ဒူးဒဏ်ရာကြောင့် ဟန်ဂေရီနဲ့ အုပ်စုနောက်ဆုံးပွဲကို မူလာ လွဲချော်

ဂျာမနီအသင်းကွင်းလယ်တိုက်စစ်သမား သောမတ်စ်မူလာဟာ ဟန်ဂေရီနဲ့ကစားရမယ့်အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်သလို ၁၆သင်းအဆင့်မှာလည်း ပါဝင်ဖို့ မသေမချာဖြစ်နေပါတယ်။
အသက် ၃၁နှစ်အရွယ်ရှိ ဘိုင်ယန်အသင်းသား မူလာဟာ ပေါ်တူဂီကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နာကျင်အချိန်ပိုအရောက် ဒူးဒဏ်ရာရသွားခဲ့တာလို့ သတင်းတွေက ရေးသားဖော်ပြနေပါတယ်။

သူ့ရဲ့ဒဏ်ရာအတိမ်အနက်ကို အတိအကျမသိရသေးပေမယ့် မူလာအနေနဲ့ ဗုဒ္ဓဟူးနေ့မှာကစားရမယ့် အုပ်စုအဆုံးအဖြတ်ပွဲကို လွဲချော်ရဖို့ သေချာနေတယ်လို့ သိရပါတယ်။
SPORT1 သတင်းဌာနရဲ့ဖော်ပြချက်အရ မူလာဟာ ပေါ်တူဂီနဲ့ပွဲမှာ နောက်ဆုံးမိနစ်ပိုင်းမှာ အဆိုပါဒဏ်ရာရခဲံတာဖြစ်တယ်လို့ သိရပါတယ်။


အဲဒီရလဒ်ကြောင့် မရဏအုပ်စုက ၄သင်းစလုံးအတွက် မျှော်လင့်ချက်ရှိလာပြီး ဂျာမနီနဲ့ပေါ်တူဂီတို့က အုပ်စုပထမနေရာက ပြင်သစ်ထက် ၁မှတ်လျော့နည်းနေပါတယ်။

နည်းပြဂျိုအာချင်လိုအနေနဲ့ တကယ်လို့ မူလာမပါနိုင်ဘူးဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ယခုကတည်းက စဉ်းစားရတော့မှာဖြစ်ပါတယ်။


မူလာဟာ အုပ်စုနောက်ဆုံးပွဲအပြင် အင်္ဂလန်နဲ့ ရင်ဆိုင်ရနိုင်တဲ့ ၁၆သင်းအဆင့်ပွဲကိုလည်း ဆက်လက်လွဲချော်နိုင်တယ်လို့ အဲဒီသတင်းဌာနက ရေးသားဖော်ပြပါတယ်။
ဟမ်းမဲလ်၊ ဂန်ဒိုဂန်နဲ့ကလိုစတာမန်းတို့ကလည်း ယနေ့ပြုလုပ်တဲ့ ထရိန်နင်မှာ မပါဝင်နိုင်ခဲ့လို့ ဟန်ဂေရီနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေပါတယ်။


ဟမ်းမဲလ်ဟာ ဒူးဒဏ်ရာခံစားနေရတာဖြစ်ပြီး ကွင်းလယ်လူ ဂန်ဒိုဂန်က ခြေသလုံးကြွက်သားဒဏ်ရာနဲ့ ကလိုစတာမန်းက ကြွက်သားဒဏ်ရာ အသီးသီးရနေတာပါ။

Zawgyi
ဒူးဒဏ္ရာေၾကာင့္ ဟန္ေဂရီနဲ႔ အုပ္စုေနာက္ဆုံးပြဲကို မူလာ လြဲေခ်ာ္
ဂ်ာမနီအသင္းကြင္းလယ္တိုက္စစ္သမား ေသာမတ္စ္မူလာဟာ ဟန္ေဂရီနဲ႔ကစားရမယ့္အုပ္စုေနာက္ဆုံးပြဲစဥ္ကို လြဲေခ်ာ္ရေတာ့မွာျဖစ္သလို ၁၆သင္းအဆင့္မွာလည္း ပါ၀င္ဖို႔ မေသမခ်ာျဖစ္ေနပါတယ္။
အသက္ ၃၁ႏွစ္အရြယ္ရွိ ဘိုင္ယန္အသင္းသား မူလာဟာ ေပၚတူဂီကို ၄-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ နာက်င္အခ်ိန္ပိုအေရာက္ ဒူးဒဏ္ရာရသြားခဲ့တာလို႔ သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။

သူ႕ရဲ႕ဒဏ္ရာအတိမ္အနက္ကို အတိအက်မသိရေသးေပမယ့္ မူလာအေနနဲ႔ ဗုဒၶဟူးေန႔မွာကစားရမယ့္ အုပ္စုအဆုံးအျဖတ္ပြဲကို လြဲေခ်ာ္ရဖို႔ ေသခ်ာေနတယ္လို႔ သိရပါတယ္။
SPORT1 သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ မူလာဟာ ေပၚတူဂီနဲ႔ပြဲမွာ ေနာက္ဆုံးမိနစ္ပိုင္းမွာ အဆိုပါဒဏ္ရာရခဲံတာျဖစ္တယ္လို႔ သိရပါတယ္။
အဲဒီရလဒ္ေၾကာင့္ မရဏအုပ္စုက ၄သင္းစလုံးအတြက္ ေမွ်ာ္လင့္ခ်က္ရွိလာၿပီး ဂ်ာမနီနဲ႔ေပၚတူဂီတို႔က အုပ္စုပထမေနရာက ျပင္သစ္ထက္ ၁မွတ္ေလ်ာ့နည္းေနပါတယ္။
နည္းျပဂ်ိဳအာခ်င္လိုအေနနဲ႔ တကယ္လို႔ မူလာမပါႏိုင္ဘူးဆိုရင္ သူ႕ေနရာမွာ အစားထိုးဖို႔ ယခုကတည္းက စဥ္းစားရေတာ့မွာျဖစ္ပါတယ္။
မူလာဟာ အုပ္စုေနာက္ဆုံးပြဲအျပင္ အဂၤလန္နဲ႔ ရင္ဆိုင္ရႏိုင္တဲ့ ၁၆သင္းအဆင့္ပြဲကိုလည္း ဆက္လက္လြဲေခ်ာ္ႏိုင္တယ္လို႔ အဲဒီသတင္းဌာနက ေရးသားေဖာ္ျပပါတယ္။

ဟမ္းမဲလ္၊ ဂန္ဒိုဂန္နဲ႔ကလိုစတာမန္းတို႔ကလည္း ယေန႔ျပဳလုပ္တဲ့ ထရိန္နင္မွာ မပါ၀င္ႏိုင္ခဲ့လို႔ ဟန္ေဂရီနဲ႔ပြဲမွာ ပါ၀င္ႏိုင္ဖို႔ မေသမခ်ာျဖစ္ေနပါတယ္။
ဟမ္းမဲလ္ဟာ ဒူးဒဏ္ရာခံစားေနရတာျဖစ္ၿပီး ကြင္းလယ္လူ ဂန္ဒိုဂန္က ေျခသလုံးႂကြက္သားဒဏ္ရာနဲ႔ ကလိုစတာမန္းက ႂကြက္သားဒဏ္ရာ အသီးသီးရေနတာပါ။