ဒုတိယပိုင်းမှ လူစားဝင်ကစားပေမယ့် ပထမပိုင်း အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်လာတဲ့ အိုဒီဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ကွင်းလယ်လူသစ် အိုဒီဂတ်ဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပေမယ့် ယူနိုက်တက်ပွဲအတွက် တစ်ပွဲလုံး အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အသက် ၂၂ နှစ်သားဟာ ယူနိုက်တက်နဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ပွဲဦးထွက်အဖြစ် လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ နော်ေ၀ TV2က ကြည့်ရှုသူတွေကတော့ အိုဒီဂတ်ရဲ့ခြေစွမ်းကို သဘောကျနေပြီး မဲပေးမှုစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ကွင်းလယ်လူဟောင်းဟာ တစ်ပွဲလုံးအကောင်းဆုံးကစားသမားဆုအတွက် ၂၆ % အထိရရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ၃၆ % အထိ ရရှိခဲ့တာဖြစ်ပါတယ်။ အိုဒီဂတ်အနေနဲ့ တစ်ပွဲလုံးသာဝင်ကစားမယ်ဆိုရင် မဲပေးမှုအခုထက်ပိုရနိုင်ချေရှိနေပါတယ်။

ပွဲကစားချိန် ၈၃ မိနစ်မှာမှ လူစားဝင်ခဲ့ပေမယ့် ၇၅မိနစ်မှာ အိုဒီဂတ်ဟာ ပရိသတ်တွေရဲ့မဲပေးမှု ၄၁ % အထိ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အိုဒီဂတ်ကတော့ အာဆင်နယ်ပရိသတ်တွေရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတစ်ချို့ပြသနိုင်ခဲ့ပါတယ်။

ဆာဒါအမည်ရတဲ့ အကောင့်ကတော့ တွစ်တာကနေ ရယ်စရာကောင်းတဲ့ မဲပေးမှုကို ရှဲလ်ခဲ့တာဖြစ်ပြီး နော်ဝေကြည့်ရှုသူတွေရဲ့မဲပေးမှုနဲ့ ဒုတိယပိုင်းရဲ့တစ်ပွဲလုံးအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တယ်လို့ တင်ခဲ့ပါတယ်။

အိုဒီဂတ်ဟာ လာမယ့်ကြားရက်မှာကစားမယ့်ဝုဗ်နဲ့ပွဲမှာလည်း ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒုတိယပိုင္းမွ လူစားဝင္ကစားေပမယ့္ ပထမပိုင္း အေကာင္းဆုံး ကစားသမားစာရင္းမွာ ပါဝင္လာတဲ့ အိုဒီဂတ္

အာဆင္နယ္ကြင္းလယ္လူသစ္ အိုဒီဂတ္ဟာ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့ေပမယ့္ ယူႏိုက္တက္ပြဲအတြက္ တစ္ပြဲလုံး အေကာင္းဆုံးကစားသမားစာရင္းမွာ ပါဝင္လာခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္သားဟာ ယူႏိုက္တက္နဲ႔ပြဲစဥ္ရဲ႕ဒုတိယပိုင္းမွာ ပြဲဦးထြက္အျဖစ္ လူစားဝင္ကစားခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ေနာ္ေ၀ TV2က ၾကည့္ရႈသူေတြကေတာ့ အိုဒီဂတ္ရဲ႕ေျခစြမ္းကို သေဘာက်ေနၿပီး မဲေပးမႈစာရင္းမွာ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္ကြင္းလယ္လူေဟာင္းဟာ တစ္ပြဲလုံးအေကာင္းဆုံးကစားသမားဆုအတြက္ ၂၆ % အထိရရွိခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္ကေတာ့ ၃၆ % အထိ ရရွိခဲ့တာျဖစ္ပါတယ္။ အိုဒီဂတ္အေနနဲ႔ တစ္ပြဲလုံးသာဝင္ကစားမယ္ဆိုရင္ မဲေပးမႈအခုထက္ပိုရႏိုင္ေခ်ရွိေနပါတယ္။ ပြဲကစားခ်ိန္ ၈၃ မိနစ္မွာမွ လူစားဝင္ခဲ့ေပမယ့္ ၇၅မိနစ္မွာ အိုဒီဂတ္ဟာ ပရိသတ္ေတြရဲ႕မဲေပးမႈ ၄၁ % အထိ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ အိုဒီဂတ္ကေတာ့ အာဆင္နယ္ပရိသတ္ေတြရဲ႕အာ႐ုံကိုဆြဲေဆာင္ႏိုင္ခဲ့ၿပီး စြမ္းေဆာင္ရည္ေကာင္းတစ္ခ်ိဳ႕ျပသႏိုင္ခဲ့ပါတယ္။ ဆာဒါအမည္ရတဲ့ အေကာင့္ကေတာ့ တြစ္တာကေန ရယ္စရာေကာင္းတဲ့ မဲေပးမႈကို ရွဲလ္ခဲ့တာျဖစ္ၿပီး ေနာ္ေဝၾကည့္ရႈသူေတြရဲ႕မဲေပးမႈနဲ႔ ဒုတိယပိုင္းရဲ႕တစ္ပြဲလုံးအေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့တယ္လို႔ တင္ခဲ့ပါတယ္။ အိုဒီဂတ္ဟာ လာမယ့္ၾကားရက္မွာကစားမယ့္ဝုဗ္နဲ႔ပြဲမွာလည္း ပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။