ဒီ ကစားသမားနှစ်ယောက်ကို ဘာလို့ နှိုင်းယှဉ်နေမှာလဲ။ သူတို့နှစ်ဦးလုံးက ကမ္ဘာ့ထိပ်တန်း ကစားသမားတွေဆိုတာ ခင်ဗျားတို့ အားလုံးလည်းသိပါတယ် – ကလော့ဗ်

အိုးလ်ထရက်ဒ်ဖို့ဒ်မှာ ကစားမယ့် အဆိုပါ ပွဲစဉ်ဟာ အသင်းနှစ်သင်းအတွက်

ပွဲကြီးပွဲကောင်းဖြစ်လာမှာဖြစ်သလို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားနှစ်ဦးဖြစ်တဲ့

ရော်နာလ်ဒို နဲ့ ဆာလာ တို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မှုကို မြင်တွေ့ရမှာတော့မှာပါ။

လီဗာပူးလ် နည်းပြ ကလော့ဗ်ကို ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်

တစ်ယောက်က ကစားသမားနှစ်ဦးနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်မေးမြန်းခဲ့ရာမှာတော့

ကလော့ဗ်က အခုလိုမျိုး တုံ့ပြန်ခဲ့ပါတယ်။

” ဒီ ကစားသမားနှစ်ယောက်ကို ဘာလို့ နှိုင်းယှဉ်နေမှာလဲ။ သူတို့နှစ်ဦးလုံးက

ကမ္ဘာ့ထိပ်တန်း ကစားသမားတွေဆိုတာ ခင်ဗျားတို့ အားလုံးလည်းသိပါတယ်။

ဆာလာက ရော်နာလ်ဒို နဲ့ ဘယ်ခြေ ကန်ချက်က ပိုအားမှုရှိတယ်။

ဒါပေမယ့် အမြင့်ဘော ခေါင်းတိုက်တာ နဲ့ ညာခြေကန်သွင်းချက်တွေမှာ

ရော်နာလ်ဒိုက ပြန်ပြီး အားသာသွားပြန်ရောဗျာ”

” မြန်နှုန်းကတော့ ကစားသမားနှစ်ယောက်လုံး အတူတူဖြစ်ပြီး ဂိုးရလိုစိတ်လည်း

ပြင်းပြပုံချင်းတူညီတဲ့ ကစားသမားနှစ်ဦးပါ။ ဒီနှစ်ယောက်ကို နှိုင်းယှဉ်ဖို့ဆိုတာ

ကျွန်တော်ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး။ သူတို့ နှစ်ယောက်ကို နှိုင်းယှဉ်ဖို့

စိတ်မဝင်စားလို့ တောင်းပန်ပါတယ်” ဆိုပြီး သတင်းထောက်ရဲ့ အမေးကို

ကလော့ဗ်က အခုလို တုံ့ပြန်ခဲ့တာပါ”

ကလော့ဗ်အနေနဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုမျိုးပြောကြားခဲ့ပေမယ့်

မကြာသေးခင်းက အင်တာဗျူးတစ်ခုမှာ ၎င်းရဲ့ တပည့် ဆာလာကသာလျှင်

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး ဖြစ်တယ်လို့ ရော်နာလ်ဒိုကို တိုက်ရိုက်

မရည်ရွယ်ညဲ မထိတစ်ထိ ပြောကြားထားခဲ့ဖူးပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် (၈) အထိ ပြီးဆုံးချိန်မှာတော့ လီဗာပူးလ် တိုက်စစ်မှုး

ဆာလာက (၈) ပွဲကစား (၇) ဂိုး သွင်းထားပြီး ဒီရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး

စာရင်းမှာ လက်စတာ တိုက်စစ်မှုး ဗာဒီနဲ့ အတူ ဦးဆောင်နေပါတယ်။

မန်ယူ တိုက်စစ်မှုး ရော်နာလ်ဒိုကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၅) ပွဲကစားပြီး

(၃) ဂိုး သွင်းယူထားပါတယ်။

zawgyi

ဒီ ကစားသမားႏွစ္ေယာက္ကို ဘာလို႔ ႏႈိင္းယွဥ္ေနမွာလဲ။ သူတို႔ႏွစ္ဦးလုံးက ကမာၻ႔ထိပ္တန္း ကစားသမားေတြဆိုတာ ခင္ဗ်ားတို႔ အားလုံးလည္းသိပါတယ္ – ကေလာ့ဗ္

အိုးလ္ထရက္ဒ္ဖို႔ဒ္မွာ ကစားမယ့္ အဆိုပါ ပြဲစဥ္ဟာ အသင္းႏွစ္သင္းအတြက္

ပြဲႀကီးပြဲေကာင္းျဖစ္လာမွာျဖစ္သလို အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမားႏွစ္ဦးျဖစ္တဲ့

ေရာ္နာလ္ဒို နဲ႔ ဆာလာ တို႔ႏွစ္ဦးရဲ႕ ၿပိဳင္ဆိုင္မႈ ျပင္းထန္မႈကို ျမင္ေတြ႕ရမွာေတာ့မွာပါ။

လီဗာပူးလ္ နည္းျပ ကေလာ့ဗ္ကို ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္

တစ္ေယာက္က ကစားသမားႏွစ္ဦးနဲ႔ ပတ္သက္ၿပီး ႏႈိင္းယွဥ္ေမးျမန္းခဲ့ရာမွာေတာ့

ကေလာ့ဗ္က အခုလိုမ်ိဳး တုံ႔ျပန္ခဲ့ပါတယ္။

” ဒီ ကစားသမားႏွစ္ေယာက္ကို ဘာလို႔ ႏႈိင္းယွဥ္ေနမွာလဲ။ သူတို႔ႏွစ္ဦးလုံးက

ကမာၻ႔ထိပ္တန္း ကစားသမားေတြဆိုတာ ခင္ဗ်ားတို႔ အားလုံးလည္းသိပါတယ္။

ဆာလာက ေရာ္နာလ္ဒို နဲ႔ ဘယ္ေျခ ကန္ခ်က္က ပိုအားမႈရွိတယ္။

ဒါေပမယ့္ အျမင့္ေဘာ ေခါင္းတိုက္တာ နဲ႔ ညာေျခကန္သြင္းခ်က္ေတြမွာ

ေရာ္နာလ္ဒိုက ျပန္ၿပီး အားသာသြားျပန္ေရာဗ်ာ”

” ျမန္ႏႈန္းကေတာ့ ကစားသမားႏွစ္ေယာက္လုံး အတူတူျဖစ္ၿပီး ဂိုးရလိုစိတ္လည္း

ျပင္းျပပုံခ်င္းတူညီတဲ့ ကစားသမားႏွစ္ဦးပါ။ ဒီႏွစ္ေယာက္ကို ႏႈိင္းယွဥ္ဖို႔ဆိုတာ

ကြၽန္ေတာ္ဘယ္တုန္းကမွ မေတြးမိခဲ့ဖူးပါဘူး။ သူတို႔ ႏွစ္ေယာက္ကို ႏႈိင္းယွဥ္ဖို႔

စိတ္မဝင္စားလို႔ ေတာင္းပန္ပါတယ္” ဆိုၿပီး သတင္းေထာက္ရဲ႕ အေမးကို

ကေလာ့ဗ္က အခုလို တုံ႔ျပန္ခဲ့တာပါ”

ကေလာ့ဗ္အေနနဲ႔ သတင္းစာရွင္းလင္းပြဲမွာ အခုလိုမ်ိဳးေျပာၾကားခဲ့ေပမယ့္

မၾကာေသးခင္းက အင္တာဗ်ဴးတစ္ခုမွာ ၎ရဲ႕ တပည့္ ဆာလာကသာလွ်င္

ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႈး ျဖစ္တယ္လို႔ ေရာ္နာလ္ဒိုကို တိုက္႐ိုက္

မရည္႐ြယ္ညဲ မထိတစ္ထိ ေျပာၾကားထားခဲ့ဖူးပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ ပြဲစဥ္ (၈) အထိ ၿပီးဆုံးခ်ိန္မွာေတာ့ လီဗာပူးလ္ တိုက္စစ္မႈး

ဆာလာက (၈) ပြဲကစား (၇) ဂိုး သြင္းထားၿပီး ဒီရာသီ ပရီးမီးယားလိဂ္ ဂိုးသြင္းအမ်ားဆုံး

စာရင္းမွာ လက္စတာ တိုက္စစ္မႈး ဗာဒီနဲ႔ အတူ ဦးေဆာင္ေနပါတယ္။

မန္ယူ တိုက္စစ္မႈး ေရာ္နာလ္ဒိုကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္မွာ (၅) ပြဲကစားၿပီး

(၃) ဂိုး သြင္းယူထားပါတယ္။