ဒီလိုအမှိုက်ကိုရှင်းဖို့ င့ါမိဘက သွန်သင်ထားတာလို့ နေမာကိုတုံ့ပြန်လိုက်တဲ့ မာဆေးနောက်ခံလူ

မာဆေးနောက်ခံလူအယ်ဗာရိုဂွန်ဇာလက်ဇ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးနေမာတို့ကြားက မကျေလည်မှုဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညမှာလည်း ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

သူတို့ရင်ဆိုင်ခဲ့တဲ့ပြင်သစ်စူပါဖလားပွဲပြီးတော့ ဂွန်ဇာလက်ဇ်က ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ နေမာကို အမှိုက်သရိုက်လို့ သုံးနှုန်းခဲ့ပါတယ်။

နေမာနဲ့ဂွန်ဇာလက်ဇ်တို့ကြားမှာ ရန်ငြိုးရန်စရှိထားဖူးပြီး ပြီးခဲ့တဲ့စက်တင်ဘာတုန်းက ပွဲစဉ်တစ်ခုမှာ အဲဒီစပိန်သားရဲ့ဦးခေါင်းကို နောက်ကရိုက်ခဲ့လို့ အဲဒီဘရာဇီးသားဟာ ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။

အဲဒီတုန်းက ပွဲအပြီး နေမာက ဂွန်ဇာလက်ဇ်က သူ့ကို လူမျိုးရွေးခွဲခြားမှုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပေမယ့် ဂွန်ဇာလက်ဇ်ကတော့ ငြင်းပယ်ခဲ့ပြီး နေမာဟာ အရှုံးကိုလက်ခံနိုင်ဖို့ သင်ယူရမယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အဲဒီကစားသမားနှစ်ယောက်ဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်စူပါဖလားမှာ ထပ်မံရင်ဆိုင်တွေ့ခဲ့ကြပြီး အဲဒီပွဲမှာ ဂွန်ဇာလက်ဇ်ဟာ နေမာကို အကြိမ်များစွာ လူချကစားခဲ့ကာ တစ်ကြိမ်မှာဆိုရင် အဲဒီဘရာဇီးသားရဲ့ခေါင်းကို လက်နဲ့ဆုပ်ကိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ပီအက်စ်ဂျီအတွက် ဒုတိယဂိုးသွင်းတော့ နေမာဟာ ဂွန်ဇာလက်ဇ်ကို ရည်ရွယ်တဲ့ လှောင်ပြောင်အောင်ပွဲခံမှုပြုလုပ်ခဲ့ပြီး အဲဒီအောင်ပွဲခံတဲ့ပုံကို ဆိုရွယ်မီဒီယာထက်မှာလည်း တင်ခဲ့ပါတယ်။

အဲဒါကိုမြင်တော့ ဂွန်ဇာလက်ဇ်ကလည်း နေမာရဲ့ခေါင်းကို နောက်ကလိုက်ဆွဲထားတဲ့ပုံနဲ့အတူ ”ဒီလိုအမှိုက်ကိုရှင်းဖို့ ငါ့မိက အမြဲသွန်သင်ပေးထားတာကွ”လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ နေမာနဲ့သူ့ကြားက ဖြစ်ရပ်နဲ့ပတ်သက်လို့ ဂွန်ဇာလက်ဇ်ဟာ နေမာပရိသတ်တွေရဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့တောင် ရင်ဆိုင်ခဲ့ရပါတယ်။

Zawgyi

ဒီလုိအမႈိက္ကိုရွင္းဖို႔ င့ါမိဘက သြန္သင္ထားတာလုိ႔ ေနမာကိုတု႔ံျပန္လုိက္တဲ့ မာေဆးေနာက္ခံလူ

မာေဆးေနာက္ခံလူအယ္ဗာရိုဂြန္ဇာလက္ဇ္နဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မႈးေနမာတုိ႔ၾကားက မေက်လည္မႈဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးညမွာလည္း ဆက္လက္ျဖစ္ေပၚခဲ့ပါတယ္။

သူတို႔ရင္ဆုိင္ခဲ့တဲ့ျပင္သစ္စူပါဖလားပြဲၿပီးေတာ့ ဂြန္ဇာလက္ဇ္က ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေနမာကို အမႈိက္သရိုက္လုိ႔ သုံးႏႈန္းခဲ့ပါတယ္။

ေနမာနဲ႔ဂြန္ဇာလက္ဇ္တုိ႔ၾကားမွာ ရန္ၿငိဳးရန္စရွိထားဖူးၿပီး ၿပီးခဲ့တဲ့စက္တင္ဘာတုန္းက ပြဲစဥ္တစ္ခုမွာ အဲဒီစပိန္သားရဲ႕ဦးေခါင္းကို ေနာက္ကရိုက္ခဲ့လုိ႔ အဲဒီဘရာဇီးသားဟာ ထုတ္ပယ္ခံခဲ့ရဖူးပါတယ္။

အဲဒီတုန္းက ပြဲအၿပီး ေနမာက ဂြန္ဇာလက္ဇ္က သူ႔ကို လူမ်ိဳးေရြးခြဲျခားမႈလုပ္ခဲ့တယ္လုိ႔ စြပ္စြဲခဲ့ေပမယ့္ ဂြန္ဇာလက္ဇ္ကေတာ့ ျငင္းပယ္ခဲ့ၿပီး ေနမာဟာ အရႈံးကိုလက္ခံႏိုင္ဖုိ႔ သင္ယူရမယ္လုိ႔ ျပန္လည္တု႔ံျပန္ခဲ့ပါတယ္။

အဲဒီကစားသမားႏွစ္ေယာက္ဟာ မေန႔ညက ကစားခဲ့တဲ့ ျပင္သစ္စူပါဖလားမွာ ထပ္မံရင္ဆိုင္ေတြ႕ခဲ့ၾကၿပီး အဲဒီပြဲမွာ ဂြန္ဇာလက္ဇ္ဟာ ေနမာကို အႀကိမ္မ်ားစြာ လူခ်ကစားခဲ့ကာ တစ္ႀကိမ္မွာဆုိရင္ အဲဒီဘရာဇီးသားရဲ႕ေခါင္းကုိ လက္နဲ႔ဆုပ္ကိုင္ခ့ဲတာပါ။

ဒါေၾကာင့္လည္း ပီအက္စ္ဂ်ီအတြက္ ဒုတိယဂိုးသြင္းေတာ့ ေနမာဟာ ဂြန္ဇာလက္ဇ္ကို ရည္ရြယ္တဲ့ ေလွာင္ေျပာင္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၿပီး အဲဒီေအာင္ပြဲခံတဲ့ပုံကို ဆုိရြယ္မီဒီယာထက္မွာလည္း တင္ခဲ့ပါတယ္။

အဲဒါကိုျမင္ေတာ့ ဂြန္ဇာလက္ဇ္ကလည္း ေနမာရဲ႕ေခါင္းကို ေနာက္ကလိုက္ဆြဲထားတဲ့ပုံနဲ႔အတူ ”ဒီလုိအမႈိက္ကိုရွင္းဖို႔ ငါ့မိက အၿမဲသြန္သင္ေပးထားတာကြ”လုိ႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာ ေနမာနဲ႔သူ႔ၾကားက ျဖစ္ရပ္နဲ႔ပတ္သက္လို႔ ဂြန္ဇာလက္ဇ္ဟာ ေနမာပရိသတ္ေတြရဲ႕အသက္အႏၱရာယ္ၿခိမ္းေျခာက္မႈေတြနဲ႔ေတာင္ ရင္ဆိုင္ခဲ့ရပါတယ္။