ဒုတိယဗန်ဒီဘစ်ခ် ဖြစ်နေပြီလား.. မာရှယ်

အန်တိုနီမာရှယ်ရဲ့ဇနီးသည်ကမန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ

လက်ရှိအချိန်မှာဒဏ်ရာရရှိထားခြင်းမရှိကြောင်းအတည်ပြုလာပါတယ်။
ယင်းသို့ပြောကြားလာမှုနဲ့အတူသရဲနီပရိသတ်များဟာမာရှယ်ကိုအိုးထရက်ဖို့ဒ်ရဲ့
ဒုတိယဗန်ဒီဘိခ်ဖြစ်လာမှာစိုးရိမ်နေကြပြီဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာယခုလအစောပိုင်းတုန်းကအဲဗာတန်နှင့်
တစ်ဂိုးစီသရေကျတဲ့ပွဲမှာမန်ယူအတွက်ဦးဆောင်ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်သူဟာယင်းပွဲနောက်ပိုင်းမှာမန်ယူအသင်းရဲ့လူစာရင်းမှာ

ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လည်းမာရှယ်ကိုဒဏ်ရာရရှိနေတယ်လို့

ရေးသားမှုရှိလာကြပါတယ်။ဒါပေမယ့်သူ့ရဲ့ဇနီးသည်မယ်လာနီက

ခင်ပွန်းသည်မှာဒဏ်ရာရရှိနေခြင်းမရှိကြောင်းအတည်ပြုလာပါတယ်။

သူမက “သူအားလုံးကောင်းမွန်ပါတယ်။သူဟာအစာဆိပ်သင့်မှုနှစ်ပတ်ဖြစ်ခဲ့ပါတယ်။

ပေါင်ခြံဒဏ်ရာမရခဲ့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

မာရှယ်ဟာအတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲ၊လီဗာပူးကို၅-၀ဂိုးဖြင့်
ရှုံးနိမ့်တဲ့ပွဲနှင့်မနေ့ညတုန်းကစပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွေမှာ

အရန်စာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။ မိုနာကိုကစားသမားဟောင်းဟာနွေရာသီတုန်းက
ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာပြီးနောက်မန်ယူတွင်နေရာရရှိရန်ရုန်းကန်
လာရသူဖြစ်ပါတယ်။ဒါကြောင့်မန်ယူပရိသတ်တို့ကမာရှယ်မှာမန်ယူရဲ့ဒုတိယမြောက်

ဗန်ဒီဘိခ်ဖြစ်နေပြီဖြစ်ပြီးသူ့ရဲ့အိုးထရက်ဖို့ဒ်ကာလတဖြည်းဖြည်းဆုံးခန်းတိုင်ဖို့

ရောက်လာပြီလို့ဆိုသွားပါတယ်။

Zawgyi

ဒုတိယဗန္ဒီဘစ္ခ္ ျဖစ္ေနၿပီလား.. မာရွယ္

အန္တိုနီမာရွယ္ရဲ႕ဇနီးသည္ကမန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာ
လက္ရွိအခ်ိန္မွာဒဏ္ရာရရွိထားျခင္းမရွိေၾကာင္းအတည္ျပဳလာပါတယ္။
ယင္းသို႔ေျပာၾကားလာမႈနဲ႔အတူသရဲနီပရိသတ္မ်ားဟာမာရွယ္ကိုအိုးထရက္ဖို႔ဒ္ရဲ႕
ဒုတိယဗန္ဒီဘိခ္ျဖစ္လာမွာစိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာယခုလအေစာပိုင္းတုန္းကအဲဗာတန္ႏွင့္
တစ္ဂိုးစီသေရက်တဲ့ပြဲမွာမန္ယူအတြက္ဦးေဆာင္ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။
ဒါေပမယ့္သူဟာယင္းပြဲေနာက္ပိုင္းမွာမန္ယူအသင္းရဲ႕လူစာရင္းမွာ

ပါဝင္လာခဲ့ျခင္းမရွိပါဘူး။ဒါေၾကာင့္လည္းမာရွယ္ကိုဒဏ္ရာရရွိေနတယ္လို႔

ေရးသားမႈရွိလာၾကပါတယ္။ဒါေပမယ့္သူ႔ရဲ႕ဇနီးသည္မယ္လာနီက

ခင္ပြန္းသည္မွာဒဏ္ရာရရွိေနျခင္းမရွိေၾကာင္းအတည္ျပဳလာပါတယ္။

သူမက “သူအားလုံးေကာင္းမြန္ပါတယ္။သူဟာအစာဆိပ္သင့္မႈႏွစ္ပတ္ျဖစ္ခဲ့ပါတယ္။

ေပါင္ၿခံဒဏ္ရာမရခဲ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

မာရွယ္ဟာအတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲ၊လီဗာပူးကို၅-၀ဂိုးျဖင့္

ရႈံးနိမ့္တဲ့ပြဲႏွင့္မေန႔ညတုန္းကစပါးစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲေတြမွာ
အရန္စာရင္းမွာေတာင္မပါဝင္ခဲ့ပါဘူး။ မိုနာကိုကစားသမားေဟာင္းဟာေႏြရာသီတုန္းက
ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာၿပီးေနာက္မန္ယူတြင္ေနရာရရွိရန္႐ုန္းကန္
လာရသူျဖစ္ပါတယ္။ဒါေၾကာင့္မန္ယူပရိသတ္တို႔ကမာရွယ္မွာမန္ယူရဲ႕ဒုတိယေျမာက္
ဗန္ဒီဘိခ္ျဖစ္ေနၿပီျဖစ္ၿပီးသူ႔ရဲ႕အိုးထရက္ဖို႔ဒ္ကာလတျဖည္းျဖည္းဆုံးခန္းတိုင္ဖို႔

ေရာက္လာၿပီလို႔ဆိုသြားပါတယ္။