ဒူဆန်ဗလာဟိုဗစ်ကို ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းလိုက်တဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကြီးမားတဲ့ခေါ်ယူမှု

အဖြစ် ဒူဆန်ဗလာဟိုဗစ်ကို ယူရိုသန်း၁၀၀ဖြင့်ခေါ်ယူရန်နီးစပ်နေကြောင်း

သိရပါတယ်။

အီတလီသတင်းဌာန Calciomercato ကနယူးကာဆယ်ဟာ ဖီအိုရင်တီးနား

အနေဖြင့်ငြင်းဆန်ရန်ခက်ခဲတဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့် ဒူဆန်ဗလာ

ဟိုဗစ်ကိုကမ်းလှမ်းမှုပြုလုပ်လာကြောင်းဖော်ပြသွားပါတယ်။

တကယ်လို့ ဗလာဟိုဗစ်ရဲ့အပြောင်းအရွှေ့သာဖြစ်လာမယ်ဆိုရင်ပရီးမီးယားလိဂ်

သမိုင်းတွင်စတုတ္ထဈေးအမြင့်မားဆုံးအပြောင်းအရွှေ့ဖြစ်လာပါမယ်။

ဒါပေမဲ့လက်ရှိအချိန်တွင်နယူးကာဆယ်ဟာကစားသမားဘက်ကဆုံးဖြတ်ချက်

ကိုစောင့်ဆိုင်းနေရပါတယ်။

ဗလာဟိုဗစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကစီးရီးအေပွဲ၃၇ပွဲတွင်၂၁ဂိုးသွင်းယူနိုင်ခဲ့သူ

ဖြစ်ပါတယ်။သူဟာယခုရာသီမှာလည်းစီးရီးအေ၁၇ပွဲတွင်၁၅ဂိုးသွင်းထားတဲ့

အပြင်ကိုပါအီတာလီယာပြိုင်ပွဲမှာလည်း၂ဂိုးသွင်းယူထားနိုင်ပါသေးတယ်။

သူဟာ၁၉၆၁ခုနှစ်နောက်ပိုင်းတွင်တစ်နှစ်အတွင်းတွင်စီးရီးအေဂိုး၃၀နှင့်အထက်

သွင်းယူထားနိုင်တဲ့ တတိယမြောက်ကစားသမား(လူကာတိုနီနှင့်ခရစ္စတီယာနို

ရော်နယ်ဒိုတို့ပြီးလျှင်)အဖြစ်မှတ်တမ်းတင်ထားပါတယ်။

တကယ်တော့ဗလာဟိုဗစ်ကိုခေါ်ယူလိုနေတာနယူးကာဆယ်တစ်သင်းတည်း

မဟုတ်ပါဘူး။သူ့ကိုဂျူဗင်တပ်၊စပါးစ်၊အာဆင်နယ်၊ဘိုင်ယန်မြူးနစ်၊

ယူနိုက်တက်တို့ကလည်းစိတ်ဝင်းစားနေပါတယ်။

Zawgyi

ဒူဆန္ဗလာဟိုဗစ္ကို ယူ႐ိုသန္း ၁၀၀ နဲ႔ ကမ္းလွမ္းလိုက္တဲ့ နယူးကာဆယ္

နယူးကာဆယ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာႀကီးမားတဲ့ေခၚယူမႈ

အျဖစ္ ဒူဆန္ဗလာဟိုဗစ္ကို ယူ႐ိုသန္း၁၀၀ျဖင့္ေခၚယူရန္နီးစပ္ေနေၾကာင္း

သိရပါတယ္။

အီတလီသတင္းဌာန Calciomercato ကနယူးကာဆယ္ဟာ ဖီအိုရင္တီးနား

အေနျဖင့္ျငင္းဆန္ရန္ခက္ခဲတဲ့ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ဒူဆန္ဗလာ

ဟိုဗစ္ကိုကမ္းလွမ္းမႈျပဳလုပ္လာေၾကာင္းေဖာ္ျပသြားပါတယ္။

တကယ္လို႔ ဗလာဟိုဗစ္ရဲ႕အေျပာင္းအေ႐ႊ႕သာျဖစ္လာမယ္ဆိုရင္ပရီးမီးယားလိဂ္

သမိုင္းတြင္စတုတၳေဈးအျမင့္မားဆုံးအေျပာင္းအေ႐ႊ႕ျဖစ္လာပါမယ္။

ဒါေပမဲ့လက္ရွိအခ်ိန္တြင္နယူးကာဆယ္ဟာကစားသမားဘက္ကဆုံးျဖတ္ခ်က္

ကိုေစာင့္ဆိုင္းေနရပါတယ္။

ဗလာဟိုဗစ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကစီးရီးေအပြဲ၃၇ပြဲတြင္၂၁ဂိုးသြင္းယူႏိုင္ခဲ့သူ

ျဖစ္ပါတယ္။သူဟာယခုရာသီမွာလည္းစီးရီးေအ၁၇ပြဲတြင္၁၅ဂိုးသြင္းထားတဲ့

အျပင္ကိုပါအီတာလီယာၿပိဳင္ပြဲမွာလည္း၂ဂိုးသြင္းယူထားႏိုင္ပါေသးတယ္။

သူဟာ၁၉၆၁ခုႏွစ္ေနာက္ပိုင္းတြင္တစ္ႏွစ္အတြင္းတြင္စီးရီးေအဂိုး၃၀ႏွင့္အထက္

သြင္းယူထားႏိုင္တဲ့ တတိယေျမာက္ကစားသမား(လူကာတိုနီႏွင့္ခရစၥတီယာႏို

ေရာ္နယ္ဒိုတို႔ၿပီးလွ်င္)အျဖစ္မွတ္တမ္းတင္ထားပါတယ္။

တကယ္ေတာ့ဗလာဟိုဗစ္ကိုေခၚယူလိုေနတာနယူးကာဆယ္တစ္သင္းတည္း

မဟုတ္ပါဘူး။သူ႔ကိုဂ်ဴဗင္တပ္၊စပါးစ္၊အာဆင္နယ္၊ဘိုင္ယန္ျမဴးနစ္၊

ယူႏိုက္တက္တို႔ကလည္းစိတ္ဝင္းစားေနပါတယ္။