ဒူဘိုင်းမြေရောက် အခွင့်ထူးခံ ကစားသမား စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော် ကစားသမား စီရော်နယ်ဒိုဟာ ဒူဘိုင်းမှာတော်ဝင် အသိုင်းအဝိုင်းကြီးတွေကို ဝင်ဆန့်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် တစ်ဖက်မှာတော့ အခွင့်ထူးရတဲ့ အနေအထားမျိုးတွေရှိတာကြောင့် ဝေဖန်ဒဏ်တွေကိုတော့ ခံရပါတယ်။

ဘယ်နိုင်ငံမှာမဆို ရေပေါ်ဆီ၊ အခွင့်ထူးခံ၊ အထက်တန်းလွှာ အဲဒါတွေက ရှိကြပါတယ်။ အီတလီမှာ စီးရီးအေပွဲတွေရပ်တန့်ထားတဲ့ကာလဖြစ်တာကြောင့် ခရစ်စမတ်မတိုင်ခင် ရော်နယ်ဒိုတို့မိသားစုဟာ ဒူဘိုင်းကိုရောက်ရှိနေခဲ့ပါတယ်။

ခရစ်စမတ်ကာလအားလပ်ရပ်ကို မိသားစုဝင်တွေအားလုံးနဲ့အတူ ဒူဘိုင်းမှာဖြတ်သန်းမယ့် ရော်နယ်ဒိုရဲ့ အစီအစဉ်က အပျော်သက်သက်ချည်းပဲတော့မဟုတ်ပါဘူး။

ဒူဘိုင်းကိုရောက်ရှိနေတဲ့ ကာလအတွင်းမှာ ရော်နယ်ဒိုဟာ Globe Award ဆုကို လက်ခံရယူသွားဖို့လည်းရှိနိုင်သလို၊ လာမယ့်တနင်္ဂနွေနေ့မှာပြုလုပ်မယ့် ဒူဘိုင်းနိုင်ငံတကာ အားကစားကွန်းဖရန့်ကိုတက်ရောက်ပြီး စကားပြောကြားပေးဖို့အလုပ်ကိစ္စလည်း ပါဝင်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ရောဘတ် လီဝမ်ဒေါစကီး၊ ပေါ်တိုကနေမကြာသေးမီကအနားယူသွားခဲ့တဲ့ ရီရဲဂိုးသမားဟောင်း ကာဆီးလက်စ်တို့ဟာလည်း ရော်နယ်ဒိုနဲ့အတူ တက်ရောက်ကြမှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒူဘိုင်းစော်ဘွားတွေပေါင်းပြီး ချီးမြင့်တဲ့ (Globe Soccer Awards) ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားဆုနှစ်ဆုလုံးအတွက် ပရိသတ်တွေရဲ့မဲပေးမှုစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေခဲ့တာကြောင့် ဒီဆုနှစ်ဆုလုံးကို ရရှိဖို့များနေခဲ့သူလည်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလအတွင်း ဒူဘိုင်းကို ရော်နယ်ဒိုက သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့သွားရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီမှာတင် မီဒီယာတွေက စီရော်နယ်ဒိုရဲ့ ဒူဘိုင်းမြေမှာ အခွင့်ထူးခံ ဇာတ်လမ်းဖော်ထုတ်ခံခဲ့ရတာပါပဲ။ ပုံမှန်အားဖြင့် ဒူဘိုင်းနိုင်ငံဟာ ပြည်ဝင်လာသူတွေကို ဆေးစစ်မှုတွေပြုလုပ်ပြီး ဗိုင်းရပ်စ်ကင်းစင်ကြောင်း သေချာမှသာ နိုင်ငံတွင်းနေထိုင်ခွင့်ပြုနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဒူဘိုင်း အာဏာပိုင်တွေကတော့ ရော်နယ်ဒိုရောက်ရှိလာခဲ့တဲ့အခါမှာ ဆေးစစ်မှုပြုလုပ်ခဲ့ခြင်းမရှိစေသလို ကွာရန်တင်းဝင်စေခြင်းလည်းမရှိဘဲ နိုင်ငံတွင်းနေထိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ဒါဟာ ဒူဘိုင်းအိမ်ရှေ့စံမင်းသားနဲ့ ဆက်စပ်တဲ့ခင်မင်မှုကြောင့် အခွင့်ထူးခံရရှိခဲ့တယ်ဆိုတဲ့ အကြောင်းကလည်း သတင်းဖြစ်လာခဲ့ပါတယ်။

လေ့ကျင့်ရေးခန်းမထဲမှာ ဒူဘိုင်းရဲ့အိမ်ရှေ့စံမင်းသားနဲ့ အတူ အပြေးလေ့ကျင့်နေတဲ့ပုံကို ရော်နယ်ဒိုက သူ့ရဲ့ဖေ့ဘုတ်နဲ့အင်စတာဂရမ်တို့မှာ “အစ်ကိုနဲ့တွေ့ဆုံရတာဟာအမြဲတမ်းပျော်ရွှင်ရပါတယ်” လို့ရေးတင်ခဲ့ပါတယ်။

ဒူဘိုင်းအိမ်ရှေ့စံမင်းသားကလည်း သူ့ရဲ့အင်စတာဂရမ်မှာ ရော်နယ်ဒိုနဲ့အပြေးလေ့ကျင့်နေတဲ့ရုပ်သံဖိုင်ကိုတင်ပြီး “အကောင်းဆုံးကစားသမားနဲ့အတူ” လို့စာရေးသားခဲ့ပါတယ်။

ဒူဘိုင်းအိမ်ရှေ့မင်းသား ရှိတ်ဟမ်ဒန်ဟာ အခုလိုမျိုးပဲ သူ့ရဲ့ကိုယ်ပိုင် gymကို နာမည်ကြီးကစားသမားတွေကို ဖိတ်ခေါ်လေ့ရှိပြီး သူတို့နဲ့ ပူးတွဲလေ့ကျင့်ပြီးတော့ အင်စတာဂရမ်မှာတင်လေ့ရှိသူဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ပုံမှန်လာရောက်လေ့ရှိသူဖြစ်ပါတယ်။

တင်းနစ်လောကရဲ့အကျော်အမော် ဂျူကိုဗစ်၊ UFC အကျော်အမော် ခါဘစ်တို့အပြင်တခြား နာမည်ကြီးတော်တော်များများဟာ ဒူဘိုင်းမင်းသားရဲ့ gym မှာကစားခဲ့ကြဖူးပြီး ရော်နယ်ဒိုကတော့ နှစ်နှစ်ဆက်တိုက် ခရစ်စမတ်ကာလမှာ မင်းသားနဲ့အတူတူရှိနေခဲ့တာဖြစ်ပါတယ်။

ဒီလိုတော်ဝင်အသိုင်းအဝိုင်းကိုဝင်ဆန့်နိုင်တဲ့ ရော်နယ်ဒိုကို တစ်ဖက်မှာတော့ ကိုဗစ်စည်းကမ်းတွေနဲ့ ပတ်သက်ပြီး အခွင့်ထူးရတဲ့ အပေါ် မကျေနပ်သူတွေကတော့ ဒုနဲ့ဒေးပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒူဘိုင္း​ေျမ​ေရာက္ အခြင့္ထူးခံ ကစားသမား စီ​ေရာ္နယ္ဒို

နာမည္​ေက်ာ္ ကစားသမား စီ​ေရာ္နယ္ဒိုဟာ ဒူဘိုင္းမွာေတာ္ဝင္ အသိုင္းအ၀ိုင္းႀကီး​ေတြကို ၀င္ဆန္႔တဲ့သူတစ္​ေယာက္ပါ။ ဒါ​ေပမယ့္ တစ္ဖက္မွာ​ေတာ့ အခြင့္ထူးရတဲ့ အ​ေနအထားမ်ိဳး​ေတြရွိတာ​ေၾကာင့္ ​ေ၀ဖန္ဒဏ္​ေတြကို​ေတာ့ ခံရပါတယ္။ ဘယ္ႏိုင္ငံမွာမဆို ​ေရ​ေပၚဆီ၊ အခြင့္ထူးခံ၊ အထက္တန္းလႊာ အဲဒါ​ေတြက ရွိၾကပါတယ္။ အီတလီမွာ စီးရီးေအပြဲေတြရပ္တန္႕ထားတဲ့ကာလျဖစ္တာေၾကာင့္ ခရစ္စမတ္မတိုင္ခင္ ေရာ္နယ္ဒိုတို႕မိသားစုဟာ ဒူဘိုင္းကိုေရာက္ရွိေနခဲ့ပါတယ္။ ခရစ္စမတ္ကာလအားလပ္ရပ္ကို မိသားစုဝင္ေတြအားလုံးနဲ႔အတူ ဒူဘိုင္းမွာျဖတ္သန္းမယ့္ ​ေရာ္နယ္ဒိုရဲ႕ အစီအစဥ္က အေပ်ာ္သက္သက္ခ်ည္းပဲေတာ့မဟုတ္ပါဘူး။

ဒူဘိုင္းကိုေရာက္ရွိေနတဲ့ ကာလအတြင္းမွာ ေရာ္နယ္ဒိုဟာ Globe Award ဆုကို လက္ခံရယူသြားဖို႔လည္းရွိႏိုင္သလို၊ လာမယ့္တနဂၤေႏြေန႔မွာျပဳလုပ္မယ့္ ဒူဘိုင္းႏိုင္ငံတကာ အားကစားကြန္းဖရန႔္ကိုတက္ေရာက္ၿပီး စကားေျပာၾကားေပးဖို႔အလုပ္ကိစၥလည္း ပါဝင္ပါတယ္။ ဒီပြဲမွာ ဘိုင္ယန္ျမဴးနစ္က ေရာဘတ္ လီဝမ္ေဒါစကီး၊ ေပၚတိုကေနမၾကာေသးမီကအနားယူသြားခဲ့တဲ့ ရီရဲဂိုးသမားေဟာင္း ကာဆီးလက္စ္တို႔ဟာလည္း ​ေရာ္နယ္ဒိုနဲ႔အတူ တက္ေရာက္ၾကမွာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဒူဘိုင္းေစာ္ဘြားေတြေပါင္းၿပီး ခ်ီးျမင့္တဲ့ (Globe Soccer Awards) ဆုေပးပြဲမွာ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုနဲ႔ ရာစုႏွစ္ရဲ႕အေကာင္းဆုံးကစားသမားဆုႏွစ္ဆုလုံးအတြက္ ပရိသတ္ေတြရဲ႕မဲေပးမႈစာရင္းမွာ ထိပ္ဆုံးက ဦးေဆာင္ေနခဲ့တာေၾကာင့္ ဒီဆုႏွစ္ဆုလုံးကို ရရွိဖို႔မ်ားေနခဲ့သူလည္းျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနစဥ္ကာလအတြင္း ဒူဘိုင္းကို ေရာ္နယ္ဒိုက သူ႕ရဲ႕ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔သြားေရာက္ခဲ့တာျဖစ္ပါတယ္။

အဲဒီမွာတင္ မီဒီယာေတြက စီ​ေရာ္နယ္ဒိုရဲ႕ ဒူဘိုင္းေျမမွာ အခြင့္ထူးခံ ဇာတ္လမ္း​ေဖာ္ထုတ္ခံခဲ့ရတာပါပဲ။ ပုံမွန္အားျဖင့္ ဒူဘိုင္းႏိုင္ငံဟာ ျပည္ဝင္လာသူေတြကို ေဆးစစ္မႈေတြျပဳလုပ္ၿပီး ဗိုင္းရပ္္စ္ကင္းစင္ေၾကာင္း ေသခ်ာမွသာ ႏိုင္ငံတြင္းေနထိုင္ခြင့္ျပဳေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒူဘိုင္း အာဏာပိုင္ေတြကေတာ့ ေရာ္နယ္ဒိုေရာက္ရွိလာခဲ့တဲ့အခါမွာ ေဆးစစ္မႈျပဳလုပ္ခဲ့ျခင္းမရွိေစသလို ကြာရန္တင္းဝင္ေစျခင္းလည္းမရွိဘဲ ႏိုင္ငံတြင္းေနထိုင္ဖို႔ ခြင့္ျပဳခဲ့ပါတယ္။ ဒါဟာ ဒူဘိုင္းအိမ္​ေရွ႕စံမင္းသားနဲ႔ ဆက္စပ္တဲ့ခင္မင္မႈေၾကာင့္ အခြင့္ထူးခံရရွိခဲ့တယ္ဆိုတဲ့ အ​ေၾကာင္းကလည္း သတင္းျဖစ္လာခဲ့ပါတယ္။ ေလ့က်င့္ေရးခန္းမထဲမွာ ဒူဘိုင္းရဲ႕အိမ္ေရွ႕စံမင္းသားနဲ႔ အတူ အေျပးေလ့က်င့္ေနတဲ့ပုံကို ​ေရာ္နယ္ဒိုက သူ႔ရဲ႕ေဖ့ဘုတ္နဲ႔အင္စတာဂရမ္တို႔မွာ “အစ္ကိုနဲ႔ေတြ႕ဆုံရတာဟာအၿမဲတမ္းေပ်ာ္႐ႊင္ရပါတယ္” လို႔ေရးတင္ခဲ့ပါတယ္။ ဒူဘိုင္းအိမ္ေရွ႕စံမင္းသားကလည္း သူ႔ရဲ႕အင္စတာဂရမ္မွာ ​ေရာ္နယ္ဒိုနဲ႔အေျပးေလ့က်င့္ေနတဲ့႐ုပ္သံဖိုင္ကိုတင္ၿပီး “အေကာင္းဆုံးကစားသမားနဲ႔အတူ” လို႔စာေရးသားခဲ့ပါတယ္။

ဒူဘိုင္းအိမ္ေရွ႕မင္းသား ရွိတ္ဟမ္ဒန္ဟာ အခုလိုမ်ိဳးပဲ သူ႔ရဲ႕ကိုယ္ပိုင္ gymကို နာမည္ႀကီးကစားသမားေတြကို ဖိတ္ေခၚေလ့ရွိၿပီး သူတို႕နဲ႕ ပူးတြဲေလ့က်င့္ၿပီး​ေတာ့ အင္စတာဂရမ္မွာတင္ေလ့ရွိသူျဖစ္ပါတယ္။ ​ေရာ္နယ္ဒိုကေတာ့ ပုံမွန္လာေရာက္ေလ့ရွိသူျဖစ္ပါတယ္။ တင္းနစ္ေလာကရဲ႕အေက်ာ္အေမာ္ ဂ်ဴကိုဗစ္၊ UFC အေက်ာ္အေမာ္ ခါဘစ္တို႔အျပင္တျခား နာမည္ႀကီးေတာ္ေတာ္မ်ားမ်ားဟာ ဒူဘိုင္းမင္းသားရဲ႕ gym မွာကစားခဲ့ၾကဖူးၿပီး ​ေရာ္နယ္ဒိုကေတာ့ ႏွစ္ႏွစ္ဆက္တိုက္ ခရစ္စမတ္ကာလမွာ မင္းသားနဲ႔အတူတူရွိေနခဲ့တာျဖစ္ပါတယ္။ ဒီလိုေတာ္ဝင္အသိုင္းအဝိုင္းကိုဝင္ဆန္႕ႏိုင္တဲ့ ​ေရာ္နယ္ဒိုကို တစ္ဖက္မွာ​ေတာ့ ကိုဗစ္စည္းကမ္း​ေတြနဲ႔ ပတ္သက္ၿပီး အခြင့္ထူးရတဲ့ အ​ေပၚ မ​ေက်နပ္သူ​ေတြက​ေတာ့ ဒုနဲ႔​ေဒးပါပဲ။