ဒီအောင်ပွဲခံမှုဟာ ဝေဖန်သူတွေအပေါ်မှာ တုံ့ပြန်တာမျိုး ၊ တစ်ဦးတစ်ယောက်ကိုရည်ညွှန်းတာမျိုး မရှိပါဘူး – မက်ဂွိုင်းယား

အယ်ဘေးနီးယားကို (၅) ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက်

အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းယူခဲ့တဲ့ နောက်ခံလူ မက်ဂွိုင်းယားက ဝေဖန်မှုများကို

ဂရုမစိုက်တဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့တဲ့ အပေါ် ယူနိုက်တက်အသင်းရဲ့

ဂန္တဝင် ကစားသမားဟောင်း ရွိုင်ကိန်းက ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ပါတယ်။

အဆိုပါ အောင်ပွဲခံခဲ့တဲ့ ပုံစံနဲ့ ပတ်သက်ပြီး မိမိ အနေနဲ့ ဘာရည်ရွယ်ချက်မှ

မရှိတဲ့အကြောင်း မက်ဂွိုင်းယားက အင်တာဗျူးမှာ ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

” အယ်လ်ဘေးနီးယားနဲ့ပွဲမှာ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တာက ထူးထူးခြားခြား

ရည်ရွယ်ချက်မရှိပါဘူး။ သာမန် အောင်ပွဲခံတဲ့ပုံစံပါပဲ။ အောင်ပွဲခံတဲ့အချိန်မှာ

နားနှစ်ဖက်နား လက်ထားလိုက်မိရုံပါပဲ”

” ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်က ယူနိုက်တက်ရဲ့

အသင်းခေါင်းဆောင်ပါ။ ကျွန်တော် ခြေစွမ်းမကောင်းရင်တော့ အဝေဖန်ခံရမှာပဲ။

ဒီအောင်ပွဲခံမှုဟာ ဝေဖန်သူတွေအပေါ်မှာ တုံ့ပြန်တာမျိုး ၊ တစ်ဦးတစ်ယောက်ကို

ရည်ညွှန်းတာမျိုး မရှိပါဘူး” လို့ မက်ဂွိုင်းယားက ပြောပါတယ်။

မက်ဂွိုင်းယားဟာ ခံစစ်ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း (၂၀၂၁) ခုနှစ်အတွင်း

ဟယ်ရီကိန်း နဲ့ စတာလင် တို့ပြီးရင် အင်္ဂလန်အသင်းအတွက် တတိယမြောက်

ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားဖြစ်လို့နေပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းမှာ ခြေစွမ်းပြသလောက် ယူနိုက်တက်အသင်းမှာတော့

မက်ဂွိုင်းယားဟာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေပြီး ပွဲတိုင်းလိုလို အမှားတွေ

ကျူးလွန်ထားတာကြောင့် ဝေဖန်မှုများစွာခံနေရတာဖြစ်ပါတယ်။

zawgyi

ဒီေအာင္ပြဲခံမႈဟာ ေဝဖန္သူေတြအေပၚမွာ တုံ႔ျပန္တာမ်ိဳး ၊ တစ္ဦးတစ္ေယာက္ကိုရည္ၫႊန္းတာမ်ိဳး မရွိပါဘူး – မက္ဂြိဳင္းယား

အယ္ေဘးနီးယားကို (၅) ဂိုးျပတ္ အႏိုင္ရတဲ့ပြဲမွာ အဂၤလန္အသင္းအတြက္

အဖြင့္ဂိုးကို ေခါင္းတိုက္ သြင္းယူခဲ့တဲ့ ေနာက္ခံလူ မက္ဂြိဳင္းယားက ေဝဖန္မႈမ်ားကို

ဂ႐ုမစိုက္တဲ့ ပုံစံနဲ႔ ေအာင္ပြဲခံခဲ့တဲ့ အေပၚ ယူႏိုက္တက္အသင္းရဲ႕

ဂႏၲဝင္ ကစားသမားေဟာင္း ႐ြိဳင္ကိန္းက ပ်စ္ပ်စ္ႏွစ္ႏွစ္ေဝဖန္ခဲ့ပါတယ္။

အဆိုပါ ေအာင္ပြဲခံခဲ့တဲ့ ပုံစံနဲ႔ ပတ္သက္ၿပီး မိမိ အေနနဲ႔ ဘာရည္႐ြယ္ခ်က္မွ

မရွိတဲ့အေၾကာင္း မက္ဂြိဳင္းယားက အင္တာဗ်ဴးမွာ ျပန္လည္တုံ႔ျပန္ေျပာဆိုလိုက္ပါတယ္။

” အယ္လ္ေဘးနီးယားနဲ႔ပြဲမွာ ဂိုးသြင္းၿပီး ေအာင္ပြဲခံခဲ့တာက ထူးထူးျခားျခား

ရည္႐ြယ္ခ်က္မရွိပါဘူး။ သာမန္ ေအာင္ပြဲခံတဲ့ပုံစံပါပဲ။ ေအာင္ပြဲခံတဲ့အခ်ိန္မွာ

နားႏွစ္ဖက္နား လက္ထားလိုက္မိ႐ုံပါပဲ”

” ေဝဖန္မႈေတြနဲ႔ ပတ္သက္လို႔ကေတာ့ ကြၽန္ေတာ္က ယူႏိုက္တက္ရဲ႕

အသင္းေခါင္းေဆာင္ပါ။ ကြၽန္ေတာ္ ေျခစြမ္းမေကာင္းရင္ေတာ့ အေဝဖန္ခံရမွာပဲ။

ဒီေအာင္ပြဲခံမႈဟာ ေဝဖန္သူေတြအေပၚမွာ တုံ႔ျပန္တာမ်ိဳး ၊ တစ္ဦးတစ္ေယာက္ကို

ရည္ၫႊန္းတာမ်ိဳး မရွိပါဘူး” လို႔ မက္ဂြိဳင္းယားက ေျပာပါတယ္။

မက္ဂြိဳင္းယားဟာ ခံစစ္ကစားသမားတစ္ဦးျဖစ္ေပမယ့္လည္း (၂၀၂၁) ခုႏွစ္အတြင္း

ဟယ္ရီကိန္း နဲ႔ စတာလင္ တို႔ၿပီးရင္ အဂၤလန္အသင္းအတြက္ တတိယေျမာက္

ဂိုးအမ်ားဆုံး သြင္းထားတဲ့ ကစားသမားျဖစ္လို႔ေနပါတယ္။

ဒါေပမယ့္ အဂၤလန္အသင္းမွာ ေျခစြမ္းျပသေလာက္ ယူႏိုက္တက္အသင္းမွာေတာ့

မက္ဂြိဳင္းယားဟာ ပုံမွန္ေျခစြမ္းေအာက္ကို ေရာက္ေနၿပီး ပြဲတိုင္းလိုလို အမွားေတြ

က်ဴးလြန္ထားတာေၾကာင့္ ေဝဖန္မႈမ်ားစြာခံေနရတာျဖစ္ပါတယ္။