ဒီအချိန်မှာ ရော်နယ်ဒိုအတွက် ဖာဂူဆန် ဘယ်လောက်တောင်ဂုဏ်ယူနေမလဲ….?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒိုရယူနေတဲ့ စံချိန်မှတ်တမ်းတွေကတော့ တစ်ပွဲပြီး တစ်ပွဲ အံ့မခန်းပါပဲ။ အဲဒီလို အနေအထားမျိုးမှာ နည်းပြကြီးဖာဂူဆန် ကတော့ ဂုဏ်ယူဝမ်းမြောက်နေမှာသေချာပါပဲ။

ခုချိန်မှာ ယူနိုက်တက်နဲ့ စီရော်နယ်ဒို ဘာမှမဆိုင်ဘူးဆိုပေမယ့် ဒိုလေးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ စပိုးတင်းလစ္စဘွန်းကနေ ယူနိုက်တက်ကစားသမားဘ၀ ခံယူပြီးမှ အောင်မြင်တဲ့ လမ်းပေါ်ကို ရောက်ခဲ့တာပါ။ စပို့တင်းအသင်းတို့၊ ဒိုလေးငယ်ငယ်က ကစားခဲ့တဲ့ အသင်းတို့ဘာတို့ အဲဒါတွေရဲ့ ကျေးဇူးကန်းခိုင်းတာတော့ မဟုတ်ပါဘူး။

စီရော်နယ်ဒို ဆိုတဲ့ ကျောက်ကောင်းတစ်ပွင့် ထွန်းလင်းတောက်ပ လင်းလက်ဖို့ ယူနိုက်တက်ကနည်းပြကြီး ဖာဂူဆန်ရဲ့ သွန်သင်မှုတွေ၊ ကာကွယ်ပေးခဲ့မှုတွေကြောင့်သာ အဓိကကျခဲ့တာပါ။ နောက်မှသာ ရီးရဲလ်မက်ဒရစ်အသင်းက ကောက်စားလုပ်သွားခဲ့တာပါ။

ဖခင်ဆုံးပါးသွားချိန်မှာ မိခင်ကိုသာ အဖော်ပြုနေခဲ့တဲ့ စီရော်နယ်ဒို ဟာ ဖာဂူဆန်ကို သူ့ရဲ့ ဖခင်တစ်ယောက်လိုတွယ်တာခဲ့ပါတယ်။ ရီးရဲလ် ကိုရောက်ပြီး တစ်နှစ်အကြာမှာ ဖာဂူဆန်က သူအနားမယူခင်အချိန်မှာတုန်းက စီရော်နယ်ဒို ကို ယူနိုက်တက်အသင်းဆီပြန်ခေါ်ဖို့ ပြောကြားခဲ့ပြီး စီရော်နယ်ဒို ကလည်းပြန်လာခဲ့မယ်လို့ ကတိတွေ ပေးခဲ့တယ်လို့ ဖာဂူဆန်က အဲ့သည့်အချိန်ကအကြောင်းတွေကို ပြန်လည်ပြောပြခဲ့ပါသေးတယ်။ ဒါပေမယ့် ဖာဂူဆန်က အနားယူသွားခဲ့တာကြောင့် ဒီအပြောင်းအရွှေ့က မဖြစ်လာခဲ့ပါဘူး။

ဒါကြောင့်လည်း စီရော်နယ်ဒိုက တစ်ချိန်ချိန်မှာ ယူနိုက်တက်ဆီပြန်လာချင်ကြောင်းပြောခဲ့တာပါ။ ခုချိန်ထိလည်း နည်းပြကြီး ဖာဂူဆန်နဲ့ ဒိုလေး အဆက်အသွယ်ရှိနေသလို၊ ယူနိုက်တက်က ကစားသမား အသစ် ခေါ်ယူတဲ့ တချို့ ကိစ္စတွေမှာလည်း စီရော်နယ်ဒို ပါဝင်ကူညီပေးနေတာပါ။

မနေ့ ညက ကစား သွားခဲ့တဲ့ စီးရီးအေ ပွဲစဉ် အပြီး မှာတော့ ရော်နယ်ဒို ဟာ ဘောလုံး သမိုင်း တစ်လျောက် ဂိုး အများဆုံး သွင်းယူ နိုင်တဲ့ ကစား သမား တစ်ဦးနဲ့ ပူးတွဲ ဖြစ်လာခဲ့ ပါပြီ ။

ဆာဆူအိုလို အသင်း ကို ၃ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ရော်နယ်ဒို ဟာ ပွဲပြီးခါနီးအချိန် (၉၂)မိနစ်မှာ (၁) ဂိုး သွင်းပေး ခဲ့ပြီး ဂျိုဆပ် ဘီကန် ရဲ့ ဂိုး အရေ အတွက် ကို လိုက်မီ သွားခဲ့ ပါတယ် ။အဲဒါကြောင့် ထာဝရ ဂိုးသွင်း ဘုရင် ဘွဲ့ ကို ပူးတွဲ ရယူ နိုင်ခဲ့ပါပြီ။

ရော်နယ်ဒိုဟာ ဂျိုဆပ် ဘီကန် ရဲ့ 759 ဂိုး စံချိန် ကို လိုက်မီ နိုင်ခဲ့ တာဖြစ်ပြီး၊ နောက်ထပ် တစ်ဂိုး သွင်းလိုက်မယ် ဆိုရင်တော့ ရော်နယ်ဒို ဟာ ဘောလုံး သမိုင်း တစ်လျောက် ဂိုးသွင်း အများဆုံး ဆိုတဲ့ ဂုဏ်ပုဒ် ကို တစ်ယောက်တည်း လွှဲပြောင်း ရယူ နိုင်တော့ မှာ ဖြစ်သလို သမိုင်းစာမျက်နှာ အသစ်တစ်ခုကိုလည်း ရေးထိုးတော့မှာပါ။ ရော်နယ်ဒိုဆိုတဲ့ ကစားသမားရဲ့ စွမ်းဆောင်ရည်တွေဟာဒီလောက်နဲ့တော့ မတင်းတိမ်နိုင်သေးပဲသူရေးထိုးထားတဲ့စံချိန်မှတ်တမ်းတွေလည်းရှိနေပါသေးတယ်။

အဲ့သည့် စံချိန်တွေထဲမှာ အမှတ်ပေး ပြိုင်ပွဲတွေမှာ (၁၅) ရာသီ ဆက်တိုက် သွင်းဂိုး (၁၅) ဂိုး ကို ရယူ နိုင်တဲ့ တစ်ဦး တည်းသော ကစား သမားလည်း ဖြစ်လာခဲ့ ပါတယ် ။ ရော်နယ်ဒို ဟာ ၂၀၀၆ – ၂၀၀၇ ဘောလုံး ရာသီ မှာ ယူနိုက်တက် အတွက် အမှတ်ပေး ပွဲ 17 ဂိုး သွင်းယူ ရာကနေ ယခု ၂၀၂၀ – ၂၁ ရာသီ အထိ ၁၅ ရာသီ ဆက်တိုက် မှာ ၁၅ ဂိုး နဲ့ အထက် သွင်းယူ နိုင်ခဲ့တာပဲ ဖြစ် ပါတယ် ။

အသင်းလိုက် ခွဲခြား ကြည့်မယ် ဆိုရင်တော့ ရော်နယ်ဒိုဟာ စပို့တင်းအသင်းမှာ ၅ဂိုး ၊ ယူနိုက်တက် အသင်းမှာ ၁၁၈ဂိုး ၊ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၄၅၀ဂိုးနဲ့ ဂျူဗင်တပ် အသင်းမှာ ၈၄ဂိုး ၊ ပေါ်တူဂီအသင်း မှာ (၁၀၂)ဂိုး အထိ သွင်းယူ ထားပါတယ်။

ဆက်လက်ပြီး ဂိုးတွေသွင်းနေမှာ ဖြစ်ပြီး အသက်ကြီးလေ ခြေစွမ်းထက်လေ ဖြစ်တဲ့ စီရော်နယ်ဒိုကိုတော့ နည်းပြကြီး ဖာဂူဆန်ကဂုဏ်ယူနေမှသေချာပါတယ်။

နောက်ထပ်ပွဲစဉ်တစ်ခုခုမှာ စီရော်နယ်ဒိုသာ ဂိုးထပ်သွင်းယူခဲ့ပြီး ဘောလုံးသမိုင်းမှာ စံချိန်သစ်တစ်ခု ရေးထိုးလာနိုင်ခဲ့မယ်ဆိုရင် နည်းပြကြီး ဖာဂူဆန်ရဲ့ ဂုဏ်ပြုစကားတွေ၊ မှတ်ချက်ပေးမှုတွေကို စီရော်နယ်ဒိုနဲ့တစ်ကမ္ဘာလုံးမှာရှိတဲ့ သူ့ရဲ့ဘောလုံးပရိသတ်တွေက ကြားချင်နေမယ်ဆိုတာ သေချာနေပါတယ်….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီအခ်ိန္မွာ ေရာ္နယ္ဒိုအတြက္ ဖာဂူဆန္ ဘယ္ေလာက္ေတာင္ဂုဏ္ယူေနမလဲ….?

ေရာ္နယ္ဒိုရယူေနတဲ့ စံခ်ိန္မွတ္တမ္းေတြကေတာ့ တစ္ပြဲၿပီး တစ္ပြဲ အံ့မခန္းပါပဲ။ အဲဒီလို အေနအထားမ်ိဳးမွာ နည္းျပႀကီးဖာဂူဆန္ ကေတာ့ ဂုဏ္ယူဝမ္းေျမာက္ေနမွာေသခ်ာပါပဲ။ ခုခ်ိန္မွာ ယူႏိုက္တက္နဲ႔ စီေရာ္နယ္ဒို ဘာမွမဆိုင္ဘူးဆိုေပမယ့္ ဒိုေလးရဲ႕ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွာ စပိုးတင္းလစၥဘြန္းကေန ယူႏိုက္တက္ကစားသမားဘ၀ ခံယူၿပီးမွ ေအာင္ျမင္တဲ့ လမ္းေပၚကို ေရာက္ခဲ့တာပါ။ စပို႔တင္းအသင္းတို႔၊ ဒိုေလးငယ္ငယ္က ကစားခဲ့တဲ့ အသင္းတို႔ဘာတို႔ အဲဒါေတြရဲ႕ ေက်းဇူးကန္းခိုင္းတာေတာ့ မဟုတ္ပါဘူး။

စီေရာ္နယ္ဒို ဆိုတဲ့ ေက်ာက္ေကာင္းတစ္ပြင့္ ထြန္းလင္းေတာက္ပ လင္းလက္ဖို႔ ယူႏိုက္တက္ကနည္းျပႀကီး ဖာဂူဆန္ရဲ႕ သြန္သင္မႈေတြ၊ ကာကြယ္ေပးခဲ့မႈေတြေၾကာင့္သာ အဓိကက်ခဲ့တာပါ။ ေနာက္မွသာ ရီးရဲလ္မက္ဒရစ္အသင္းက ေကာက္စားလုပ္သြားခဲ့တာပါ။ ဖခင္ဆံုးပါးသြားခ်ိန္မွာ မိခင္ကိုသာ အေဖာ္ျပဳေနခဲ့တဲ့ စီေရာ္နယ္ဒို ဟာ ဖာဂူဆန္ကို သူ႕ရဲ႕ ဖခင္တစ္ေယာက္လိုတြယ္တာခဲ့ပါတယ္။ ရီးရဲလ္ ကိုေရာက္ၿပီး တစ္ႏွစ္အၾကာမွာ ဖာဂူဆန္က သူအနားမယူခင္အခ်ိန္မွာတုန္းက စီေရာ္နယ္ဒို ကို ယူႏိုက္တက္အသင္းဆီျပန္ေခၚဖို႕ ေျပာၾကားခဲ့ၿပီး စီေရာ္နယ္ဒို ကလည္းျပန္လာခဲ့မယ္လို႕ ကတိေတြ ေပးခဲ့တယ္လို႕ ဖာဂူဆန္က အဲ့သည့္အခ်ိန္ကအေၾကာင္းေတြကို ျပန္လည္ေျပာျပခဲ့ပါေသးတယ္။ ဒါေပမယ့္ ဖာဂူဆန္က အနားယူသြားခဲ့တာေၾကာင့္ ဒီအေျပာင္းအေရႊ႕က မျဖစ္လာခဲ့ပါဘူး။

ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုက တစ္ခ်ိန္ခ်ိန္မွာ ယူႏိုက္တက္ဆီျပန္လာခ်င္ေၾကာင္းေျပာခဲ့တာပါ။ ခုခ်ိန္ထိလည္း နည္းျပႀကီး ဖာဂူဆန္နဲ႔ ဒိုေလး အဆက္အသြယ္ရွိေနသလို၊ ယူႏိုက္တက္က ကစားသမား အသစ္ ေခၚယူတဲ့ တခ်ိဳ႕ ကိစၥေတြမွာလည္း စီေရာ္နယ္ဒို ပါဝင္ကူညီေပးေနတာပါ။ မေန႔ ညက ကစား သြားခဲ့တဲ့ စီးရီးေအ ပြဲစဥ္ အၿပီး မွာေတာ့ ေရာ္နယ္ဒို ဟာ ေဘာလုံး သမိုင္း တစ္ေလ်ာက္ ဂိုး အမ်ားဆုံး သြင္းယူ ႏိုင္တဲ့ ကစား သမား တစ္ဦးနဲ႔ ပူးတြဲ ျဖစ္လာခဲ့ ပါၿပီ ။ ဆာဆူအိုလို အသင္း ကို ၃ – ၁ နဲ႔ အႏိုင္ ရခဲ့တဲ့ ပြဲမွာ ေရာ္နယ္ဒို ဟာ ပြဲၿပီးခါနီးအခ်ိန္ (၉၂)မိနစ္မွာ (၁) ဂိုး သြင္းေပး ခဲ့ၿပီး ဂ်ိဳဆပ္ ဘီကန္ ရဲ႕ ဂိုး အေရ အတြက္ ကို လိုက္မီ သြားခဲ့ ပါတယ္ ။အဲဒါေၾကာင့္ ထာဝရ ဂိုးသြင္း ဘုရင္ ဘြဲ႕ ကို ပူးတြဲ ရယူ ႏိုင္ခဲ့ပါၿပီ။

ေရာ္နယ္ဒိုဟာ ဂ်ိဳဆပ္ ဘီကန္ ရဲ႕ 759 ဂိုး စံခ်ိန္ ကို လိုက္မီ ႏိုင္ခဲ့ တာျဖစ္ၿပီး၊ ေနာက္ထပ္ တစ္ဂိုး သြင္းလိုက္မယ္ ဆိုရင္ေတာ့ ေရာ္နယ္ဒို ဟာ ေဘာလုံး သမိုင္း တစ္ေလ်ာက္ ဂိုးသြင္း အမ်ားဆုံး ဆိုတဲ့ ဂုဏ္ပုဒ္ ကို တစ္ေယာက္တည္း လႊဲေျပာင္း ရယူ ႏိုင္ေတာ့ မွာ ျဖစ္သလို သမိုင္းစာမ်က္ႏွာ အသစ္တစ္ခုကိုလည္း ေရးထိုးေတာ့မွာပါ။ ေရာ္နယ္ဒိုဆိုတဲ့ ကစားသမားရဲ႕ စြမ္းေဆာင္ရည္ေတြဟာဒီေလာက္နဲ႔ေတာ့ မတင္းတိမ္ႏိုင္ေသးပဲသူေရးထိုးထားတဲ့စံခ်ိန္မွတ္တမ္းေတြလည္းရွိေနပါေသးတယ္။ အဲ့သည့္ စံခ်ိန္ေတြထဲမွာ အမွတ္ေပး ၿပိဳင္ပြဲေတြမွာ (၁၅) ရာသီ ဆက္တိုက္ သြင္းဂိုး (၁၅) ဂိုး ကို ရယူ ႏိုင္တဲ့ တစ္ဦး တည္းေသာ ကစား သမားလည္း ျဖစ္လာခဲ့ ပါတယ္ ။ ေရာ္နယ္ဒို ဟာ ၂၀၀၆ – ၂၀၀၇ ေဘာလုံး ရာသီ မွာ ယူႏိုက္တက္ အတြက္ အမွတ္ေပး ပြဲ 17 ဂိုး သြင္းယူ ရာကေန ယခု ၂၀၂၀ – ၂၁ ရာသီ အထိ ၁၅ ရာသီ ဆက္တိုက္ မွာ ၁၅ ဂိုး နဲ႔ အထက္ သြင္းယူ ႏိုင္ခဲ့တာပဲ ျဖစ္ ပါတယ္ ။

အသင္းလိုက္ ခြဲျခား ၾကည့္မယ္ ဆိုရင္ေတာ့ ​ေရာ္နယ္ဒိုဟာ စပို႔တင္းအသင္းမွာ ၅ဂိုး ၊ ယူႏိုက္တက္ အသင္းမွာ ၁၁၈ဂိုး ၊ ရီးရဲလ္မက္ဒရစ္ အသင္းမွာ ၄၅၀ဂိုးနဲ႔ ဂ်ဴဗင္တပ္ အသင္းမွာ ၈၄ဂိုး ၊ ေပၚတူဂီအသင္း မွာ (၁၀၂)ဂိုး အထိ သြင္းယူ ထားပါတယ္။ ဆက္လက္ၿပီး ဂိုး​ေတြသြင္း​ေနမွာ ျဖစ္ၿပီး အသက္ႀကီး​ေလ ​ေျခစြမ္းထက္​ေလ ျဖစ္တဲ့ စီ​ေရာ္နယ္ဒိုကိုေတာ့ နည္းျပႀကီး ဖာဂူဆန္က​ဂုဏ္ယူ​ေနမွေသခ်ာပါတယ္။ ေနာက္ထပ္ပြဲစဥ္တစ္ခုခုမွာ စီ​ေရာ္နယ္ဒိုသာ ဂိုးထပ္သြင္းယူခဲ့ၿပီး ေဘာလံုးသမိုင္းမွာ စံခ်ိန္သစ္တစ္ခု ေရးထိုးလာႏိုင္ခဲ့မယ္ဆိုရင္ နည္းျပႀကီး ဖာဂူဆန္ရဲ႕ ဂုဏ္ျပဳစကား​ေတြ၊ မွတ္ခ်က္ေပးမႈ​ေတြကို စီေရာ္နယ္ဒိုနဲ႕တစ္ကမၻာလံုးမွာရွိတဲ့ သူ႕ရဲ႕ေဘာလံုးပရိသတ္ေတြက ၾကားခ်င္ေနမယ္ဆိုတာ ေသခ်ာေနပါတယ္….