးတွေဖန်တီးနိုင်ပြီး ပင်နယ်တီဧရိယာထဲမှာ ဒုက္ခပေးနိုင်ပါတယ်”လို့ မော်ရင်ညိုက ပြောပါတယ်။


နိုင်ပွဲပျောက်ခဲ့တာနဲ့ပတ်သက်လို့ မော်ရင်ညိုက ”ပထမပိုင်းပြီးတော့ ပွဲအပြီးမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ အသင်းသားတွေကို ပြောခဲ့ပါသေးတယ်။ ပဲလေ့စ်နဲ့ပွဲမှာ ထိန်းချုပ်ချင်တယ်ဆိုရင် ဘောလုံးကိုင်ကစားဖို့ လိုပါတယ်”

”တကယ်လို့ သူတို့ကို အခွင့်အရေးသွားပေးလိုက်ရင် ဒီလိုဖြစ်သွားနိုင်ပါတယ်။ ဒါက သင်ခန်းစာတော့မဟုတ်ပါဘူး။ ပွဲက ဒီလိုဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိနေခဲ့တာပဲလေ။ ပထမပိုင်းအပြီးမှာကတည်းက ဒီလိုမှန်းခဲ့ကြတာပဲ”လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီလုိပုံစံမ်ိဳးနဲ႔ပြဲၿပီးသြားႏိုင္တယ္လုိ႔ အသင္းသားေတြကို အတိအက်သတိေပးခဲ့ေသးေၾကာင္း ေမာ္ရင္ညိဳ ဖြင့္ဟ

စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳက ပဲေလ့စ္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့ၿပီးေနာက္ ဒီပြဲက အခုလုိၿပီးဆုံးသြားႏိုင္တဲ့အေၾကာင္း ပထမပိုင္းအၿပီးမွာ အသင္းသားေတြကို အတိအက်သတိေပးခဲ့တယ္လုိ႔ ဖြင့္ဟခဲ့ၿပီး အဖိုးတန္ ၂ မွတ္ဆုံး႐ံႈးခဲ့ရတာျဖစ္တယ္လုိ႔လည္း ၀န္ခံသြားပါတယ္။ စပါးဟာ ဆဲလ္ဟာ့စ္ပါ့ခ္မွာ အခြင့္အေရးအမ်ားအျပားဖန္တီးႏိုင္ခဲ့ၿပီး အိမ္ရွင္ဂိုးသမား ဂူအီတာရဲဲ႕အမွားကေန ဟယ္ရီကိန္းရဲ႕အေ၀းကန္ခ်က္နဲ႔ ဦးေဆာင္ဂိုးပါ ရရွိခ့ဲပါတယ္။

ဒါေပမဲ့ စပိန္ႏိုင္ငံသား ဂူအီတာဟာ သူ႕ရဲ႕အမွားကို အေကာင္းဆုံးပုံစံနဲ႔ ျပန္လည္ေပးဆပ္သြားခဲ့ၿပီး အပိုင္အခြင့္အေရးေတြကို ကာကြယ္ႏိုင္ခဲ့သလုိ ပြဲၿပီးခါနီးမွာ ရွလပ္က ပဲေလ့စ္အတြက္ ေခ်ပဂိုးသြင္းယူသြားခဲ့လုိ႔ စပါးလည္း အေ၀းကြင္းမွာ ၂ မွတ္ေလ်ာ့က်သြားပါတယ္။ ”ဘယ္လုိပဲျဖစ္ျဖစ္ တစ္မွတ္က တစ္မွတ္ဆိုသေလာက္တန္ဖိုးရွိၿပီး ပရီးမီးယားလိဂ္မွာ တစ္မွတ္ရဖို႔ေတာင္ ဘယ္ေလာက္ခက္လဲဆုိတာ ကၽြန္ေတာ္တို႔သိပါတယ္”

”ကၽြန္ေတာ္တုိ႔အသင္း ၂ မွတ္ဆုံံး႐ံႈးခဲ့ရပါတယ္။ တကယ္လုိ႔ ပြဲၿပီးဖို႔ ၁၀မိနစ္အလိုေလာက္ကိုပဲၾကည့္မယ္ဆုိရင္ ဒါက အိုေကပါတယ္။ ၿပီးေတာ့ ပထမပိုင္း ၄၅မိနစ္လည္း အဆင္ေျပေသးတယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၄၅မိနစ္ကေန ၇၅ မိနစ္အတြင္း ကၽြန္ေတာ္တို႔အသင္း ေကာင္းေကာင္းမကစားႏုိင္ခဲ့ဘဲ အမွားေတြလည္း က်ဴးလြန္မိခဲ့ပါတယ္။ ပဲေလ့စ္လုိအသင္းအေနနဲ႔ အခြင့္အေရးေတြဖန္တီးႏိုင္ၿပီး ပင္နယ္တီဧရိယာထဲမွာ ဒုကၡေပးႏုိင္ပါတယ္”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။

ႏို္င္ပဲြေပ်ာက္ခဲ့တာနဲ႔ပတ္သက္လုိ႔ ေမာ္ရင္ညိဳက ”ပထမပိုင္းၿပီးေတာ့ ပြဲအၿပီးမွာ ဘာေတြျဖစ္လာႏိုင္လဲဆုိတာ အသင္းသားေတြကို ေျပာခဲ့ပါေသးတယ္။ ပဲေလ့စ္နဲ႔ပြဲမွာ ထိန္းခ်ဳပ္ခ်င္တယ္ဆုိရင္ ေဘာလုံးကုိင္ကစားဖုိ႔ လိုပါတယ္။ တကယ္လုိ႔ သူတုိ႔ကို အခြင့္အေရးသြားေပးလုိက္ရင္ ဒီလိုျဖစ္သြားႏိုင္ပါတယ္။ ဒါက သင္ခန္းစာေတာ့မဟုတ္ပါဘူး။ ပြဲက ဒီလုိျဖစ္သြားႏိုင္တယ္ဆုိတာ ကၽြန္ေတာ္တုိ႔ သိေနခဲ့တာပဲေလ။ ပထမပိုင္းအၿပီးမွာကတည္းက ဒီလုိမွန္းခဲ့ၾကတာပဲ”လုိ႔ ေျပာပါတယ္။